0 Shares 66 Views

Sonos က သူ့ရဲ့ စပီကာများမှာ Alexa ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက် ထည့်သွင်းမည်

Jan 22, 2017
0 66

Sonos က သူ့ရဲ့စပီကာများကို အသံအမိန့်ဖြင့် ထိန်းချုပ်နိုင်ဖို့အတွက် Amazon Alexa ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို ထည့်သွင်းဖို့ စီစဉ်နေပါတယ်။ Amazon Alexa သာမက Google Assistant ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကိုလည်း ထည့်သွင်းကောင်း ထည့်သွင်းနိုင်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။

ကုမ္ပဏီများစွာဟာ Amazon Echo လို စမတ်စပီကာများကို တီထွင်ချင်နေပေမယ့် Sonos ကတော့ သူ့ရဲ့ စပီကာများမှာ ထူးခြားဆန်းသစ်တဲ့ စွမ်းဆောင်ချက်များကို ထည့်သွင်းဖို့ အမြဲကြိုးစားနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လမှာ သူ့ရဲ့ လက်ရှိ စပီကာများအတွက် Amazon Echo ကို ထောက်ပံ့မှုကို ပြုလုပ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

Sonos က သူ့ရဲ့ စပီကာများကို Amazon Echo နဲ့ Dot ပိုင်ရှင်များက ထိန်းချုပ်နိုင်မယ့် စွမ်းဆောင်ချက်ကို စမ်းသပ်နေတယ်လို့ Variety က ဆိုပါတယ်။ Variety က Alexa နဲ့ မိုက်ကရိုဖုန်းပါတဲ့ စပီကာအသစ်များကို ထုတ်လုပ်ရောင်းချဖို့ စီစဉ်နေတယ်လို့လည်း ရေးသားထားပါတယ်။ Sonos ရဲ့ စီအီးအို ဖြစ်သူ Patrick Spence က ဒီလို အစီအစဉ်ရှိတယ်လို့ တရားဝင် ပြောကြားထားပါတယ်။

Alexa သာမက Sonos စပီကာများကို အခြား ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်များဖြင့်လည်း ထိန်းချုပ်နိုင်ပါတယ်။ Sonos ဟာ Google Assistant ပါတဲ့ Google Home ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

ref : pocket lint

You may be interested

Galaxy S8 ရဲ့ကင်မရာမှာ Portrait Mode လုပ်ဆောင်ချက်သုံးစွဲလာနိုင်ဖွယ်ရှိ
HUBS, Mobiles & Tablets, NEWS
0 shares0 views

Galaxy S8 ရဲ့ကင်မရာမှာ Portrait Mode လုပ်ဆောင်ချက်သုံးစွဲလာနိုင်ဖွယ်ရှိ

Ko Thuya - Oct 17, 2017

ကိုရီးယားစမတ်ဖုန်းကုမ္မဏီဆမ်ဆောင်းအနေနဲ့ နောက်ကျောဘက်ကင်မရာတခုသာတပ်ဆင်ပေးထားတဲ့ Galaxy S8 အား Software အသစ်ထပ်ထုတ်ပြီးတော့ Portrait Mode လုပ်ဆောင်ချက်ကိုထည့်သွင်းပေးလာ နိုင်ပါတယ်။ ဆမ်ဆောင်းအနေနဲု့လုပ်ဆောင်ချက်အဆင့်တိုးမြင့်ပေးချင်တဲ့ စမတ်ဖုန်းတွေကို Software Update အသစ်တွေထပ်ထုတ်ပေးလေ့ရှိတဲ့အတိုင်း Galaxy Note 8 မတိုင်ခင်ထုတ်လုပ်ဖြန့်ချိထားတဲ့ Galaxy S8…

Facebook မှ ပရိုဖိုင်မှာ CV Form ထည့်သွင်းနိုင်တော့မလား ?
Facebook, HUBS, NEWS
63 shares5 views

Facebook မှ ပရိုဖိုင်မှာ CV Form ထည့်သွင်းနိုင်တော့မလား ?

Ko Thuya - Oct 17, 2017

Facebook က ပရိုဖိုင်မှာ Resume/CV Form ထည့်သွင်းနိုင်တဲ့ Feature ကို စမ်းသပ်နေတယ်လို့ The Next Web က ပြောပါတယ်။ Facebook ဟာ LinkedIn လိုမျိုး အလုပ်အကိုင်ဈေးကွက်ကို စိတ်ဝင်စားနေတယ်ဆိုတာ ဖော်ပြနေပါတယ်။ Facebook ဟာ…

Google က Drone များဖြင့် သြစတြေးလျမှာ အစားအစာများ ပို့ပြီ
Drone, Google, HUBS
80 shares6 views

Google က Drone များဖြင့် သြစတြေးလျမှာ အစားအစာများ ပို့ပြီ

Ko Thuya - Oct 17, 2017

Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ရဲ့ Project Wing က ဒရုန်းများဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးတဲ့ နည်းပညာကို စမ်းသပ်ဖို့ သြစတြေးလျ ကုမ္ပဏီနှစ်ခုနဲ့ ပူးပေါင်းလိုက်ပါတယ်။ Project Wing နဲ့ပူးပေါင်းလိုက်တဲ့ ကုမ္ပဏီနှစ်ခုမှာ မက္ကဆီကို အစားအစာ ထုတ်လုပ်သူ…

Most from this category