0 Shares 15 Views

LG G5 ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ စတင်မိတ်ဆက်မှာဖြစ်ကြောင်း LG အတည်ပြု

Feb 04, 2016
0 15

LG G5 ထွက်တော့မယ်ဆိုတဲ့ကောဟဟာလသတင်းတွေဟာ တကယ်အမှန်ဖြစ်လာပါပြီ။

ကိုရီးယားနည်းပညာကုမ္ပဏီကြီး LG ဟာ ဗုဒ္ဓဟူးနေ့မှာ Twitter ကနေတဆင့် LG G5 ထွက်ရှိမယ့်သတင်းကို ဓာတ်ပုံတွေနဲ့ အတည်ပြုပေးလိုက်ပါတယ်။ LG G5 ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ၊ ကမ္ဘာ့မိုဘိုင်းဖုန်းညီလာခံ (WMC) မှာ ထွက်ရှိမှာဖြစ်ပြီး၊ Samsung ရဲ့ Galaxy S7 ၊ Xiaomi Mi5 တို့ဟာလည်း အဆိုပါနေ့မှာပဲ ထွက်ရှိလာမှာဖြစ်ပါတယ်။

LG G5 ဟာ ရှေ့မော်ဒယ် G4 နဲ့ လုံးဝကွာခြားမှာဖြစ်ပြီး၊ LG က ထုတ်ဖူးသမျှဖုန်းတွေနဲ့ လုံးဝတူမှာမဟုတ်ဘူးလို့ ရှေ့ပြေးသတင်းတွေမှာ အယုံကြည်ရဆုံး သတင်းပေးသူတစ်ယောက်ဖြစ်တဲ့ Evan Blass က ထုတ်ဖော်ပြောကြားထားပါတယ်။ ဒီ့အပြင် LG G5 ဟာ သတ္တုကိုယ်ထည်အပြည့်နဲ့ ဖြစ်ပြီး၊ ဖုန်းရဲ့ စွမ်းဆောင်ရည်တွေကို လုံးဝပြောင်းလဲစေနိုင်တဲ့ Magic Slot ခေါ် ဆက်စပ်ပစ္စည်းထည့်တဲ့အပေါက်တစ်ခုပါ ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီ slot ရဲ့ လုပ်ဆောင်နိုင်စွမ်းကို အတိအကျမသိရသေးဘဲ၊ ဒီဟာ LG G5 ရဲ့ အထူးခြားဆုံးဒီဇိုင်းတစ်ခုဖြစ်လာမလားဆိုတာကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ စောင့်ကြည့်ရမှာပါ။

အတည်မပြုရသေးတဲ့သတင်းတွေအရ LG G5 ဟာ ၅.၆ လက်မအရွယ် Quad HD မျက်နှာပြင်၊ မျက်ကြည်လွှာဖတ်စနစ်၊ LG V10 ဖုန်းလိုပဲ ဒုတိယမြောက်ဖန်သားပြင်၊ 16 MP ကျောကင်မရာ၊ RAM 3GB၊ ဖုန်းတွင်းမှတ်ဥာဏ် 32 GB တို့ ပါဝင်လာဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Ref: Android Authority, The Verge

 

 

 

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
137 shares47 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Most from this category