0 Shares 904 Views

အမှန်တရား ဆိုတာ ဖုံးကွယ်ထားလိှု့ မရဘူး လို့ ပြောလိုက်တဲ့ ရွှေမှုန်ရတီ

အနုပညာလောကထဲကို အသက်(၁၃)နှစ်အရွယ်ထဲကို ဝင်ရောက်ခဲ့ပြီး ချစ်စရာကောင်းတဲ့သူမရဲ့အမူအရာ ပုံလေးနဲ့ ပရိတ်သတ်ရဲ့ အားပေးမှုကို
ရရှိခဲ့တဲ့သူကတော့ ရွှေမှုန်ရတီပဲဖြစ်ပါတယ်။ ရွှေမှုန်နဲ့တွေတုန်း ပြောဖြစ်ခဲ့တာလေးတွေကို ပြန်ပြီးဝေမျှပေးလိုက်ပါတယ်။

Q. လတ်တလော ရွှေမှုန် အနုပညာလှုပ်ရှားမှုတွေ ပြောပြပေးပါလား။
အခုရိုက်နေတဲ့ ကားနာမည်က “မယ်တော် FC နဲ့ မော်ဒယ် FC”  ပါ။ဒီကားလေးက မင်းသားတစ်ယောက်မှ မပါပါဘူး။ မခိုင်လေး(ခိုင်သင်းကြည်)ရယ် ညီမရယ် အဓိကသရုပ်ဆောင်ပါ။ တစ်ခြား ဟာသ သရုပ်ဆောင်တွေ လည်းပါပါတယ်။ ဒီကားလေးက ဟာသကားလေးပါ။

Q. ဒီကားထဲက ရွှေမှုန်ရဲ့ကာရိုက်ကိုပြောပြပေးပါလား။
ရွှေမှုန်က ဒီကားထဲမှာစာရေးဆရာမတစ်ယောက်ပါ၊ သူများတွေရဲ့ဘဝအကြောင်းလေးတွေကို စုံစမ်းပြီးရေးတာပေါ့။

Q. ရွှေမှုန်ရဲ့အချစ်ရေးအခြေအနေလေး ကိုလည်းပြောပြပေးပါလား။
အရမ်းကို အဆင်ပြေတဲ့ Relationship လေးတစ်ခုပါ။ညီမအပေါ်အရမ်းကိုနားလည်ပေးတဲ့ ယောင်္ကျားဆန်တဲ့ ယောင်္ကျားတစ်ယောက်နဲ့  ညီမအချိန်တွေကို
ဖြတ်သန်းနေတာပါ။

Q. နာမည်ကြီးတဲ့ မင်းသမီးတစ်ယောက်အနေနဲ့ ကိုယ်ရဲ့ Relationship တစ်ခုကိုဖော်ပြတာ ကိုယ်ရဲ့အောင်မြင်မှုကိုထိခိုက်မှာ မစိုးရိမ်ဘူးလား။
မစိုးရိမ်ပါဘူး။ ပရိတ်သတ်ကပရိတ်သတ်၊ ချစ်သူကချစ်သူ တစ်ခြားစီပါ။ အကန့်တွေခွဲထားပါတယ်။

Q. အကယ်ဒမီကလည်းနီးပြီ။ ရွှေမှုန်ရဲ့ဇာတ်ကားလည်းပါတော့ အကယ်ဒမီနဲ့ပတ်သက်ပြီး ရွှေမှုန်ရဲ့စိတ်ခံစားချက်ကို ပြောပြပေးပါလား။
အကယ်ဒမီနဲ့ပတ်သက်ပြီး ထွေထွေထူးထူးပြောစရာ မရှိပါဘူး။ ဒီနှစ်အကယ်ဒမီပွဲ မတက်ဖြစ်ပါဘူး။ ညီမဆေးခန်းသွားပြဖို့ရှိတယ်။ အဲဒါကြောင့် အကယ်ဒမီပွဲ မတက်ဖြစ်တာပါ။

Q. Facebook မှာ Swimsuit နဲ့ပုံတွေ တင်ဖြစ်တာနဲ့ပတ်သက်ပြီး ပြောပြပေးပါလား။
အဲဒီပုံတွေ ရိုက်ဖြစ်တာက ဘန်ကောက်က ညီမသူငယ်ချင်းကို နေ့ချင်းပြန်ခရီးလေး လိုက်ပို့ရင်းနဲ့ရိုက်ဖြစ်တာပါ။ အမှန်က သူကိုဓာတ်ပုံရိုက်ပေးဖို့ သွားရင်းနဲ့ ကိုယ်ရိုက်ဖြစ်သွားတယ်။

Q. Social Media တွေခေတ်စားလာတဲ့ အပေါ်ရွှေမှုန်ရဲ့အမြင်ကိုပြောပြပေးပါလား။
အရမ်းကောင်းပါတယ်။ အသိညဏ်တွေပွင့်လင်းလာတယ်။ ဖက်ရှင်ပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ် Up To Date သိခွင့်ရလာတယ်။ အမှန်တရားဆိုတာ ဖုံးကွယ်လိုမရဘူးဆိုတာကို ကောင်းကောင်းကြီး သိလာကြတယ်။ အဲဒီတော့ လုပ်ရဲတာတွေ နည်းလာကြတယ်။

