0 Shares 455 Views

ပိုးစားသွားတဲ့ သွားများ ပြန်ကောင်းလာမယ့် နည်းပညာ

Jan 22, 2017
0 455

ဆေးသိပ္ပံပညာဟာ အလွန် တိုးတက်ထွန်းကားလာပေမယ့် ပိုးစားသွားတဲ့ သွားများကို ပြန်ကောင်းလာအောင်တော့ မကုသနိုင်သေးပါဘူး။ ပိုးစားသွားတဲ့ နေရာကို သတ္တု သို့မဟုတ် ပလတ်စတစ်ဖြင့် ဖာထေး ကြရပါတယ်။

အခုတော့ ဗြိတိန်နိုင်ငံ King College London မှ သုတေသနပညာရှင်များက ပိုးစားသွားတဲ့ သွားများကို ပကတိအတိုင်း ပြန်လည် ကောင်းလာစေမယ့် နည်းပညာကို တီထွင်လိုက်ပါတယ်။ သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုကို Science Reports Journal မှာ ရေးသားထားပါတယ်။ သူတို့ရဲ့ နည်းပညာက အယ်လ်ဇိုင်းမား ဝေဒနာရှင်များအတွက် သုံးတဲ့ ဆေးဝါးတစ်ခုကို အသုံးပြုတာ ဖြစ်ပါတယ်။

အဲဒီ နည်းပညာက အနာဂတ်မှာ ပိုးစားသွားတဲ့ သွားများကို သဘာဝအတိုင်း ပြန်လည် ဖာထေးပေးနိုင်ပါတယ်။ လူ့ခန္တာကိုယ်ဟာ Pulp လို့ ခေါ်တဲ့ သွားရဲ့ အတွင်းပိုင်း အစိတ်အပိုင်းများရဲ့ ပင်မဆဲလ်များကို လှုံ့ဆော်ခြင်းဖြင့် သွားပိုးစားမှု အနည်းငယ်ကို အလိုလို ကုစားနိုင်ပါတယ်။ ဒါပေမယ့် များပြားတဲ့ သွားပိုးစားမှုများအတွက်တော့ ခန္တာကိုယ်က အလိုလို မကုစားနိုင်ပါဘူး။

အဲဒီစီမံကိန်းကို ဦးဆောင်နေသူ Paul Sharpe က သူတို့ဟာ ပင်မဆဲလ်များကို လှုံ့ဆော်ခြင်းဖြင့် ပိုးစားသွားတဲ့ နေရာများကို သဘာဝအတိုင်း ကုသပေးနိုင်ဖို့ မျှော်လင့်ပါတယ်လို့ ပြောပါတယ်။ သူတို့ရဲ့ နည်းပညာဟာ အရွယ်ကြီးမားတဲ့ ပိုးစားမှုများကိုတောင် ကုစားပေးနိုင်ဖို့ ပညာရှင်များက မျှော်လင့်ထားပါတယ်။ လာမယ့်နှစ်မှာ သူတို့ရဲ့ ကုထုံးကို ဆေးရုံ၊ ဆေးခန်းများမှာ စမ်းသပ်မှာ ဖြစ်ပါတယ်။

ref : digital trends

You may be interested

သင် တစ်နေ့လျှင် Facebook ဘယ်နှနာရီ သုံးသလဲဆိုတာ ဘယ်လို သိမလဲ ?
HOW TO, Softwares & Application, Softwares & Application
0 shares0 views

သင် တစ်နေ့လျှင် Facebook ဘယ်နှနာရီ သုံးသလဲဆိုတာ ဘယ်လို သိမလဲ ?

Ko Thuya - Sep 26, 2018

Facebook က Android App မှာ Your Time on Facebook အမည်ရ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ သူက တစ်နေ့လျှင် သင် Facebook ကို အချိန်ဘယ်လောက် သုံးသလဲ ဆိုတာကို တစ်နေ့ချင်းစီအတွက် ပြသပေးထားပါတယ်။ တစ်နေ့လျှင်…

လက်ဗွေစနစ်နဲ့ တံခါးအဖွင့်အပိတ်ပြုလုပ်လို့ရမယ့် Lockly ရဲ့ Sucure Plus Lock
Gadgets, NEWS
38 shares8 views

လက်ဗွေစနစ်နဲ့ တံခါးအဖွင့်အပိတ်ပြုလုပ်လို့ရမယ့် Lockly ရဲ့ Sucure Plus Lock

Ko Thuya - Sep 26, 2018

အခုဆိုရင် နေအိမ်တံခါးများမှာ Smart Lock များကို အသုံးပြုလာကြပါပြီ။ အခုလည်း Lockly က ထူးခြား ဆန်းသစ်တဲ့ စမတ် လော့ခ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Secure Plus Lock ဖြစ်ပြီး သူ့မှာ 3D Fingerprint…

Xiaomi Black Shark 2 ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
76 shares36 views

Xiaomi Black Shark 2 ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ

Ko Thuya - Sep 26, 2018

Xiaomi က သူ့ရဲ့ ပထမဆုံး Gaming Phone ကို ယခုနှစ် ဧပြီလမှာ ကြေညာခဲ့ပါတယ်။ အခုတော့ တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) မှ မှတ်ပုံတင် သတင်းအချက်အလက်များ ထွက်ပေါ်လာတဲ့ အတွက် Xiaomi ဟာ ဒုတိယ…

Most from this category