0 Shares 91 Views

Tag Heuer က စမတ်နာရီ အသစ်တစ်လုံး မေလမှာ မိတ်ဆက်မည်

Jan 21, 2017
0 91

တန်ဖိုးကြီး နာရီများကို ထုတ်လုပ်ရောင်းချနေတဲ့ Tag Heuer က ယခုနှစ် မေလမှာ စမတ်နာရီ အသစ်တစ်လုံးကို မိတ်ဆက်မယ်လို့ သိရပါတယ်။ Tag Heuer ဟာ လွန်ခဲ့တဲ့ နှစ်များအတွင်းက ကမ္ဘာ့ ပထမဆုံး တန်ဖိုးကြီး Android Smartwatch တစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ရဲ့ အမည်ကတော့ Connected ဖြစ်ပါတယ်။ ယခု သတင်းကို ကုမ္ပဏီရဲ့ စီအီးအို ဖြစ်သူ Jean-Claude Biver က မကြာခင်က အင်တာဗျူး တစ်ခုမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

Biver က အဲဒီစမတ်နာရီမှာ GPS ပါပြီး ဘက်ထရီ သက်တမ်း အလွန် ကောင်းမွန်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် မျက်နှာပြင် အရည်အသွေးကလည်း ယခင်မျိုးဆက်ထက် ပိုမိုကောင်းမွန်လာမယ်လို့ ပြောပါတယ်။ အခြား သတင်းအချက်အလက်များကိုတော့ သူက ပြောကြားခြင်း မရှိသေးပါဘူး။ အဲဒီ စမတ်နာရီမှာ Android Wear 2.0 မောင်းနှင်မယ်လို့ ယူဆရပြီး လာမယ့် လမှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ မေလကျမှ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ တန်ဖိုးကြီးနာရီများကို ထုတ်လုပ်ရောင်းချတဲ့ ထုံးစံအတိုင်း စမတ်နာရီ အသစ်ရဲ့ ဈေးနှုန်းကလည်း ဒေါ်လာ ၁၅၀၀ ၀န်းကျင်ရှိမှာပါ။ ကုမ္ပဏီက စမတ်နာရီအသစ်ကို အလုံးရေ ၁၅၀ ၀၀၀ လောက်ရောင်းချရမယ်လို့ ခန့်မှန်းထားပါတယ်။

ref : gsm arena

You may be interested

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်
Android, Huawei, HUBS
0 shares0 views

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်

Ko Thuya - Dec 15, 2017

Huawei ရဲ့ အရာရှိတစ်ဦးက P11 ကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ကြေညာမယ်လို့ အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ အခုတော့ ဂျာမနီမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ Huawei ရဲ့ တာဝန်ရှိသူများက လာမယ့်နှစ်…

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ
HUBS, Microsoft, NEWS
44 shares3 views

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ

Ko Thuya - Dec 15, 2017

ဥာဏ်ရည်တု နည်းပညာဟာ အနာဂတ်မှာ လူသားများရဲ့ အလုပ်အကိုင်များကို လုယူမယ်လို့ ပညာရှင်များက တွက်ချက်ထားကြပါတယ်။ ဒါပေမယ့်လည်း ဒီနည်းပညာဟာ လက်ရှိမှာတော့ လူသားများကို များစွာ အကျိုးပြုနေပါတယ်။ ဥပမာပြရရင်တော့ Microsoft Seeing AI ဖြစ်ပါတယ်။ သူဟာ Smartphone App ဖြစ်ပြီး…

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ
Meizu, Mobiles & Tablets, NEWS
84 shares15 views

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ

Nwe Oo - Dec 15, 2017

အစကတော့ Meizu M6S ကို နောက်တစ်ပတ် တရုတ်နိုင်ငံမှာ မိတ်ဆက်သွားဖို့စီစဉ်ထားကြပေမယ့် ကင်မရာပိုင်းမှာ နည်းနည်းပြဿနာရှိနေတာကြောင့် မိတ်ဆက်ပွဲကို ၂၀၁၈ ထိရွှေ့မယ်လို့ သိရပါတယ်။ ၂၀၁၈ ဇန်နဝါရီလကနေ ဇွန်လအတွင်း Meizu စမတ်ဖုန်းသစ် ၆လုံးကို တပြိုင်တည်းမိတ်ဆက်မှာက ဒါပထမဆုံးအကြိမ်ပါပဲ။ Meizu M6S…

Most from this category