0 Shares 635 Views

ခေါက်ချိုးဖုန်းဈေးကွက်ကို မိုက်ကရိုဆော့ဖ် ၀င်လာပြီ

Jan 23, 2017
0 635

ဆမ်ဆောင်း နဲ့ LG တို့ စတင် ထိုးဖောက်နေတဲ့ ခေါက်ချိုးဖုန်း Folded ဖုန်းဈေးကွက်ကို ကွန်ပျူတာကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ မိုက်ကရိုဆော့ဖ် လည်း ၀င်ရောက်လာပြီဖြစ်တယ် လို့ ဒေးလီးမေးလ် သတင်းစာကနေ ဒီကနေ့ ထုတ်ဖော်ရေးသားလိုက်ပါတယ်။

မိုက်ကရိုဆော့ဖ် က Folded Phone ဈေးကွက်မှာ ပြိုင်ပွဲဝင်မယ့် ဖုန်းအမျိုးအစား က Transformer လို့ အမည်ရပါတယ်။ အမှန်စင်စစ်တော့ ဖုန်းဆိုတာထက် Tablet ဆိုရင် ပိုမှန်ပါတယ်။ ပြီးခဲ့တဲ့ နှစ် ရဲ့ နှစ်ကုန်ပိုင်းမှာ ဆမ်ဆောင်း နဲ့ LG က ကွေးညွတ်နိုင်ပြီး Flexible ဖြစ်တဲ့ ပိုက်ဆံအိတ်သဏ္ဍာန် ဖုန်းအမျိုးအစားတွေကို ထုတ်လုပ်သွားမယ် လို့ ကြော်ငြာပြီးတဲ့နောက် မိုက်ကရိုဆော့ဖ် ကလည်း အခု လို ကြော်ငြာခဲ့တာ ဖြစ်ပါတယ်။.

အဲဒီ တက်ဘလက် ရဲ့ ထောင့်စွန်းမှာ ၀င်ရိုးပုံစံ အရှည်လိုက် ဘီး အစွန်းတစ်ခု ရှိနေပြိး အဲဒီ ၀င်ရိုးကနေ ခေါက်နိုင်တာ ၊ ဖွင့်ပိတ်နိုင်တာတွေကို ပြုလုပ်သွားမှာ ဖြစ်တယ် လို့ ပုံရိပ်တွေ နဲ့ တကွ ချပြခဲ့ပြီး ညာဏပစ္စည်း မူပိုင်ခွင့်ကိုပါ ဦးတည်လျှောက်ထားခဲ့ပါတယ်။

မိုက်ကရိုဆော့် ရဲ့ အဲဒီ Transformer Tablet ကို နာမည်ကျော် surface Laptop အထိကိုပါ ဒီဇိုင်းကူးပြောင်းသွားနိုင်ဖွယ်ရာ ရှိနေပြီး စမတ်ဖုန်း ၊ စမတ်ဖုန်းကင်မရာ၊ ရေစိမ်ခံစမတ်ဖုန်း၊ အကြမ်းခံစမတ်ဖုန်း၊ ဆဲလ်ဖီးစမတ်ဖုန်းတွေ ပြီးတဲ့နောက် နောက်ထပ် ဖြစ်ပေါ်လာနိုင်တဲ့ စစ်ပွဲတစ်ခု ဖြစ်တယ် လို့ ကျွမ်းကျင်သူတွေက ရှုမြင်ထားပါတယ်။

 

ဆမ်ဆောင်းခေါက်ချီုးဖုန်း ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
LG ခေါက်ချိုးဖုန်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

Ref : DailyMail

You may be interested

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
297 shares25 views

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
1111 shares128 views

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
34 shares9 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

Most from this category