Vivo က စွမ်းဆောင်ရည်သင့် Selfie အသားပေး V5 Lite ကို မိတ်ဆက်
Vivo က အိန္ဒိယမှာ စွမ်းဆောင်ရည်သင့် Selfie အသားပေး V5 Lite ကို မိတ်ဆက်လိုက်ပါတယ်။ Vivo V5 Lite ရဲ့ အရှေ့ဘက်မှာ စွမ်းဆောင်ရည်မြင့် 16 Megapixel Camera တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာတော့ 13 Megapixel Camera ပါရှိပါတယ်။ Vivo V5 Lite ဟာ Vivo V5 Plus မှာလိုတော့ အနောက်ကင်မရာ ၂ လုံး မပါရှိပါဘူး။ ဒါပေမယ့် သူ့ရဲ့ အရှေ့နဲ့ အနောက် ကင်မရာများဟာ စွမ်းဆောင်ရည်မြင့် ဓါတ်ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။
Vivo V5 Lite မှာ ၅.၅ လက်မ 1280×720 HD Display တပ်ဆင်ထားပါတယ်။ Octa-Core Processor တပ်ဆင်ထားပေမယ့် အသေးစိတ်ကို မသိရသေးပါဘူး။ 3GB RAM, 32GB Internal Storage တပ်ဆင်ထားတဲ့အပြင် microSD Card Slot လည်း ပါရှိပါတယ်။
Dual SIM Smartphone ဖြစ်တဲ့အတွက် SIM Card ၂ ခုကို တစ်ပြိုင်နက် အသုံးပြုနိုင်ပါတယ်။ 3000mAh Battery တပ်ဆင်ထားပါတယ်။ Google ရဲ့ နောက်ဆုံးထုတ် Android 7.0 Nougat မထည့်သွင်းထားဘဲ Android 6.0 Marshmallow သာ ထည့်သွင်းထားပါတယ်။
ref : geeky-gadgets
You may be interested

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ်လ ၅ ရက်နေ့မှာ ကြေညာမည်
Ko Thuya - Feb 23, 2019OPPO က F11 Pro ရဲ့ Teaser များကို ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက စတင် မျှဝေနေပါတယ်။ အခုတော့ ကုမ္ပဏီက မတ်လ ၅ ရက်နေ့မှာ သူ့ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီက သူ့မှာ 48MP+5MP…

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Ko Thuya - Feb 23, 2019ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
Ko Thuya - Feb 23, 2019သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…