0 Shares 42 Views

LG ရဲ့ Music Flow Speaker များမှာ Google Assistant ထည့်သွင်းမည်

Jan 21, 2017
0 42

Amazon ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Alexa ရဲ့ ပြိုင်ဖက်ဖြစ်တဲ့ Google Assistant ကို LG ရဲ့ Music Flow Speaker များမှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ Google က သူ့ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို Third-Party Device ထုတ်လုပ်သူများရဲ့ ကိရိယာများမှာ အသုံးပြုနိုင်ဖို့အတွက်ကိုလည်း ဖန်တီးပေးထားပါတယ်။

LG က Music Flow Speaker စနစ်ကို ၂၀၁၅ ခုနှစ်က စတင် ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပြီး စပီကာကို ထိန်းချုပ်ဖို့နဲ့ အခန်းများစွာမှာ သူ့ရဲ့ စပီကာများကို ချိတ်ဆက် နားဆင်ဖို့အတွက် Mobile App ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။

ဒါ့အပြင် LG ရဲ့ ၀န်ထမ်းတစ်ဦးက ဖိုရမ်တစ်ခုမှာ ရေးသားထားချက်အရ LG ဟာ Google Assistant သာမကဘဲ Google Chromecast Multiroom Audio ကိုလည်း Music Flow Speakers များမှာ ထည့်သွင်းမှာ ဖြစ်ပါတယ်။ Chromecast Wireless Multiroom Audio ဟာ အခန်းများစွာမှ စပီကာများကို ချိတ်ဆက်အလုပ်လုပ်စေတာ ဖြစ်ပြီး Chromecast Audio ဖြန့်ချီစဉ်ကတည်းက ပါရှိလာတာ ဖြစ်ပါတယ်။

ref : pocket lint

You may be interested

လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်
NEWS, Tech Update
0 shares0 views

လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်

Ko Thuya - Jul 17, 2018

လေဆိပ်များဟာ အရွယ်အစား ကြီးမားပြီး လူများစွာ ရှိတဲ့အတွက် သင်သွားမယ့် ဂိတ်ပေါက်များကို ရှာဖွေရတာ မလွယ်ကူပါဘူး။ လေဆိပ်ထဲမှာ တိုင်ပတ်နေကြရပါတယ်။ အခုတော့ KLM Royal Dutch Airlines က လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်ကို ဖန်တီးလိုက်ပါတယ်။ စက်ရုပ်ရဲ့…

iPhone X ရဲ့ Animojis ကို Android Phone တိုင်းမှာ ဘယ်လို သုံးမလဲ ?
FEATURES, Softwares & Application
110 shares20 views

iPhone X ရဲ့ Animojis ကို Android Phone တိုင်းမှာ ဘယ်လို သုံးမလဲ ?

Ko Thuya - Jul 17, 2018

Apple က iPhone X မှာ Augemted Reality နဲ့ Truedepth Camera နည်းပညာကို အသုံးပြုထားတဲ့ Animojis လုပ်ဆောင်ချက်ကို မိတ်ဆက်ခဲ့ပါတယ်။ Animojis ဟာ လူ့မျက်နှာ အမူအရာနဲ့ လှုပ်ရှားမှုအတိုင်း Emoji များက တုပ…

Samsung Galaxy Note 9 ဟာ Galaxy S9 နဲ့ iPhone X တို့ထက် ပိုမြန်မည်
Android, HUBS, Mobiles & Tablets
265 shares53 views

Samsung Galaxy Note 9 ဟာ Galaxy S9 နဲ့ iPhone X တို့ထက် ပိုမြန်မည်

Ko Thuya - Jul 17, 2018

Samsung Galaxy Note 9 ဟာ အလွန် စွမ်းရည်မြင့်မယ့် ဖုန်းဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူဟာ မျှော်မှန်းထားတာထက်တောင် ပိုစွမ်းရည်ပြည့်မယ်လို့ သတင်းထွက်လာပါတယ်။ သူ့မှာ ဆမ်ဆောင်း မကြေညာရသေးတဲ့ Exynos 9820 Chipset ပါလာမှာ ဖြစ်ပါတယ်။ Chip…

Most from this category