Q. အခုကိုင်ထားတဲ့ဖုန်း Brand လေးကိုပြောပြပေးပါလား။
ညီမ iPhone ပဲကိုင်တယ်။ iPhone က ကိုင်ရတာ Save ဖြစ်တယ်။ ပြီးတော့ iPhone က ရှုပ်ရှုပ်ယှက်ယှက်တွေမရှိဘူး။ ညီမဖုန်းထဲမှာ ရှုပ်နေတာကိုမကြိုက်ဘူး။

Q. ညီမလေးဖုန်းထဲမှာ သုံးဖြစ်တဲ့ App တွေကိုပြောပြပါလား။
ညီမဖုန်းထဲမှာ တခြား ဟိုဟိုဒီဒီ ဘာ App မှာ မရှိဘူး။ ညီမဖုန်းထဲမှာရှိတာက Facebook, messenger, viber ဒီလောက်ပဲရှိ တယ်။

Q. Gold Limited Edition ဖုန်းလေးမှာပြီး Facebook ပေါ်တင်ထားတာတွေတယ်နော်။
အဲဒါလား ညီမချစ်သူကို Birthday Present ပေးတာပါ။ အဲဒါမှာထားတာ ၂လလောက်ကြာတယ်။ အဲဖုန်းလေးကို ကြိုက်လို့ ညီမအတွက် မှာရင်းနဲ့ ဆင်တူကိုင်ဖို့ ထပ်မှာလိုက်တာပါ။

Q. ဖုန်းကို Brand အသစ်ထွက်တိုင်းလဲ ကိုင်ဖြစ်လား။
ဖုန်းကတော့ ညီမကြိုက်တဲ့ဟာ ဆိုရင်တော့ ကိုင်ဖြစ်ပါတယ်။

Q. အင်တာနက်လိုင်းဆွဲအားတွေရော အခုနောက်ပိုင်းသုံးရတာ အဆင်ပြေလား။
ညီမအတွက်ကတော့ အဆင်ပြေတယ်။ ညီမကပိုက်ဆံဖြတ်တာများသွားလိုလည်း ကြေး(ဂျီး) မများဘူး။

Q. Oversea မှာနဲ့ ကိုယ်နိုင်ငံမှာ အင်တာနက်သုံးရတာ ဘယ်လိုကွာခြားမှုရှိလဲ။
ကောင်းပါတယ်။ ဟိုမှာလည်း ဖုန်းကတ်ဝယ်ပြီးသုံးတာ ဒီမှာလိုပဲပေါ့။ လိုင်းကတော့ ဟိုမှာတော့ပိုကောင်း ပါတယ်။

 

You may be interested

Samsung Galaxy S10 မှာ Infinity-O Display နဲ့ Ultrasonic Fingerprint Scanner ပါမည်
Android, HUBS, Mobiles & Tablets
0 shares0 views

Samsung Galaxy S10 မှာ Infinity-O Display နဲ့ Ultrasonic Fingerprint Scanner ပါမည်

Ko Thuya - Nov 14, 2018

လာမယ့်နှစ်မှာ ကြေညာမယ့် Samsung Galaxy S10 ရဲ့ သတင်းအချက်အလက်များ အခု ကတည်းက ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း Evan Blass က သူ့မှာ မျက်နှာပြင်အောက် Selfie ကင်မရာ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Infinity-O Notch ပါလာနိုင်တာကြောင့်…

Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို လာမယ့်လမှာ စတင်မည်
Automobiles, NEWS, Tech Update
34 shares5 views

Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို လာမယ့်လမှာ စတင်မည်

Ko Thuya - Nov 14, 2018

Waymo က ဒီဇင်ဘာလ အစောပိုင်းမှာ မောင်းသူမဲ့ တက္ကစီ ၀န်ဆောင်မှုကို စတင်တော့မယ်လို့ အမည်မဖော်ပြထားတဲ့ အရင်းအမြစ်တစ်ခုက Bloomberg ကို ပြောပါတယ်။ Phoenix Arizona မှာ ၀န်ဆောင်မှုကို ပြုလုပ်ပေးမယ်လို့ ထင်ရပါတယ်။ အဲဒီ ဒေသမှာ ကုမ္ပဏီက မောင်းသူမဲ့…

Amazon ထက် ရောင်းအားကောင်းခဲ့တဲ့ Alibaba ရဲ့ Singles Day
NEWS
305 shares36 views

Amazon ထက် ရောင်းအားကောင်းခဲ့တဲ့ Alibaba ရဲ့ Singles Day

Ko Thuya - Nov 14, 2018

Alibaba က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ၁၀ ကြိမ်မြောက် Singles Day ဈေးရောင်းပွဲတော်ကို ပြုလုပ်ပေးခဲ့ပြီး ဒေါ်လာ ၃၀.၈ ဘီလီယံဖိုးဖြင့် ရောင်းအား စံချိန်တင်သွားခဲ့ပါတယ်။ ၂၄ နာရီအတွင်းမှာ အဲဒီ ပမာဏကို ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ၁ မိနစ်နဲ့…

Most from this category