0 Shares 532 Views

Samsung က Note 7 ပေါက်ကွဲမှု ဖြစ်ရခြင်း အကြောင်းအရင်းကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

Jan 21, 2017
0 532

Samsung က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဇန်န၀ါရီလ ၂၃ ရက်နေ့မှာ Galaxy Note 7 ပေါက်ကွဲတဲ့ အကြောင်းအရင်းကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ Samsung ရဲ့ တရားဝင်ကြေညာချက်မပြုလုပ်ခင်မှာ Reuters ကလည်း Samsung က Note 7 နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ သတင်း ရေးသားထားပါတယ်။

Samsung နဲ့ Galaxy Note 7 ပေါက်ကွဲမှုကို စစ်ဆေးပေးခဲ့တဲ့ ကျွမ်းကျင်သူ အဖွဲ့အစည်းများက သူတို့ရဲ့ စစ်ဆေးတွေ့ရှိမှုကို ကမ္ဘာအား ပြောကြားမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းစာရှင်းလင်းပွဲကို www.Samsung.com ကနေ ဗီဒီယို တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

Samsung Galaxy Note 7 မီးလောင်ပေါက်ကွဲမှုများ ဖြစ်ပွားအပြီး Samsung က Note 7 စမတ်ဖုန်ျးားကို ကမ္ဘာအ၀န်းမှာ ပြန်လည် သိမ်းယူခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက တစ်ကမ္ဘာလုံးက Galaxy Note 7 စမတ်ဖုန်းများရဲ့ ဘက်ထရီ မီးလောင်ပေါက်ကွဲမှုများ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို သိချင်နေကြပါတယ်။ ဒါ့အပြင် Samsung ရဲ့ နောက်ထုတ်မယ့် စမတ်ဖုန်းများမှာ ဘက်ထရီ မီးလောင် ပေါက်ကွဲမှု မဖြစ်အောင် ဘယ်လို ကာကွယ်ထားမလဲဆိုတာကိုပါ သိချင်နေကြပါတယ်။ Samsung ဟာ အဲဒီကိစ္စအပြီးမှာ အရှက်ကွဲခဲ့တဲ့ အပြင် ဘီလီယမ်နဲ့ ချီပြီး အရှုံးပေါ်ခဲ့ပါတယ်။

ref : gsm arena

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
177 shares54 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
260 shares55 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
118 shares48 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Most from this category