6 Shares 296 Views

ဖုန်းမြင်ကွင်း ကို အဆ ၆၀ အထိ ချဲ့ပေးစေမယ့် Zoom

Jan 24, 2017
6 296

ကိုယ်ကြည့်ရှုရာ မြင်ကွင်းကနေ အဆ ၆၀ အထိ ချုံ့၊နိုင် ၊ ချဲ့နိုင်ပြီး မြင်ကွင်းအားလုံးကို ကြည်ကြည်လင်လင် မြင်တွေ့စေနိုင်မယ့် Zoomable ပစ္စည်းလေကို 60X Monocular လို့ အမည်ပေးထားပါတယ်။

ကိုယ့်ရဲ့ စမတ်ဖုန်းတွေ မှာ ချိတ်ဆက်အသုံးပြုနိုင်မယ့် Smart Phone Attachment တစ်ခု လည်း ဖြစ်ပါတယ်။ လုပ်ဆောင်ချက်တွေ အနေနဲ့ ဟိုး အဝေးက မြင်ကွင်းတွေ ကို အဆ ၄၀ ဆ ကနေ အဆ ၆၀ အထိ ချဲ့ပြီး ကြည့်ရှုနိုင်ပါတယ်။ မိုင်အားဖြင့် ပြောရရင် ၀.၂၅ မိုင် အထိ ကြည့်ရှုနိုင်ပါတယ်။ စမတ်ဖုန်းကနေ အလွယ်တကူ ဖြုတ် ၊ တပ်နိုင် ပြီး ခရီးအဝေးသွားတဲ့အခါမှာ လွယ်လွယ်ကူကူ သယ်ဆောင်သွားနိုင်ပါတယ်။ Tripod သုံးစွဲထားတဲ့အတွက် အဝေးက မြင်ကွင်း တွေကို ရှင်းလင်း ပြတ်သားစွာ မြင်တွေ့နိုင်မှာပါ။ တောတောင်ခရီးစဉ်တွေ နဲ့ ကြမ်းတမ်းလှတဲ့ ခရီးစဉ်တွေအတွက် ထည့်ယူသွားဖို့ရာ ကောင်းကောင်း အကြမ်းခံနိုင်တဲ့ Lens တစ်ခုလည်း ဖြစ်ပါတယ်။

ဓါတ်ပုံဝါသနာအိုးတွေ အတွက် ဖြစ်စေ၊ သမားရိုးကျ မိုဘိုင်းဖုန်း ချစ်သူတွေအတွက် ဖြစ်စေ သင့်တော်စေမယ့် အချက် တစ်ချက် က DSLR ကင်မရာတွေ နဲ့ တွဲဖက်ချိတ်ဆက်ပြီး အလုပ်လုပ်ရသလို အစွမ်းထွက်စေပါတယ်။ ဘောလုံးပွဲတွေ သွားကြည့်တဲ့အခါမျိုးဖြစ်ဖြစ် ၊ လှော်ကားဥယျာဉ်လို နေရာမျီုးမှာ အဝေးကနေ တိရိစ္ဆာန်တွေ ရဲ့ ချစ်စဖွယ် ပုံရိပ်တွေ နဲ့ အမူအကျင့်တွေကို လေ့လာချင်လို့ ပဲ ဖြစ်ဖြစ် ၊ ကိုယ်မသွားရဲတဲ့ နေရာမျိုးစုံ အတွက် သင့်တော်စေတဲ့ Gadgets ကလေး တစ်ခု ပဲ ဖြစ်ပါတယ်။

ပုံမှန်ဈေးအားဖြင့်တော့ ဒေါ်လာ ၁၃၀ မျှသာ ဖြစ်ပါတယ်။

Ref : Geeky

You may be interested

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့
Gadgets, NEWS, Tech Update
20 shares7 views

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့

Ko Thuya - Jun 20, 2018

ခွဲစိတ်ကုသရေး လုပ်ငန်းများမှာ စက်ရုပ်များကို အသုံးပြုနေကြပါပြီ။ အခုတော့ လူ့မျက်လုံးကို ခွဲစိတ်ဖို့ ပထမဆုံးအနေဖြင့် စက်ရုပ်ကို အသုံးပြုခဲ့ပါတယ်။ အဲဒီ ခွဲစိတ်မှုကို အောက်စဖို့ဒ်မှ John Radcliffe Hospital မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး Nature Biomedical Engineering မှာ…

Pop-Up Camera ပါလာတဲ့ Oppo Find X
Android, HUBS, Mobiles & Tablets
522 shares94 views

Pop-Up Camera ပါလာတဲ့ Oppo Find X

Ko Thuya - Jun 20, 2018

Oppo က ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းပါတဲ့ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Find X ဖြစ်ပြီး စကရင်အထက်မှ ဘောင်ဟာ အလွန်ပါးလွှာပါတယ်။ ကင်မရာများ တပ်ဆင်ထားတဲ့ Notch လည်း မပါပါဘူး။ ကင်မရာများဟာ မျက်နှာပြင်ရဲ့ အထက်မှာ…

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
251 shares602 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

Most from this category