0 Shares 41 Views

(၈) ကြိမ်မြောက် ဘားကမ့် ရန်ကုန် ကျင်းပမည်

Jan 23, 2017
0 41

၂၀၁၀ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း MCPAနဲ ထက်မြက်တဲ့ အိုင်တီလူငယ်တွေကနေ ဦးဆောင် စတင်ကျင်းပလာခဲ့တဲ့ သတင်း နဲ့ နည်းပညာ နှီးနှောဖလှယ်ပွဲတစ်ခု ဖြစ်တဲ့ BarCamp Yangon (ဘားကမ့်ရန်ကုန်) ကို (၈)ကြိမ်မြောက်အဖြစ် လာမယ့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တွေမှာ မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပသွားမှာ ဖြစ်တယ် လို့ သတင်းရရှိပါတယ်။

ဘားကမ့်ရန်ကုန် ကို မည်သူမဆို အခမဲ့တက်ရောက် နိုင်ပြီး လှိုင်တက္ကသိုလ် နယ်မြေရှိ MICT Park ၀င်းအတွင်းမှာ ကျင်းပသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

ဘားကမ့်ရန်ကုန် ကို အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခု အဖြစ် ဖွဲ့စည်းထားပြီး Conferences နဲ့ un-Conferences Types နှစ်မျီုး နဲ့ ကျင်းပလေ့ရှိပြီး ဘားကမ့်(ပြည်)၊ ဘားကမ့်(မုံရွာ) အစရှိသဖြင့်လည်း နယ်၊ မြို့တွေအထိ သွားရောက်ပြီး အင်တာနက်၊ သတင်းနည်းပညာ ကဏ္ဍတွေကို အများပြည်သူလူထု ထဲထဲဝင်ဝင် သိရှိအောင် နည်းပညာသတင်း နဲ့ ဆွေးနွေးချက်တွေကို ဖြန့်ဝေပေးလေ့ရှိတဲ့ ဆွေးနွေးပွဲတွေ ဖြစ်တဲ့အတွက် နည်းပညာကို စိတ်ဝင်စားကြတဲ့ လူငယ်၊ လူရွယ်တွေတိုင်း သွားရောက် လေ့လာကြလေ့ရှိတဲ့ ဖိုရမ်တစ်ခုလည်း ဖြစ်တယ် လို့ သိရပါတယ်။

You may be interested

Google က အိန္ဒိယမှာ AI စနစ်နဲ့ ရေကြီးမှုကို ခန့်မှန်းပေးနေ
NEWS, Softwares & Application, Tech Update
0 shares0 views

Google က အိန္ဒိယမှာ AI စနစ်နဲ့ ရေကြီးမှုကို ခန့်မှန်းပေးနေ

Ko Thuya - Sep 26, 2018

Google က ဒေသတွင်း အစိုးရ ဌာနများနဲ့ ပူးပေါင်း၍ Maps နဲ့ Search တို့မှာ သဘာဝ ဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး အသိပေးမှုများ ပြုလုပ်နေတာ နှစ်များစွာ ကြာနေပါပြီ။ အခုလည်း ဂူဂယ်လ်က အိန္ဒိယမှာ AI ကို သုံး၍…

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်
Gadgets, NEWS
26 shares10 views

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်

Ko Thuya - Sep 26, 2018

အမေရိကန် လူမျိုး ၁၀ ကနေ ၈၀ ရာခိုင်နှုန်းဟာ ဗီတာမင် ဒီ အားနည်းနေပါတယ်။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း နည်းပညာ တက္ကသိုလ်၊ အသုံးချ ဓါတုဗေဒနဲ့ ပတ်ဝန်းကျင် သိပ္ပံပညာ ဌာနမှ ပါမောက္ခ ဖြစ်သူ Bansal က ဒီ…

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
HUBS, Vivo
38 shares57 views

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Creepy Tyler - Sep 26, 2018

ရန်ကုန်၊ မြန်မာ၊ စက်တင်ဘာ ၂၅၊ ၂၀၁၈ - Vivo မှ ၎င်း၏ထုတ်ကုန်သစ်ဖြစ်သည့် ဆန်းသစ်သော Vivo V11 စမတ်ဖုန်း ကို ယနေ့တွင် မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။ နာမည်ကျော် လူကြိုက်များသော V အမျိုးအစား စမတ်ဖုန်းများ စာရင်းဝင် ဤ ဥာဏ်ရည်တု AI…

Most from this category