0 Shares 981 Views

Samsung Galaxy Note 7 ဘက်ထရီများ အပူလွန်ကဲ မီးလောင်ရတဲ့ အကြောင်းအရင်း

Jan 25, 2017
0 981

Samsung က Galaxy Note 7 စမတ်ဖုန်းများရဲ့ ဘက်ထရီများ အပူလွန်ကဲ မီးလောင်မှုကြောင့် ၂ ကြိမ် တိုင် သိမ်းယူခဲ့ရပါတယ်။ Samsung က အဲဒီကိစ္စကြောင့် ဒေါ်လာ ၅ ဘီလီယမ်ကျော်လောက် ဆုံးရှုံးခဲ့ရပါတယ်။ အခုတော့ ၄ လကြာ စုံစမ်းစစ်ဆေးမှုများအပြီးမှာ Samsung ရဲ့ မိုဘိုင်းဌာန အကြီးအကဲ ဖြစ်သူ DJ Koh က ကျွန်တော်တို့ တာဝန်ဝတ္တရားကို ကျေပွန်အောင်လုပ်မယ်လို့ ပြောကြားလိုက်ပါတယ်။ Samsung က တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မှာ Note 7 မီးလောင်မှုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အပူလွန်ကဲရတဲ့ အကြောင်းအရင်းကတော့ အရွယ်ကြီး ဘက်ထရီ တပ်ဆင်ထားခြင်းနဲ့ ဘက်ထရီ အစားထိုး လဲလှယ်ပေးတဲ့ အချိန်မှာ အလျှင်စလို ပြုလုပ်ခဲ့ရတဲ့အတွက် ထုတ်လုပ်မှု ဖြစ်စဉ်မှာ အမှားများးဖြစ်ခဲ့တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

Samsung က ၇.၉ မီလီမီတာသာ အထူရှိတဲ့ Note 7 ထဲမှာ အရွယ်ကြီးမားတဲ့ 3500mAh Battery ကို တပ်ဆင်ခဲ့တာ ဖြစ်ပြီး အဲဒီဘက်ထရီများထဲမှ တစ်ဝက်ကို Samsung ရဲ့ ကုမ္ပဏီခွဲ Samsung SDI က ထုတ်လုပ်ပေးခဲ့တာပါ။ သြဂုတ်နဲ့ စက်တင်ဘာလများမှာ Note 7 ဘက်ထရီများ အပူလွန်ကဲပြီး မီးလောင်မှုများ ဖြစ်ခဲ့ပါတယ်။

အစားထိုးလဲလှယ်ပေးတဲ့ ဘက်ထရီများ မီးလောင်မှု ဖြစ်ရတဲ့ အကြောင်းအရင်း

Samsung က ယခင်နှစ် စက်တင်ဘာလမှာ Note 7 စမတ်ဖုန်းများကို ပထမအကြိမ် ပြန်လည် သိမ်းယူခဲ့ပါတယ်။ Amperex Technology က ထုတ်လုပ်ပေးတဲ့ ဘက်ထရီ တစ်ဝက်ကတော့ မီးလောင်မှု မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း မီးလောင်မှုကြောင့် အစားထိုး လဲလှယ်ပေးခဲ့တဲ့ ဘက်ထရီများဟာ ထုတ်လုပ်မှု ဖြစ်စဉ်မှာ အမှားများ ပါလာခဲ့ပါတယ်။ Samsung က ဘက်ထရီများကို အလျှင်စလို အစားထိုး လဲလှယ်ပေးခဲ့ရတဲ့အတွက် အမှားများဖြစ်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အဲဒီအမှားများထဲမှာ အပူကာတိပ် မပါခြင်းလည်း ပါဝင်ပါတယ်။ Samsung က ကမ္ဘာအ၀န်း ရောင်းချခဲ့တဲ့ Note 7 ဖုန်းများရဲ့ ၉၆ ရာခိုင်နှုန်းကို ပြန်လည်သိမ်းယူခဲ့ရတယ်လို့ ပြောပါတယ်။

Note 8 လာဦးမလား ?

Samsung ဟာ Note 7 ဘက်ထရီ မီးလောင်မှုကြောင့် ဂုဏ်သိက္ခာကျဆင်းခဲ့ရပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ Samsung က နောက်ထုတ်မယ့် စမတ်ဖုန်း ဘက်ထရီများကို အဆင့် ၈ ဆင့်ဖြင့် စစ်ဆေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်များမှ ကျွမ်းကျင် ပညာရှင်များကို စုပေါင်းပြီး ဘက်ထရီ ထုတ်လုပ်မှု အတွက် အတိုင်ပင်ခံ အဖွဲ့ ဖွဲ့စည်းမယ်လို့ ကြေညာခဲ့ပါတယ်။ Note 8 ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့လည်း သတင်းစာရှင်းလင်းပွဲပြီးနောက်မှာ ကုမ္ပဏီရဲ့ အရာရှိတစ်ယောက်က ကြေညာခဲ့ပါတယ်။

