0 Shares 476 Views

ကျောင်းသားတွေကို အိမ်စာကူလုပ်ပေးမယ့် အခမဲ့ iOS AI app

Jan 24, 2017
0 476

ကောင်းတယ်လို့ပဲ ပြောရမလား၊ မကောင်းဘူးလို့ပဲ ပြောရမလား။ အိမ်စာတွေပိနေတဲ့ ကျောင်းသားတွေကို အကောင်းဆုံး ကူညီပေးမယ့် AI ပါဝင်တဲ့  iOS app တစ်ခု ရှိနေပါတယ်။

အိမ်စာမေးလိုက်တဲ့ သင်္ချာ၊ သိပ္ပံ၊ သမိုင်း၊ အင်္ဂလိပ် အစရှိတဲ့ ဘာသာရပ်တွေရဲ့ ပုစ္ဆာတွေနဲ့ မေးခွန်းတွေကို အင်္ဂလိပ်လို ရိုက်ထည့် (သို့မဟုတ်) ဓာတ်ပုံရိုက်လိုက်တာနဲ့ အဖြေတွေကို တစ်ဆင့်ချင်းစီ တွက်ချက်ပြသထားတဲ့ အဖြေတွေကို ဖော်ပြ ပေးမယ့် app တစ်ခုဖြစ်ပြီး App ရဲ့နာမည်ကတော့ Socratic လို့ အမည်ရပါတယ်။

ကျောင်းသားတွေအတွက် မကောင်းတာတစ်ခုက ကျောင်းမှာ သင်တာတွေကို အရေးမစိုက်တော့ပဲ ဒီ App ကိုပဲ အားကိုးလွန်းသွားရင် ပညာရေးစနစ်ကို အနည်းငယ်ထိခိုက်နိုင်ပါတယ်။

တစ်ခါတစ်ရံမှာ ကျောင်းသားအတော်များများက နားမလည်တဲ့ မေးခွန်းတွေ သင်ခန်းစာတွေကို သိရှိနားလည်နိုင်ဖို့ Google နဲ့ YouTube ပေါ်မှာ ရှာဖွေကြရပါတယ်။ ဒီ App ရဲ့အဓိကအားသာချက်ကတော့ မေးခွန်းကို ဓာတ်ပုံရိုက်လိုက်တာနဲ့ app အတွင်းထည့်သွင်းထားတဲ့ AI စနစ်က မေးခွန်းအတွက် အမှန်ကန်ဆုံးအဖြေကို ချက်ချင်းထုတ်ပေးမှာဖြစ်ပါတယ်။

စာသားနဲ့ ဖြေတာတွေလည်းရှိသလို လိုအပ်ရင် လိုအပ်သလို YouTube က video တွေကိုလည်း ဖော်ပြပေးမှာဖြစ်တဲ့အတွက် Google နဲ့ YouTube မှာ တကူးတက ရှာစရာ မလိုတော့ပါဘူး။ ကူရှင်ဆရာ၊ Guide ခေါ်စရာမလိုရလောက်အောင် ကူညီပေးမယ့် App တစ်ခုလို့ ဆိုနိုင်ပါတယ်။

iPhone, iPad နဲ့ iPod Touch အသုံးပြုတဲ့ကျောင်းသားတွေအတွက် အသုံးဝင်မှာဖြစ်ပြီး State ကျောင်းသား တွေကစလို့ တက္ကသိုလ်ကျောင်းသားတွေအထိ အထောက်အကူပြုပေးမယ့် app တစ်ခုဖြစ်ပါတယ်။

This slideshow requires JavaScript.

Ref: iTunes

You may be interested

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
NEWS, Softwares & Application
0 shares0 views

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ

Creepy Tyler - Sep 25, 2018

နာမည်ကြီးလူမှုကွန်ရက် Instagram ကို စတင်ခဲ့တဲ့ Kevin Systrom နဲ့ Mike Krieger တို့ကတော့ သူတို့အနေနဲ့ ရာထူးနေရာတွေကနေ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Facebook နဲ့ အတူ အလုပ်တွဲလုပ်နေတဲ့ သူတို့နှစ်ယောက်ကတော့ CEO နဲ့ CTO…

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
47 shares14 views

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
261 shares73 views

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max

Ko Thuya - Sep 25, 2018

Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…

Most from this category