0 Shares 283 Views

Oppo R9 series စမတ်ဖုန်းတွေ အလုံးရေ သန်း(၂၀) ရောင်းချခဲ့ရ

Jan 25, 2017
0 283

R9 series စမတ်ဖုန်းတွေရဲ့ ရောင်းအားဟာ အလုံးရေ သန်း(၂၀) ပြည့်မြောက်ခဲ့ပြီး အကျိုးအမြတ်များ ရရှိခဲ့ကြောင်း တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Oppo က ကြေညာလိုက်ပါတယ်။

Oppo ရဲ့ R9 series စမတ်ဖုန်းတွေထဲမှာ R9, R9 Plus, R9s နဲ့ R9s Plus တို့ ပါဝင်ပြီး R9 နဲ့ R9 Plus ကို ၂၀၁၆ ပထမ သုံးလပတ်မှာ ဖြန့်ချိ ခဲ့ ကာ R9s နဲ့ R9s Plus ကိုတော့ စတုတ္ထသုံးလပတ်မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

Oppo ရဲ့ R9 series စမတ်ဖုန်းတွေဟာ ကင်မရာအသားပေးစမတ်ဖုန်းတွေဖြစ်ပြီး Oppo R9 နဲ့ R9 Plus မှာ f/2.0 aperture နဲ့ 16MP ရှိတဲ့ selfie ကင်မရာကိုသုံးထားပါတယ်။ R9s နဲ့ R9s Plus ကတော့ advanced version တွေဖြစ်တာနဲ့အညီ Sony IMX398 sensor ပါဝင်တဲ့ 16MP dual-pixel camera ကိုရှေ့ရော နောက်မှာပါ အသုံးပြုထားပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၆) ဒီဇင်ဘာလအတွင်းမှာ Oppo က specs တွေ ဆင်တူတဲ့ အနီရောင် R9s ကိုတရားဝင် ဖြန့်ချိခဲ့ပြီး တရုတ်ပြည်မှာပဲ ရောင်းချခဲ့ပါတယ်။ ဒီ အနီရောင် Model ဟာ တရုတ်ပြည်တွင်းအတွက် သီးသန့် အလုံးရေ အကန့်အသတ်နဲ့ ထုတ်လုပ်တာလို့လည်းသိရပါတယ်။

Ref: theandroidsoul

You may be interested

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Google, HUBS, NEWS
0 shares0 views

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google

Ko Thuya - Nov 16, 2018

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း လာမယ့်နှစ်မှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Facebook, HUBS, Mobiles & Tablets
163 shares57 views

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ

Ko Thuya - Nov 16, 2018

Facebook က မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပေးလိုက်ပါတယ်။ အရင်ကတော့ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်ရင် သင့်ဘက်ခြမ်းမှာသာ ပျက်သွားတာ ဖြစ်ပြီး လက်ခံရရှိသူရဲ့ ဘက်ခြမ်းမှာ ကျန်နေပါတယ်။ အခုတော့…

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Android, HUBS, Mobiles & Tablets
120 shares14 views

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ

Ko Thuya - Nov 16, 2018

ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှ User များ ရရှိနေပါပြီ။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့…

Most from this category