ပြိုင်ဖက်များအတွက် အသာစီးရမှု

Galaxy Note 7 ရဲ့ မီးလောင်မှုဟာ ပြိုင်ဖက် Apple , Google နဲ့ LG တို့အတွက် အသာစီးရစေခဲ့ပါတယ်။ iPhone 7 Plus ဟာ Note 7 ကို ယှဉ်ပြိုင်တဲ့ Apple ရဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Samsung က ပြန်သိမ်းခဲ့တဲ့ Note 7 ပိုင်ရှင်များကို ဒေါ်လာ ၁၀၀ သာထပ်မံပေးဆောင်ပြီး S7 Edge ကို ၀ယ်ယူနိုင်ဖို့ ပြုလုပ်ပေးခဲ့ပေမယ့် Note 7 ပိုင်ရှင်များက iPhone 7 Plus ကိုပဲ မျက်စိကျခဲ့ကြပါတယ်။

Google ကလည်း သူ့ရဲ့ နောက်ဆုံးထုတ် Android 7.0 Nougat ထည့်သွင်းထားတဲ့ Google Pixel နဲ့ Google Pixel XL စမတ်ဖုန်းများဖြင့် ပွဲထွက်လာခဲ့ပါတယ်။ Google ဟာ စမတ်ဖုန်း ထုတ်လုပ်မှု နယ်ပယ်ကို ၀င်ရောက်လာခဲ့ပြီး Apple သာမက Samsung ရဲ့ ပြိုင်ဖက်ကြီး ဖြစ်လာပါပြီ။

LG G6 ကို လာမယ့်လမှာ ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress မှာ မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။ G6 ဟာ G5 နဲ့ မတူဘဲ ဆန်းသစ်ထားမှာ ဖြစ်ပါတယ်။ Samsung ရဲ့ အမှားကို LG ကလည်း အသာစီး ရယူသွားနိုင်ပါတယ်။

အဲဒီအတွက် Samsung ဟာ နောက်ထုတ်မယ့် စမတ်ဖုန်းများမှာ ဘက်ထရီ လုံခြုံရေး အတွက် ဘယ်လို နည်းပညာများ ထည့်သွင်းထားမလဲ၊ ဖောက်သည်များကို ဘယ်လို ပြန်လည် စွဲဆောင်ထားမလဲ စိတ်ဝင်စားစရာကောင်းနေပါပြီ။

ref : tech radar

You may be interested

သင် တစ်နေ့လျှင် Facebook ဘယ်နှနာရီ သုံးသလဲဆိုတာ ဘယ်လို သိမလဲ ?
HOW TO, Softwares & Application, Softwares & Application
0 shares0 views

သင် တစ်နေ့လျှင် Facebook ဘယ်နှနာရီ သုံးသလဲဆိုတာ ဘယ်လို သိမလဲ ?

Ko Thuya - Sep 26, 2018

Facebook က Android App မှာ Your Time on Facebook အမည်ရ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ သူက တစ်နေ့လျှင် သင် Facebook ကို အချိန်ဘယ်လောက် သုံးသလဲ ဆိုတာကို တစ်နေ့ချင်းစီအတွက် ပြသပေးထားပါတယ်။ တစ်နေ့လျှင်…

လက်ဗွေစနစ်နဲ့ တံခါးအဖွင့်အပိတ်ပြုလုပ်လို့ရမယ့် Lockly ရဲ့ Sucure Plus Lock
Gadgets, NEWS
38 shares8 views

လက်ဗွေစနစ်နဲ့ တံခါးအဖွင့်အပိတ်ပြုလုပ်လို့ရမယ့် Lockly ရဲ့ Sucure Plus Lock

Ko Thuya - Sep 26, 2018

အခုဆိုရင် နေအိမ်တံခါးများမှာ Smart Lock များကို အသုံးပြုလာကြပါပြီ။ အခုလည်း Lockly က ထူးခြား ဆန်းသစ်တဲ့ စမတ် လော့ခ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Secure Plus Lock ဖြစ်ပြီး သူ့မှာ 3D Fingerprint…

Xiaomi Black Shark 2 ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
76 shares36 views

Xiaomi Black Shark 2 ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ

Ko Thuya - Sep 26, 2018

Xiaomi က သူ့ရဲ့ ပထမဆုံး Gaming Phone ကို ယခုနှစ် ဧပြီလမှာ ကြေညာခဲ့ပါတယ်။ အခုတော့ တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) မှ မှတ်ပုံတင် သတင်းအချက်အလက်များ ထွက်ပေါ်လာတဲ့ အတွက် Xiaomi ဟာ ဒုတိယ…

Most from this category