0 Shares 18 Views

ယခုအချိန်ထိ Android Marshmallow စနစ်ကို သုံးသူမရှိသလောက်နည်းနေ

Feb 04, 2016
0 18

နောက်ဆုံးထွက် Android မိုဘိုင်းလည်ပတ်မှုစနစ်ဖြစ်တဲ့ Android Marshmallow ဟာ စတင်ထွက်ရှိပြီးနောက်၊ ယခု လအတော်ကြာသည့်တိုင်၊ သုံးစွဲသူ မရှိသလောက်နည်းနေသေးကြောင်း သိရပါတယ်။

Android 6.0 Marshmallow ဟာ အောက်တိုဘာလအစောပိုင်းမှာစတင်ထွက်ရှိခဲ့ပြီး၊ ယခုအခါ Android ဖုန်း၊တက်ဘလက်စုစုပေါင်းရဲ့ ၁.၂ ရာခိုင်နှုန်း မှာသာ လည်ပတ်မှုရှိနေကြောင်း Google ရဲ့ တရားဝင် Android Developer Dashboard မှာ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ ၁ လတုန်းက Marshmallow တင်ထားသူဟာ ၀.၇ ရာခိုင်နှုန်းသာရှိတာကြောင့် ယခုလို ၁.၂ ရာခိုင်နှုန်း ရောက်ရှိလာတာဟာ သုံးစွဲသူအများကြီးတိုးပွားလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Android စနစ်တစ်ခုချင်းစီရဲ့ ဈေးကွက်ဝေစုပမာဏကို လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်း Google Play Store ကို ၀င်ရောက်ခဲ့တဲ့ဖုန်း၊တဘလက်တွေ အပေါ်မူတည်ပြီး တွက်ချက်ခဲ့တာဖြစ်တယ်လို့လည်း Google က ဖော်ပြထားပါတယ်။

လက်ရှိမှာ Google က ထုတ်တဲ့ စမတ်ဖုန်းမော်ဒယ်အသစ် Nexus 5X နဲ့ Nexus 6P တို့မှာ Android Marshmallow စနစ်က တပါတည်းပါဝင်လာတာဖြစ်ပြီး၊ LG ကလည်း G4 စမတ်ဖုန်းတွေမှာ Marshmallow ကို တပါတည်းထည့်သွင်ပေးထားတာကို တွေ့ရပါတယ်။ တခြား ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Samsung ကည်း၊ ယခုနှစ်မှာ ထွက်ရှိမယ့်ဖုန်းတွေမှာ Marshmallow ကို ထည့်ပေးသွားမှာဖြစ်တာကြောင့် Marshmallow အသုံးပြုမှုနှုန်းဟာ အများကြီးဆက်တိုးလာဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

Android စနစ်တွေထဲမှာ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ Lollipop စနစ်က ၃၄.၁ ရာခိုင်နှုန်း၊ Lollipop အရင်ထွက်တဲ့ KitKat က ၃၅.၅ ရာခိုင်နှုန်းနဲ့ အများဆုံး၊ Jelly Bean စနစ်က ၂၃.၉ ရာခိုင်နှုန်း၊ ၂၀၁၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Gingerbread နဲ့ Ice Cream Sandwich တို့က ၂.၅ နဲ့ ၂.၇ ရာခိုင်နှုန်း အသီးသီးရှိပါတယ်။

Ref: Cnet

 

 

You may be interested

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်

Ko Thuya - Sep 26, 2017

သုတေသနအဖွဲ့အစည်း KGI ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က Apple iPhone X ရဲ့ ကြိုတင်အမှာစာဟာ သန်း ၄၀ ကနေ ၅၀ ကျော်ရှိမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ သူက “ ၂၀၁၄ ခုနှစ်ထုတ် iPhone…

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်
smartwatch
0 shares7 views

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်

Zar Ni Nyein Tun - Sep 26, 2017

Verizon Wireless ရဲ့ 4G LTE-connect ဖြစ်တဲ့ Wear24 ကို မေလက $ 300 နဲ့ စတင်ေ၇ာင်းချခဲ့တာဖြစ်ပါတယ်။ဒီ smartwatch ဟာ Google ရဲ့ Android Wear 2 software နဲ့ 1.4-inch…

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ
Tech Update, Vivo
103 shares144 views

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ

Zar Ni Nyein Tun - Sep 26, 2017

 သက်တမ်းအရ နုပေမယ့် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းတံဆိပ် အတွင်းသို့ ဝင်ရောက်လာသော Vivo က သူ့ရဲ့နောက်ဆုံးပေါ် flagship V7+ ကို မြန်မာပြည်ဈေးကွက်မှာ မနေ့က မိတ်ဆက်လိုက်တာဖြစ်ပါတယ်။။ V7+ က စမတ်ဖုန်းလောကမှာ ပထမဆုံးဖြစ်တဲ့ FullViewTM မျက်နှာပြင်နဲ့ အတူ 24MPရှိ…

Most from this category