0 Shares 79 Views

ဂျပန်ပြည်တွင်းက Bus ကားတွေမှာ USB အားသွင်းပေါက်တွေ တင်ဆင်

Jan 20, 2017
0 79

ဂျပန် နိုင်ငံတွင်းက bus ကားစီး ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့အတွက် bus ကားတွေပေါ်မှာ USB အားသွင်းပေါက်တွေ တပ်ဆင်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

မိုဘိုင်းဖုန်းတွေကို မရှိမဖြစ် အသုံးပြုလာတဲ့ ယနေ့ခေတ်ကြီးထဲမှာ battery ကုန်ခမ်းခြင်းဟာ နေ့စဉ် အဓိကပြဿနာတစ်ရပ်ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ဖို့အတွက် အဓိက ကျတဲ့ မိုဘိုင်းဖုန်းတွေ အားကုန်သွားခဲ့ရင် ခရီးသည်တွေ အခက်တွေ့မှာစိုးရိမ်တဲ့အတွက် အခုလို စီမံပေးလိုက်တာဖြစ်ပါတယ်။

Tokyo မြို့ ဧရိယာအတွင်း ပြေးဆွဲလျက်ရှိတဲ့ Bus ကားတွေပေါ်မှာ USB အားသွင်ပေါက်တွေ တပ်ဆင် စမ်းသပ်ပြီးပြီဖြစ်ပေမယ့် ပြည်တွင်းက bus တွေအားလုံးမှာ တော့မတပ်ဆင်ရသေးပါဘူး။ Bus ပေါ်က call button တိုင်းရဲ့ အောက်မှာ charger တွေကိုတပ်ဆင်ပေးထားမှာဖြစ်ပြီး အားသွင်းတဲ့အတွက် အခကြေးငွေ ပေးဆောင်စရာမလိုဘူးလို့သိရပါတယ်။

နိုင်ငံတကာအနေနဲ့ချုံကြည့်ရရင် ခရီးဝေးသွားတဲ့ အဝေးပြေးကားတွေမှာသာ အားသွင်းပေါက်တွေ ပါတတ်ပြီး အခုလိုမျိုး မြို့တွင်းပြေးဆွဲတဲ့ Bus တွေမှာတော့ အားသွင်းပေါက် ပါဝင်တယ်ဆိုတာ မရှိသေးပါဘူး။

ဒီ အစီအစဉ်သာ အဆင်ပြေစွာ လည်ပတ်နိုင်ခဲ့မယ်ဆိုရင်တော့ ဂျပန်ဟာ ကမ္ဘာမှာ ပထမဦးဆုံး စံပြနိုင်ငံဖြစ်လာမှာဖြစ်ပြီး ဥရောပနဲ့ အမေရိကနိုင်ငံတွေကပါ လိုက်လံ အတုယူလာဖွယ် ရှိနေပါတယ်။

Ref: Cnet

You may be interested

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ
Apple, NEWS
93 shares33 views

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ

Nwe Oo Thant - Jan 24, 2018

တရုတ်နိုင်ငံမှာရှိတဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ လူတစ်ယောက်က ဘက်ထရီကိုသွားနဲ့ကိုက်ပြီး စမ်းသပ်ကြည့်တဲ့အချိန်မှာပဲ ပေါက်ကွဲမှုအသေးစားလေးဖြစ်သွားခဲ့ပါတယ်။ ဆိုင်ရဲ့ စီစီတီဗွီကင်မရာမှာရိုက်ကူးမိထားတဲ့ဗီဒီယိုဖိုင်လေးကို ဝဘ်ဆိုဒ်မှာတင်ခဲ့ပြီး ကြည့်ရှုသူပေါင်း ၄.၆၉ သန်းတောင် ရှိသွားခဲ့ပါတယ်။ Taiwan News ရဲ့ဖော်ပြချက်အရ ဇန်နဝါရီလ ၁၉ရက်နေ့မှာ လူတစ်ယောက်က သူ့ရဲ့ iPhone ဘက်ထရီကို လဲဖို့ဆိုင်ကိုလာခဲ့တာပါ။…

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ
Tips
118 shares234 views

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ

Nwe Oo Thant - Jan 24, 2018

ဘယ်သူမှတော့ ကိုယ့်ဖုန်းကို နှေးစေချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အချိန်ကြာလာတဲ့အမျှ နှေးလာတာ၊ storage နေရာသိပ်မကျန်တာ၊ bugs တွေစသဖြင့် အမျိုးစုံအောင်ဖြစ်လာတာပါပဲ။ ဒီတော့ ကိုယ့်ဖုန်းရဲ့ performance ကိုမြန်အောင်လုပ်လို့ရမယ့် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁. မသုံးတဲ့ app တွေကို uninstall လုပ်ပါ။…

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ
Android, HUBS, Mobiles & Tablets
0 shares289 views

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ

Ko Thuya - Jan 24, 2018

ရှောင်မီရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ ဟုန်ဖန်းက ဘေဂျင်းမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ ကုမ္ပဏီဟာ MIUI 10 ကို စတင် ဖန်တီးနေပြီလို့ ကြေညာလိုက်ပါတယ်။ သူက MIUI 10 မှာ ဥာဏ်ရည်တု နည်းပညာနဲ့ Machine…

Most from this category