0 Shares 416 Views

ကုမ္ပဏီတရားဝင်ဝက်ဘ်ဆိုက်မှာ Galaxy S7 ကိုမတော်တဆဖော်ပြမိတဲ့ Samsung

Feb 04, 2016
0 416

Samsung ကသူတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ Galaxy S7 Edge စမတ်ဖုန်းကို မတော်တဆအတည်ပြုမိခဲ့တယ်လို့ သိရပါတယ်။ ဒတ်ခ်ျ Samsung အသုံးပြုမှုဆိုက်ထဲက Galaxy အမျိုးအစားကော်လံမှာ၊ S7 Edge ကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒါဟာမတော်တဆဖြစ်ပွားမှုတစ်ခုလို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

leak galaxy s7 ss

ပေါက်ကြားခဲ့သည့် S7 ပုံရိပ်

Galaxy Club က ကုမ္ပဏီအနေနဲ့ ချက်ချင်းဆိုသလိုပြန်ဖျက်ခဲ့ပေမယ့် စခရင်ရှော့ရိုက်ထားတဲ့အထောက်အထားတွေတော့ ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။ S7 Edge ဟာ သာမန် S7 ထက် အနည်းငယ် ကြီးမားတဲ့ ပုံစံရှိပြီး မျက်နှာပြင်ကွေးအမျိုးအစားဖြစ်ပါတယ်။ ပေါက်ကြားမှုတွေအများကြီးထွက်ထားတဲ့ပုံအရ S7 ကိုလာမယ့် ကမ္ဘာ့မိုဘိုင်းလ်ကွန်ဂရက် မှာမိတ်ဆက်မှာဖြစ်ပါတယ်။

သို့သော်လည်းပဲ၊ Samsung ဟာ လာမယ့်၂၁ရက်၊ ဘာစီလိုနာ မှာကျင်းပမယ့် အဆိုပါပွဲမှာ မိတ်ဆက်မှာကိုလည်း တရားဝင်ပြောကြားခြင်းမရှိသေးတာဖြစ်ပါတယ်။ ထပ်မံပြီးတော့ ပေါက်ကြားချက် ကောလာဟလသတင်းတွေအရ S7 Edge ဟာ RAM အနေနဲ့ 4GB ပါရှိမှာဖြစ်ပြီး Storage 32GB နဲ့ 64GBဆိုပြီးကွဲပြားသွားမှာဖြစ်တဲ့အပြင် မမ်မိုရီကတ်ပါထပ်မံစိုက်လို့ရမှာဖြစ်ပါတယ်။ ၅.၅လက်မ မျက်နှာပြင်နဲ့လာမှာဖြစ်ပြီး S7 ကတော့ ၅.၁ လက်မ အကျယ်မျက်နှာပြင်အသီးသီးရှိမှာဖြစ်ပါတယ်။ S7 Edge က 3600 mAh ရှိတဲ့ ဘက်ထရီပါရှိမှာဖြစ်ပြီး၊ S7 ကတော့ 3000 mAh ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: Independent

You may be interested

Virtual Phone Number များဖန်တီးပေးမယ့် Apps များ
FEATURES, Softwares & Application
0 shares0 views

Virtual Phone Number များဖန်တီးပေးမယ့် Apps များ

Ko Thuya - Jul 27, 2017

အင်တာနက်မှ အချို့ ၀န်ဆောင်မှု၊ ၀က်ဆိုက်များဟာ နိုင်ငံ ကန့်သတ်ချက်ရှိပါတယ်။ အဲဒီ ၀က်ဆိုက်များမှာ အကောင့် ပြုလုပ်ချင်ရင် ဥပမာအားဖြင့် အမေရိကန်လို နိုင်ငံမှ ဖုန်းနံပါတ် တစ်ခု လိုအပ်ပါတယ်။ အဲဒီ ဖုန်းနံပါတ်ကို Verify လုပ်နိုင်မှသာ အကောင့် ပြုလုပ်နိုင်မှာပါ။ ဥပမာအားဖြင့်…

Jovago မှ လျော့ဈေးနှစ်ထပ်ကွမ်းရမည့် အစီအစဉ်သစ် Jovago Travel Smart ကို မိတ်ဆက်
Knowledge, Local, Local Market Review
0 shares0 views

Jovago မှ လျော့ဈေးနှစ်ထပ်ကွမ်းရမည့် အစီအစဉ်သစ် Jovago Travel Smart ကို မိတ်ဆက်

zayarsan - Jul 27, 2017

ပြင်သစ်အခြေစိုက် အွန်လိုင်းဟိုတယ်ဘွတ်ကင်ဝန်ဆောင်မှု ဝက်ဆိုက်ဒ် Jovago မှ ဝက်ဆိုက်ဒ်အသုံးပြုသူများအတွက် Jovago Travel Smart အမည်ရ လျော့ဈေးနှစ်ထပ်ကွမ်းရရှိမည့် ပရိုမိုးရှင်းအစီအစဉ်သစ်ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။ အဆိုပါအစီအစဉ်သစ်အရ Jovago င့် Jovago Mobile App တို့ကို ရှိနှင့်ပြီး…

ုခြင်အန္တရာယ်ကင်းဝေးစေရန် ရန်ကုန်၊ မန္တလေး ရှိ ဆေးရုံတွေမှာ LG က နည်းပညာများ ပံ့ပိုးကူညီ
HUBS, LG, Local
115 shares48 views

ုခြင်အန္တရာယ်ကင်းဝေးစေရန် ရန်ကုန်၊ မန္တလေး ရှိ ဆေးရုံတွေမှာ LG က နည်းပညာများ ပံ့ပိုးကူညီ

zayarsan - Jul 27, 2017

ကမ္ဘာ့ထိပ်တန်း အီလက်ထရောနစ်ကုမ္ပဏီ LG Electronics သည် နောက်ဆုံးပေါ် ခြင်ပြေးနည်းပညာဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ပြည်သူ့ကျန်းမာရေးဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံ (၁၀) ခုကို ပံ့ပိုးကူညီ ပေးခဲ့တယ် လို့ သိရပါတယ်။ ယခုနှစ်အစောပိုင်းကကျင်းပခဲ့တဲ့ LG ရဲ့ Valuable Night ပွဲကြီးတွင်…

Most from this category