LG G6 မှာ Google Assistant ပါမည်
Business Korea ရဲ့ သတင်းအရ LG က G6 မှာ Google Assistant ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက် ထည့်သွင်းဖို့အတွက် Google နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းသာမှန်မယ်ဆိုရင် LG ဟာ Google Assistant ကို ပထမဆုံး အသုံးပြုနိုင်တဲ့ စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာမှာပါ။ လက်ရှိမှာတော့ Google Assistant ကို Google Pixel နဲ့ Pixel XL တို့မှာသာ အသုံးပြုနိုင်ပါသေးတယ်။
LG က သူ့ရဲ့ စမတ်ဖုန်းများမှာ Google Assistant ကို ထည့်သွင်းဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်း အပြင် Amazon ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ဖြစ်တဲ့ Alexa ကိုလည်း LG က သူ့ရဲ့ ထုတ်ကုန်များမှာ ထည့်သွင်းဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းကလည်း ထွက်ပေါ်နေပါတယ်။ LG က Amazon Alexa ကို စမတ်ရေခဲသေတ္တာများ၊ အ၀တ်လျှော်စက်များမှာ ထည့်သွင်းမယ်လို့ ထင်ရပါတယ်။ LG က ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်များနဲ့ IoT Devices နယ်ပယ်မှာ အရှိန်တိုးမြှင့်ဖို့ ကုမ္ပဏီများစွာနဲ့ အလုပ်လုပ်နေပုံပေါ်ပါတယ်။
LG က Google နဲ့ ပူးပေါင်းပြီး စမတ်နာရီများကိုလည်း ဖန်တီးနေတယ်ဆိုတဲ့ သတင်းများလည်း ထွက်ပေါ်နေပါတယ်။ LG ဟာ လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ G6 ကို မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။
ref : droid-life
You may be interested

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ်လ ၅ ရက်နေ့မှာ ကြေညာမည်
Ko Thuya - Feb 23, 2019OPPO က F11 Pro ရဲ့ Teaser များကို ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက စတင် မျှဝေနေပါတယ်။ အခုတော့ ကုမ္ပဏီက မတ်လ ၅ ရက်နေ့မှာ သူ့ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီက သူ့မှာ 48MP+5MP…

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Ko Thuya - Feb 23, 2019ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
Ko Thuya - Feb 23, 2019သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…