0 Shares 548 Views

မတ်လ ၂၉ ရက်မှာ samsung s8 ထွက်မည် ဟု သတင်းထွက်ပေါ်

Jan 24, 2017
0 548

သတင်းရင်းမြစ် ၄ ခုလောက် က ဧပြီလအတွင်းမှာ နဲ့ ဧပြီလဆန်းမှာ ဆမ်ဆောင်း S8 ကို ထုတ်လုပ်ရောင်းချမယ် လို့ သတင်းထွက်ပေါ်ခဲ့ပြီး Mashable နဲ့ Geeky ကတော့ မတ်လ ၂၉ ရက်နေ့ မှာ s8 ကို စတင်ရောင်းချမယ်လို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

အံ့သြစရာကောင်းတဲ့အချက်တစ်ခု က အခု လကုန်ပိုင်းမှာ ကျင်းပပြုလုပ်မယ့် Mobile World Congress မှာ S8 ကို ၀င်ရောက်ပြသမှာ မဟုတ်ဘူး လို့ ဆမ်ဆောင်းကုမ္ပဏီရဲ့ ကြော်ငြာချက်တစ်ခုပါပဲ။ အဲဒီ ကြော်ငြာချက်ဟာ ဆမ်ဆောင်း ရဲ့ ဗားရှင်းအသစ် မှာ စိတ်ဝင်စားဖွယ်ရာတွေများ ရှိနေလို့လား ၊ ဒါမှမဟုတ် ဆမ်ဆောင်း ထုတ်ကုန် ၂ မျိုးစလုံးကို လျှိုထားချင်လို့လား ဆိုတဲ့ သတင်းသုံးသပ်ချက်တွေ ထပ်မံထွက်ပေါ်လာပါတယ်။

အခု လကုန်မှာ ထုတ်ဖော်ပြသဖို့ နှောင့်နှေးနေသေးပေမယ့် မတ်လကုန်မှာ အဆင်သင့် ဖြစ်နေမယ့် ဆမ်ဆောင်း S8 ဟာ S8 နဲ့ S8Plus ၂ မျိုး ထုတ်လုပ်သွားမှာ ဖြစ်ပြီး Android 7.0 Nougat ကို ထည့်သွင်းထားဖွယ်ရာ ရှိနေပါတယ်။ 6GB RAM နဲ့ Qualcomm Snapdragon 835 ပရိုဆက်ဆာ အသစ် ကို သုံးစွဲဖို့ရှိနေပြီး 4K display ကို လည်း ရရှိမယ် လို့ သတင်းတွေက ဆိုပါတယ်။

စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Feature လုပ်ဆောင်ချက်အသစ် အနေနဲ့ ကိုယ်ရေးလက်ထောက် ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ အားသာချက် ၊ အားနည်းချက်တွေ ကို ချိန်ညှိထိန်းသိမ်းဖို့ အချိန်အနည်းငယ် ရရှိသွားတဲ့ ကုမ္ပဏီ ဟာ သူ့ရဲ့ အခုတစ်ခေါက် ထုတ်ကုန် ကို အကောင်းဆုံး နဲ့ အလန်းဆုံးဖြစ်အောင် ပြင်ဆင်သွားဖွယ်ရာ ရှိနေတယ် လို့ သတင်းတွေ က ဖော်ပြထားပါတယ်။

ဆမ်ဆောင်း S8 ရဲ့ ထူးခြားချက်တွေ နဲ့ ပတ်သက်ပြီး ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။
Ref : GeekyGadgets , mashable

You may be interested

Explore Feed နာမည်နဲ့ News Feed လုပ်ဆောင်ချက်သစ်ကို Facebook ဖြန့်ချီ
Facebook, HUBS, NEWS
0 shares0 views

Explore Feed နာမည်နဲ့ News Feed လုပ်ဆောင်ချက်သစ်ကို Facebook ဖြန့်ချီ

Ko Thuya - Oct 20, 2017

လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook အနေနဲ့ သုံးစွဲသူတွေအဆင်ပြေဖို့နောက်ထပ် Feature သစ်တခုကို တရားဝင်ဖြန့်ချိပေးလိုက်ပါတယ်။ အဲ့ဒါကတော့ ဧပြီလကတည်းက စမ်းသပ်နေတဲ့ Facebook ရဲ့ Feature သစ်ဖြစ်တဲ့ Explore Feed ကို မနေ့ကတရားဝင်ဖြန့် ချိပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် ကိုယ် Like မလုပ်ထားတဲ့…

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်
FEATURES, HUBS, Mobile & Tablets
102 shares15 views

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်

Ko Thuya - Oct 20, 2017

24MP and idea become perfect selfie ဓာတ်ပုံကောင်းတစ်ပုံရဖို့ဆိုတာ ကင်မရာကောင်းကောင်းရယ်၊ စိတ်ကူးစိတ်သန်းကောင်းကောင်းရယ် ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ကင်မရာကောင်းတိုင်းလည်း ပုံကောင်းတစ်ပုံ မထွက်သလို၊ စိတ်ကူးကောင်းပေမယ့် ကင်မရာမကောင်းလို့ ကောင်းသင့်သလောက်မကောင်းတဲ့ ပုံတွေလည်း ရှိပါတယ်။ V7+ က Selfie ချစ်သူတွေအတွက်…

ဖုန်းကို အားသွင်းပေးမယ့် ဂျက်ကတ်
NEWS, Tech Update
75 shares7 views

ဖုန်းကို အားသွင်းပေးမယ့် ဂျက်ကတ်

Ko Thuya - Oct 20, 2017

စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ တိုတောင်းတဲ့အတွက် နေ့စဉ် ဖုန်း အားသွင်းရတဲ့ အလုပ်ရှုပ်မှုများ ရှိနေပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို နေရာမရွေး အားသွင်းပေးနိုင်တဲ့ Power Bank များကို ထုတ်လုပ်ပေးထားသလို ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပေးတဲ့ Battery Case…

Most from this category