Facebook မှာ Chess ဂိမ်းကိုဘယ်လိုကစားမလဲ

သင့်အနေနဲ့ Chess လို့ခေါ်တဲ့ စစ်ဘုရင်ဝါသနာရှင်တစ်ယောက် ဆိုရင်တော့ သင့်အနေနဲ့ သင်ဝါသနာပါတဲ့ စစ်တုရင်ကစားနည်းကို Facebook က မက်ဆေ့ခ်ျဘောက်စ်ထဲ ကနေ ကစားလို့ရနိုင်တယ်ဆိုတာ သင်သိပါသလား။

Facebook အနေနဲ့ အခုလိုမျိုး ဂိမ်းရှိတာကို လူသိပ်မသိတာကတော့ သူ့ရဲ့ ကစားပုံဟာ ခက်ခဲလို့ပဲဖြစ်ပါတယ်။ ဆော့ရတဲ့ ပုံစံကတော့ ချက်ဘားထဲကနေပြီး ကိုယ်ရွှေ့ချင်တဲ့ အကွက်ကို အမိန့်ပေးရွှေ့ခိုင်းရတာဖြစ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ ဂိမ်းကိုကောင်းမွန်စွာကစားနိုင်ဖို့အတွက် အမျိုးမျိုးသော အမိန့်တွေပေးနိုင်အောင် လေ့လာထားဖို့လိုအပ်ပါတယ်။

အရင်ဆုံးစကစားမယ်ဆိုရင် သင်နဲ့ သင်နဲ့ဆော့မယ့် သူငယ်ချင်းတစ်ယောက်လိုအပ်ပါတယ်။ ပြီးရင်သင့်အနေနဲ့ သူနဲ့ချက်ဘောက်စ်ထဲမှာတွေ့ဖို့လိုအပ်ပြီး သူ့ကို ‘@fbchess play’ ဆိုပြီးပို့ပေးရမှာပါ။ အဲ့ဒီအခါ ကစားရမယ့် Chess ဘုတ်တစ်ခုပေါ်လာပြီး ကစားရမယ့်အရောင်ကိုတော့ ကျပန်းရွေးချယ်ပေးမှာပါ။ အဲ့ဒီအခါကျရင် သင့်အနေနဲ့စတင်ကစားလို့ရပါပြီ။ ကစားတဲ့ ချက်စ်အရုပ်တွေကို ဘေးနားမှာရှိနေတဲ့ နံပါတ်နဲ့ စာလုံးတွေပေါ်မူတည်ပြီး Algebraic နည်းလမ်းနဲ့ ရွှေ့ရမှာဖြစ်ပါတယ်။ အစပိုင်းမှာစိမ်းသလိုရှိပေမယ့် နောက်ပိုင်းဆော့ရင်းနဲ့ ရင်းနှီးသွားမှာပါ။

fbchess1

အမိန့်ပေးတဲ့နေရာမှာ ပြဿနာတစ်ခုရှိမှာကတော့ သင့်အနေနဲ့ ရွှေ့ရမယ့်အကွက်ကို အမိန့်ပေးရာမှာ သင့်အနေနဲ့ သင်ရွှေ့လိုတဲ့အရုပ်နဲ့အကွက်ကိုမရိုက်ခင် ရှေ့မှာ ‘@fbchess’ ဆိုတဲ့စကားလုံး ခံပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ဥပမာအနေနဲ့ ပွန်းကို H3 ကိုရွှေ့ချင်တယ်ဆိုရင် ‘@fbchess Ph3’ ဆိုပြီးရိုက်ပေးရမှာပါ။ အမိန့်ပေးတဲ့စကားတွေဟာ မှားလို့မရပါဘူး၊ ဒါကြောင့် ‘Ph3’ မှာ P ကိုစာလုံးအသေးနဲ့ရေးပြီး ‘ph3’ လို့ရိုက်လိုက်ရင် Error Message တက်လာမှာဖြစ်ပါတယ်။ သင်တခါလုပ်ပြီးရင်နောက်တစ်ခါက သင်နဲ့ဆော့နေတဲ့ သင့်သူငယ်ချင်းအလှည့်ဖြစ်ပါတယ်။

