0 Shares 29 Views

Nintendo ရဲ့ ပထမဆုံးမိုဘိုင်းဂိမ်း ‘Miitomi’ မတ်လထဲ ထွက်ရှိမည်

Feb 05, 2016
0 29

‘Miimoto’ လို့အမည်ပေးထားတဲ့ Nintendo ရဲ့ ပထမဆုံးစမတ်ဖုန်းဂိမ်းဟာ မတ်လထဲမှာ ထွက်ရှိလာတော့မှာဖြစ်တယ်လို့ ကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာ တရားဝင်ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင်ကာ၊ Nintendo ပရိတ်သတ်တွေအနေနဲ့၊ လက်ရှိ အီးမေးလ်၊ ဆိုရှယ်မီဒီယာအကောင့် (သို့) Nintendo Network ID တွေကို အသုံးပြုကာ၊ Nintendo ရဲ့ ၀န်ဆောင်မှုအသစ်တစ်ခုဖြစ်တဲ့ Nintendo Account တစ်ခုဖွင့်ထားနိုင်ပါတယ်။ Miimoto ဂိမ်း မတ်လအတွင်း ထွက်ရှိမယ့်အချိန်ကို၊ အဆိုပါစာရင်းပေးသွင်းထားသူ user တွေကို အရင်ဆုံးအသိပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီ့အပြင် ဖေဖော်ဝါရီလ ၁၇ ကနေ ထွက်ရှိတဲ့အချိန်အကြား Nintendo Account မှာ ၀င်ရောက် sign up ပြုလုပ်သူတိုင်းကို Nintendo ရဲ့ My Nintendo ပရိုဂရမ်ကနေ Miitomo ဂိမ်းအထူးဘောနပ်စ်တွေကို ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ My Nintendo ပရိုဂရမ်ဟာ Nintendo ထုတ်ကုန်တွေနဲ့ ၀န်ဆောင်မှုတွေအသုံးပြုတဲ့ ပရိတ်သတ်တွေကို ပြန်လည်ဝန်ဆောင်မှုပေးနိုင်တဲ့ပရိုဂရမ်အသစ်တစ်ခုဖြစ်ပြီး Miimoto ဂိမ်းနဲ့အတူ မတ်လထဲ ထွက်ရှိလာမှာဖြစ်ပါတယ်။

Miimoto ဂိမ်းဟာ ဆိုရှယ်ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး၊ Nintendo ရဲ့ Mii ဂိမ်းဇာတ်ကောင်တွေကို အသုံးပြုထားပါတယ်။ ဒီ့အပြင် မိမိစိတ်ကြိုက် ဇာတ်ကောင်ပုံစံကို ပြင်ဆင်တာ၊ Selfie နဲ့ မိမိဇာတ်ကောင်ပုံစံကို ပြုလုပ်တာမျိုးတွေလုပ်နိုင်ပြီး၊ တခြားဆော့တဲ့လူတွေနဲ့ အပြန်အလှန်၊ ဆက်သွယ်ဆော့ကစားရမှာဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့အအောင်မြင်ဆုံးဂိမ်းကုမ္ပဏီဖြစ်တဲ့ Nintendo အနေနဲ့ လာမယ့် ၂၀၁၇ ခုနှစ်၊ မတ်လအကုန်မှာလည်း နောက်ထပ် စမတ်ဖုန်း app ခန့်မှန်းခြေငါးခုလောက် ထပ်ထုတ်သွားဖို့ရည်ရွယ်ထားကြောင်း သိရှိရပါတယ်။

Ref: Nintendo

 

 

You may be interested

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း
ASUS, FEATURES, HUBS
0 shares0 views

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - Feb 21, 2018

Asus ZenBook 3 ဟာ ZenBook များရဲ့ မျိုးဆက်သစ်ဖြစ်ပြီး Mobile Computing နယ်ပယ်ရဲ့ ရှေ့ခြေတစ်လှမ်းတိုးလာနိုင်တဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းကို ပြင်ဆင်ဆန်းသစ်ထားပြီး အကောင်းဆုံး ZenBook ဖြစ်ပါတယ်။ ယခင်မျိုးဆက်များထက် ပိုမိုပေါ့ပါးပြီး ပါးလွှာလာပါတယ်။ ပိုမိုမာကျောပြီး စွမ်းရည်မြင့်လာပါတယ်။…

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ
Mobiles & Tablets, NEWS, Sony
144 shares41 views

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ

Ko Thuya - Feb 21, 2018

[Unicode] အခုဆို Sony Xperia XZ2 နဲ့ XZ2 Compact တို့ရဲ့ specification လေးတွေ သတင်းထွက်လာပါပြီး ဆွီဒင်နိုင်ငံက Android ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Swedroid ကနေထွက်လာခဲ့တာဖြစ်ပြီး ဒီဖုန်းတွေထွက်ဖို့လည်း ရက်ပိုင်းလောက်ပဲလိုတော့တာပါ။ ဟန်းဆက် ၂မျိုးလုံးမှာ Snapdragon 845…

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း
Camera, Local News
67 shares11 views

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း

Nwe Oo Thant - Feb 21, 2018

[Zawgyi] ဓာတ်ပုံပိုင်းနဲ့ကင်မရာပိုင်းမှာ ဟိုးအရင်ကတည်းက နာမည်ကြီးခဲ့တဲ့ ဂျပန်ကုမ္ပဏီကတော့ Fujifilm ပါ။ အခုလည်း သူ့ရဲ့ X စီးရီးထုတ်ကုန်သစ် X-A5 နဲ့ X-H1, XP စီးရီးရဲ့ထုတ်ကုန်သစ် XP-130 တွေ မြန်မာနိုင်ငံဈေးကွက်ထဲရောက်လာပါပြီ။ ဒီမော်ဒယ်လ် ၃မျိုးထဲမှာမှ X-series ရဲ့…

Most from this category