0 Shares 94 Views

Android Pay မှာ PayPal Cards နဲ့ Visa Checkout တို့ကို သုံးနိုင်မည်

Jan 22, 2017
0 94

Android Pay App အတွက် Version 1.13 ကို မကြာခင်က အဆင့်မြှင့်ပေးခဲ့ပါတယ်။ အဲဒီဗားရှင်းမှာ User Interface ပြောင်းလဲမှု သိပ်မရှိပေမယ့် APK ကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာ Android Pay အတွက် အနာဂတ်မှာ ထည့်သွင်းမယ့် စွမ်းဆောင်ချက်များကို တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ Android Pay App မှာ PayPal Cards နဲ့ Visa Checkout တို့ကို အနာဂတ်မှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Android Pay ကို လက်ခံတဲ့ ဈေးဆိုင်များကို ရောက်ရင် App က အသိပေးနိုင်တဲ့ စွမ်းဆောင်ချက်လည်း ပါလာပါတယ်။ ငွေပေးချေမှု တစ်ခုပြီးတိုင်းလည်း ၀ယ်ယူမှု အသေးစိတ်ကို ပြသပေးမယ့် Notification ကို ရရှိမှာ ဖြစ်ပါတယ်။

Visa Checkout ကို Masterpass နဲ့အတူ ယခင်နှစ် အောက်တိုဘာလမှာ စတင် ၀န်ဆောင်မှုပေးခဲ့တာ ဖြစ်ပြီး Visa Card ကိုင်ဆောင်သူများက Credit Card သတင်းအချက်အလက်များကို ထည့်သွင်းစရာမလိုဘဲ ငွေပေးချေနိုင်တာ ဖြစ်ပါတယ်။ ၀န်ဆောင်မှုများနဲ့ ဘဏ်များကို Android Pay အပါအ၀င် မိုဘိုင်းငွေပေးချေမှု စနစ်များမှာ ထည့်သွင်းနိုင်တာနဲ့အမျှ အနာဂတ်မှာ ငွေပေးချေဖို့အတွက် Credit Cards နဲ့ Debit Cards များ ကိုင်ဆောင်စရာမလိုတော့ဘဲ နေ့စဉ် ကိုင်ဆောင်နေတဲ့ စမတ်ဖုန်းရှိရုံနဲ့ အလုပ်ဖြစ်ပါပြီ။ ကမ္ဘာအ၀န်းမှာ မိုဘိုင်းငွေပေးချေမှုကို လက်ခံတဲ့ စနစ်များ၊ ဈေးဆိုင်များ ပေါများစွာ ပေါ်ပေါက်လာဖို့ပဲ လိုအပ်ပါတော့တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။

ref : gsm arena

You may be interested

WWDC 2018 မှာ Apple ကြေညာနိုင်တဲ့ အရာများ
FEATURES, gadgets, Mobile & Tablets
137 shares26 views

WWDC 2018 မှာ Apple ကြေညာနိုင်တဲ့ အရာများ

Ko Thuya - May 23, 2018

Apple က ဇွန်လ ၄ ရက်နေ့မှာ ကျင်းပမယ့် WWDC 2018 ပွဲအတွက် ဖိတ်စာများကို ဝေငှလိုက်ပါပြီ။ အဲဒီပွဲမှာ iOS 12 , macOS 11.14 တို့ကို ကြေညာမှာ သေချာပါတယ်။ ဒါ့အပြင် အခြား ၀န်ဆောင်မှုများနဲ့…

တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် Helio P22 SoC ကိုမိတ်ဆက်ပေးလိုက်တဲ့ MediaTek
Android, Chipset, HUBS
79 shares8 views

တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် Helio P22 SoC ကိုမိတ်ဆက်ပေးလိုက်တဲ့ MediaTek

Tha Ra - May 23, 2018

[Zawgyi] MediaTek Helio P22 SoC ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Helio P22 SoC ဟာ တန်ဖိုးနည်း စမတ်ဖုန်းတွေမှာ ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ System-on-chip (SoC) ဖြစ်ပါတယ်။…

ယခုနှစ်မှာ မိတ်ဆက်မယ့် iPhone များအတွက် A12 Chip များကို စတင် ထုတ်လုပ်နေပြီ
Apple, Chipset, HUBS
124 shares17 views

ယခုနှစ်မှာ မိတ်ဆက်မယ့် iPhone များအတွက် A12 Chip များကို စတင် ထုတ်လုပ်နေပြီ

Ko Thuya - May 23, 2018

Apple ဟာ စက်တင်ဘာလလောက်မှာ အိုင်ဖုန်း အသစ်များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းများမှာ iPhone XI Plus , iPhone XI နဲ့ ဈေးသက်သာတဲ့ LCD iPhone X တို့ ဖြစ်ပြီး LCD…

Most from this category