2 Shares 13037 Views

ကျပ် သိန်း ၁၀၀ ကျော်တန် Vertu Constellation စမတ်ဖုန်း

Jan 25, 2017
2 13037

တန်ဖိုးကြီး စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချနေတဲ့ Vertu က Constellation စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဖြစ်ပြီး Dual SIM Slot တပ်ဆင်ထားပါတယ်။ Vertu Constellation မှာ ၅.၅ လက်မ QHD AMOLED Display , 12MP Main Camera, Qualcomm Snapdragon 820 Chipset , 4GB RAM, 128GB Storage , SD Card Slot တို့ တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာက 4K Video များကို ရိုက်ကူးနိုင်ပါတယ်။

စမတ်ဖုန်းမှာ NFC , USB Type-C Port , 3220mAh Battery များ ပါရှိပြီး ကြိုးမဲ့ အားသွင်းစနစ်ပါပါတယ်။ Android 6.0.1 Marshmallow မောင်းနှင်မှာ ဖြစ်ပါတယ်။ ခြစ်ရာများကို ခံနိုင်ပြီး အလွန်မာကျောတဲ့ Sapphire Crystal ဖြင့် မျက်နှာပြင်ကို ကာကွယ်ထားပါတယ်။ အရှေ့ဘက်မှ စပီကာများမှာ Dolby Virtual Surround Sound ကို ပံ့ပိုးပေးပါတယ်။ အင်္ဂလန်မှာ စက်နဲ့ မဟုတ်ဘဲ လက်ဖြင့် အသေးစိတ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အလူမီနီယမ် ကိုယ်ထည်ပေါ်မှာ သားရေကို ဖုံးအုပ်ထားတာကြောင့် လှပခန့်ညားပါတယ်။ ဖေဖော်ဝါရီလလယ်မှာ စတင် ရောင်းချပေးမှာ ဖြစ်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ရဲ့ ဈေးနှုန်းမှာ မြန်မာကျပ်ငွေ သိန်း ၁၀၀ ကျော် တန်ပါတယ်။

ref : gsm arena

You may be interested

ကင်မရာစမ်းသပ်မှုမှာ iPhone 8 ထက်သာသွားတဲ့ Huawei Mate 10
Apple, Camera, Huawei
623 shares71 views

ကင်မရာစမ်းသပ်မှုမှာ iPhone 8 ထက်သာသွားတဲ့ Huawei Mate 10

Ko Thuya - Oct 20, 2017

ကင်မရာများရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်တဲ့ DxOMark ရဲ့ စမ်းသပ်မှုမှာ Google Pixel 2 ဟာ iPhone 8 နဲ့ အခြား ကင်မရာအကောင်းဆုံး ဖုန်းများကို ကျော်ဖြတ်ပြီး ရမှတ် ၉၈ မှတ်ဖြင့် သရဖူဆောင်းထားပါတယ်။ Huawei Mate…

Laptop ကို အားသွင်းပေးမယ့် Power Bank
Gadgets, NEWS, Storage Devices
243 shares56 views

Laptop ကို အားသွင်းပေးမယ့် Power Bank

Ko Thuya - Oct 20, 2017

စမတ်ဖုန်းများကို အားသွင်းပေးတဲ့ Power Bank များစွာ ပေါ်ထွက်နေပေမယ့် လက်တော့များကို အားသွင်းပေးတဲ့ Power Bank များကတော့ ရှားပါးနေပါသေးတယ်။ အခုတော့ လက်တော့ကို အားသွင်းပေးမယ့် Saber အမည်ရ Power Bank တစ်ခု ပေါ်ထွက်လာပါတယ်။ သူဟာ ၂.၂…

မြန်မာငွေ ၆၅ သိန်းတန် စိန်နဲ့ ရွှေများဖြင့် အလှဆင်ထားတဲ့ iPhone X
Apple, HUBS, Mobiles & Tablets
323 shares35 views

မြန်မာငွေ ၆၅ သိန်းတန် စိန်နဲ့ ရွှေများဖြင့် အလှဆင်ထားတဲ့ iPhone X

Ko Thuya - Oct 20, 2017

Apple က နိုဝင်ဘာလ ၃ ရက်နေ့မှာ ရောင်းချမယ့် iPhone X ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်ဟာ ဒေါ်လာ ၁၀၀၀ ရှိတဲ့အတွက် ဈေးကြီးတယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် ဒီထက်ဈေးကြီးတဲ့ iPhone X Model များထွက်ပေါ်လာပါပြီ။ အဲဒီ iPhone…

Most from this category