fbchess2

ကံကောင်းတာက တကယ်လို့သင့်အနေနဲ့ အမိန့်ပေးရမယ့် အရုပ်တွေနဲ့ အကွက်တွေမသိရင် ‘@fbchess help’ ဆိုပြီး ရိုက်လိုက်ရင် သင်ပေးရမယ့် Command အမိန့်ပုံစံတွေကျလာမှာဖြစ်ပါတယ်။ ဒါက သင့်အနေနဲ့ဆော့ရမှာ လွယ်တယ်လို့ပြောလို့မရတာတော့အမှန်ပါပဲ။

fbchess3

ဒါပေမယ့် တစ်ခါတစ်လေ ဘတ်စ်ကားပေါ်မှာ ကားပိတ်လို့ဆော့ချင်ရင်ဖြစ်ဖြစ်၊ အိမ်မှာပျင်းလို့ ဆော့ချင်ရင်ပဲဖြစ်ဖြစ်၊ ဘယ်လိုကျွမ်းကျင်တဲ့ ကစားသမားကိုမဆို ဖိတ်ခေါ်ပြီး ဖုန်းMessenger ကနေ လွယ်ကူစွာဆော့လို့ရမှာပါ။

 

Ref: Independent

You may be interested

Virtual Phone Number များဖန်တီးပေးမယ့် Apps များ
FEATURES, Softwares & Application
0 shares0 views

Virtual Phone Number များဖန်တီးပေးမယ့် Apps များ

Ko Thuya - Jul 27, 2017

အင်တာနက်မှ အချို့ ၀န်ဆောင်မှု၊ ၀က်ဆိုက်များဟာ နိုင်ငံ ကန့်သတ်ချက်ရှိပါတယ်။ အဲဒီ ၀က်ဆိုက်များမှာ အကောင့် ပြုလုပ်ချင်ရင် ဥပမာအားဖြင့် အမေရိကန်လို နိုင်ငံမှ ဖုန်းနံပါတ် တစ်ခု လိုအပ်ပါတယ်။ အဲဒီ ဖုန်းနံပါတ်ကို Verify လုပ်နိုင်မှသာ အကောင့် ပြုလုပ်နိုင်မှာပါ။ ဥပမာအားဖြင့်…

Jovago မှ လျော့ဈေးနှစ်ထပ်ကွမ်းရမည့် အစီအစဉ်သစ် Jovago Travel Smart ကို မိတ်ဆက်
Knowledge, Local, Local Market Review
33 shares5 views

Jovago မှ လျော့ဈေးနှစ်ထပ်ကွမ်းရမည့် အစီအစဉ်သစ် Jovago Travel Smart ကို မိတ်ဆက်

zayarsan - Jul 27, 2017

ပြင်သစ်အခြေစိုက် အွန်လိုင်းဟိုတယ်ဘွတ်ကင်ဝန်ဆောင်မှု ဝက်ဆိုက်ဒ် Jovago မှ ဝက်ဆိုက်ဒ်အသုံးပြုသူများအတွက် Jovago Travel Smart အမည်ရ လျော့ဈေးနှစ်ထပ်ကွမ်းရရှိမည့် ပရိုမိုးရှင်းအစီအစဉ်သစ်ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။ အဆိုပါအစီအစဉ်သစ်အရ Jovago င့် Jovago Mobile App တို့ကို ရှိနှင့်ပြီး…

ုခြင်အန္တရာယ်ကင်းဝေးစေရန် ရန်ကုန်၊ မန္တလေး ရှိ ဆေးရုံတွေမှာ LG က နည်းပညာများ ပံ့ပိုးကူညီ
HUBS, LG, Local
129 shares52 views

ုခြင်အန္တရာယ်ကင်းဝေးစေရန် ရန်ကုန်၊ မန္တလေး ရှိ ဆေးရုံတွေမှာ LG က နည်းပညာများ ပံ့ပိုးကူညီ

zayarsan - Jul 27, 2017

ကမ္ဘာ့ထိပ်တန်း အီလက်ထရောနစ်ကုမ္ပဏီ LG Electronics သည် နောက်ဆုံးပေါ် ခြင်ပြေးနည်းပညာဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ပြည်သူ့ကျန်းမာရေးဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံ (၁၀) ခုကို ပံ့ပိုးကူညီ ပေးခဲ့တယ် လို့ သိရပါတယ်။ ယခုနှစ်အစောပိုင်းကကျင်းပခဲ့တဲ့ LG ရဲ့ Valuable Night ပွဲကြီးတွင်…

Most from this category