0 Shares 49 Views

အမေရိကန်မှာ ကုန်ပစ္စည်း သယ်ယူပို့ဆောင်တဲ့ စက်ရုပ်များကို စမ်းသပ်

Jan 21, 2017
0 49

အမေရိကန်ရဲ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ ၂ ခု ဖြစ်တဲ့ Postmates နဲ့ DoorDash တို့က စက်ရုပ်များဖြင့် သယ်ယူပို့ဆောင်မှုကို စမ်းသပ်နေပါတယ်။ သူတို့ရဲ့ စက်ရုပ်များကို Starship Technologies က ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ အရွယ်သေးငယ်တဲ့ စက်ရုပ်များက ကားလမ်းဘေးရှိ လူသွားလမ်းပေါ်ကနေ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ၂ မိုင် ၊ ၃ မိုင် အကွာအဝေးအတွင်းမှာ ရှိပြီး ၁၅ မိနစ်ကနေ ၃၀ မိနစ် အတွင်းမှာ ရှိတဲ့ သယ်ယူပို့ဆောင်မှုများအတွက် အဓိက စမ်းသပ်နေကြပါတယ်။ စက်ရုပ်များဟာ အလိုအလျှောက် သွားလာနိုင်ပေမယ့် လူများရဲ့ စောင့်ကြည့်စစ်ဆေးမှုအောက်မှာ အလုပ်လုပ်ကြပါတယ်။

မြေပြင် သယ်ယူပို့ဆောင်ရေး စက်ရုပ်များဟာ Amazon ရဲ့ Drone ယာဉ်ပျံဖြင့် သယ်ယူပို့ဆောင်ရေးထက် အာဏာပိုင်များရဲ့ မျက်နှာသာပေးမှုကို ခံနေရပါတယ်။ ၀ါရှင်တန် ဒီစီရဲ့ မြို့တော်ကောင်စီက မြေပြင် သယ်ယူပို့ဆောင်ရေး စက်ရုပ်ငယ်များဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှုကို ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ၀ါရှင်တန် ဒီစီမှာ လေယာဉ် မပျံသန်းရ နယ်မြေရှိတဲ့အတွက် Drone များဖြင့် သယ်ယူပို့ဆောင်မှုကို တားမြစ်ထားဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် Drone များကို အကြမ်းဖက်သမားများက ဗုံးအဖြစ် အသုံးပြုနိုင်တဲ့အတွက် Drone များကို စီးပွားဖြစ် အသုံးပြုခြင်းကို တားမြစ်ထားဆဲ ဖြစ်ပါတယ်။

Starship Technologies ရဲ့ စီအီးအို ဖြစ်သူ Ahti Heinla က DoorDash နဲ့ Postmates တို့မှာ စက်ရုပ်များ အသုံးပြုခြင်းဟာ ခေတ်မီတဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို အကောင်အထည်ဖော်တာလို့ ပြောပါတယ်။

ref : mashable

You may be interested

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ
Apple, NEWS
93 shares33 views

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ

Nwe Oo Thant - Jan 24, 2018

တရုတ်နိုင်ငံမှာရှိတဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ လူတစ်ယောက်က ဘက်ထရီကိုသွားနဲ့ကိုက်ပြီး စမ်းသပ်ကြည့်တဲ့အချိန်မှာပဲ ပေါက်ကွဲမှုအသေးစားလေးဖြစ်သွားခဲ့ပါတယ်။ ဆိုင်ရဲ့ စီစီတီဗွီကင်မရာမှာရိုက်ကူးမိထားတဲ့ဗီဒီယိုဖိုင်လေးကို ဝဘ်ဆိုဒ်မှာတင်ခဲ့ပြီး ကြည့်ရှုသူပေါင်း ၄.၆၉ သန်းတောင် ရှိသွားခဲ့ပါတယ်။ Taiwan News ရဲ့ဖော်ပြချက်အရ ဇန်နဝါရီလ ၁၉ရက်နေ့မှာ လူတစ်ယောက်က သူ့ရဲ့ iPhone ဘက်ထရီကို လဲဖို့ဆိုင်ကိုလာခဲ့တာပါ။…

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ
Tips
118 shares234 views

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ

Nwe Oo Thant - Jan 24, 2018

ဘယ်သူမှတော့ ကိုယ့်ဖုန်းကို နှေးစေချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အချိန်ကြာလာတဲ့အမျှ နှေးလာတာ၊ storage နေရာသိပ်မကျန်တာ၊ bugs တွေစသဖြင့် အမျိုးစုံအောင်ဖြစ်လာတာပါပဲ။ ဒီတော့ ကိုယ့်ဖုန်းရဲ့ performance ကိုမြန်အောင်လုပ်လို့ရမယ့် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁. မသုံးတဲ့ app တွေကို uninstall လုပ်ပါ။…

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ
Android, HUBS, Mobiles & Tablets
0 shares289 views

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ

Ko Thuya - Jan 24, 2018

ရှောင်မီရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ ဟုန်ဖန်းက ဘေဂျင်းမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ ကုမ္ပဏီဟာ MIUI 10 ကို စတင် ဖန်တီးနေပြီလို့ ကြေညာလိုက်ပါတယ်။ သူက MIUI 10 မှာ ဥာဏ်ရည်တု နည်းပညာနဲ့ Machine…

Most from this category