0 Shares 15 Views

ဝါရှင်တန်ပြည်နယ်မှာ လူမဲ့ကားတွေစမ်းသပ်ခြင်းကို တိုးချဲ့မယ့် Google

Alphabet ကုမ္ပဏီက သူတို့ရဲ့ လူမဲ့ကားတွေမောင်းနှင်တဲ့ ပရောဂျက်ကို နောက်လမှာ ဝါရှင်တန်ပြည်နယ်က Kirkland မြို့ကိုတိုးချဲ့မှာဖြစ်ပြီး အလိုအလျောက်မောင်းနှင်ခြင်းကို စမ်းသပ်မယ့် တတိယမြောက်မြို့ဖြစ်လာမှာ ဖြစ်ပါတယ်။ Google ရဲ့ ကုမ္ပဏီကြီးဟာ အခုလို လူမဲ့မော်တော်ယာဉ်တွေစတင်စမ်းသပ် ထုတ်လုပ်တာကို ကယ်လီဖိုးနီးယားက Mountain View မှာပြုလုပ်ခဲ့ပြီး အော်စတင်နဲ့ တက်ခ်ဆက်စ်တို့မှာ ပြီးခဲ့တဲ့နွေရာသီကစတင်ခဲ့တာဖြစ်ပါတယ်။

Google က သူတို့ရဲ့ဖော်ပြချက်မှာ အမေရိကန်ပြည်ထောင်စုရဲ့ အနောက်မြောက်ပိုင်းမှာ စမ်းသပ်တာဟာ မတူညီတဲ့ပတ်ဝန်းကျင်မှာမောင်းနှင်မှု၊ လမ်းပုံစံနဲ့ လမ်းတည်နေရာ စတဲ့ကားအတွက် အတွေ့အကြုံတွေတိုးလာစေမှာ ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ Kirkland ဟာ မိုးရတဲ့ ရာသီရှိတဲ့ဒေသဖြစ်ပြီး စိုစွတ်တဲ့ရာသီဥတုကို စမ်းသပ်ဖို့အတွက် အဆင်ပြေတာဖြစ်ပါတယ်။ တောင်တွေရှိတဲ့ဒေသ ဖြစ်တဲ့အလျောက် မတူညီတဲ့ ထောင့်တွေနဲ့ အနိမ့်အမြင့်တွေဟာ ကားထဲက ဆန်ဆာတွေကို စမ်းသပ်နိုင်မှာဖြစ်ပါတယ်။ သူတို့အနေနဲ့ လူမဲ့ကားအတွက် မိုင်ပေါင်း ၁.၄သန်းကို စမ်းသပ်မောင်းနှင်ပြီးပြီလို့ဆိုပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်သယ်ယူပို့ဆောင်ရေးဌာနဟာ အလိုအလျောက်မောင်းနှင်တဲ့ကားတွေ ပိုမိုမြန်ဆန်ထိရောက်မှု ရှိစေဖို့အတွက် စက်ပစ္စည်းလုံခြုံရေး စည်းမျဉ်းတွေကို လျှော့ချပေးဖို့ရှိတယ် လို့ဆိုခဲ့တာပါ။ အလိုအလျောက်မောင်းနှင်တဲ့ ကားတွေ ထုတ်လုပ်နိုင်တဲ့ ပြိုင်ပွဲတစ်ရပ်ဖြစ်လာဖို့အတွက် ကားထုတ်လုပ်သူတွေနဲ့ နည်ပညာကုမ္ပဏီတွေကို Google က ရှေ့ဆောင်လမ်းပြခဲ့တယ်လို့တောင်ဆိုရမှာဖြစ်ပါတယ်။

google self driving car logl

Ref: Gadgets360

You may be interested

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
0 shares0 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။
FEATURES, Pc & Laptops, Softwares & Application
119 shares30 views

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။

Ko Thuya - Feb 19, 2018

Smartphones,Tablets,Macs,Linux မှာ Programs တွေကိုလျှင်လျှင်မြန်မြန် အင်စတောလုပ်နိုင်ပေမယ့် Windows မှာ Programs တွေကို အင်စတောလုပ်ရတာ အနည်းငယ်အလုပ်ရှုပ် ပါတယ်။ Windows မှာ Programs တွေကို အင်စတောလုပ်ရင် Wizard တွေကိုတွေ့ မြင်ရမှာဖြစ်ပြီးတစ်ဆင့်ချင်းလုပ်ဆောင်ရတာဖြစ်ပါတယ်။ကွန်ပြူတာအသစ်ဝယ်လို့ ပဲဖြစ်ဖြစ် ၊၀င်းဒိုးအသစ်တင်လို့ ပဲဖြစ်ဖြစ်…

Nokia 10 နဲ့ပတ်သတ်တဲ့ specification များ
Mobiles & Tablets, NEWS, Nokia
283 shares329 views

Nokia 10 နဲ့ပတ်သတ်တဲ့ specification များ

Ko Thuya - Feb 19, 2018

[Zawgyi] လာမယ့် MWC 2018 ပွဲအတွက် HMD က အားလုံးအံ့အားသင့်သွားစေမယ့်အရာတစ်ခု မိတ်ဆက်မယ်လို့ ကြေညာခဲ့ပြီးသားပါ။ ဒီပွဲမှာ ဖုန်းပေါင်းများစွာပြသမှာဖြစ်ပြီး Nokia 4, Nokia 5 2018, Nokia 7 Plus နဲ့ Nokia 6…

Most from this category