8 Shares 10999 Views

HTC 11 ရဲ့ ထူးခြားချက် (၁၁) ချက်

Feb 06, 2017
8 10999

၂၀၁၇ ခုနှစ်ဟာ ကုမ္ပဏီတွေ ရဲ့ အကြိတ်အနယ် ပြိုင်ဆိုင်ကြမယ့် နှစ် တစ်နှစ် ဖြစ်လာပါလိမ့်မယ်။ သိတ်မကြာခင်မှာပဲ အလန်းစား ၊ ခပ်မိုက်မိုက် မိုဘိုင်းဖုန်း အသစ်တွေ ထွက်ရှိလာပါတော့မယ်။ ဘာတွေများလဲ ..၊ တစ်ချက် ကြည့်လိုက်ပါဦး ..။ ၂၀၁၇ ခုနှစ် ထဲမှာ ပဲ ထွက်ရှိလာမယ့် မိုဘိုင်းဖုန်း အသစ်တွေ ပါ။

(၁) Apple iPhone 8

(၂) Samsung Galaxy S8

(၃) HTC 11

(၄) Xiaomi Mi 6

(၅) One Plus 4

(၆) Samsung Galaxy Note 8

(၇) Huawei P10

(၈) Oppo Find 9

(၉) Sony Xperia Z6

(၁၀) LG G Flex 3

========================================

အဲဒီအထဲ မှာ မပါဝင်သေးပေမယ့် ထူးခြားချက်တွေ နဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်လာမယ့် မိုဘိုင်းဖုန်းတစ်လုံး ကတော့ Microsoft Surface Phone ဖြစ်လာပါလိမ့်မယ်။ စာရင်းထဲမှာ ပါရှိတဲ့ ဖုန်း အမျိုးအစား ၄ မျိုးကတော့ ရေးသား ဖော်ပြခဲ့ပြီးပါပြီ။ ကျန်တဲ့ ဖုန်းအမျိုးအစားတွေကိုလည်း အချက်အလက်နဲ့ အစုံအလင် နဲ့ ရေးသားပေးသွားပါမယ်။ အခု အချိန်ကတော့ HTC 11 ရဲ့ အချိန်ဖြစ်လာပါပြီ။

HTC 11 အကြောင်း ရေးဖို့အတွက် အရင်ဦး ဆုံး HTC 10, Bolt ဒါတွေကို လေ့လာကြည့်ရအောင်။

  • News

HTC 10 ဟာ  European Advanced Product ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မျက်နှာပြင် ၅.၂ လက်မ၊ IPS Quad HD မျက်နှာပြင် RAM4GB၊ Snapdragon 820 တို့ကို သုံးစွဲခဲ့ပါတယ်။ UltraPixel OIS ကင်မရာ ပါဝင်ပါတယ်။ ဘက်ထရီ 3000 mAh ကို Quick Charge 3.0 ထည့်သွင်းထားပါတယ်။

HTC Bolt ကတော့ World first Record ever ဆု ကို ရရှိထားပါတယ်။ ကမ္ဘာကျော် Usain Bolt နဲ့ ကြေငြာခဲ့ပါတယ်။ HTC 10 နဲ့ အချိုးချင်းတူပါတယ်။ ​ ပိုမိုကြီးမား​သော အရွယ်​အစား နှင့်​ QHD အရည်​အ​သွေးရှိ 5.5″ နှင့်​ IP57 ​အဆင့်​ရှိ ဖုန်​ဒဏ်​ခံ ဖုန်းကိုမိတ်​ဆက်​လိုက်​ပြီး U.S တွင်​ယ Sprint Carrier ၌စတင်​​ရောင်းချ​နေပြီဖြစ်​ပါတယ်​….

HTC 10 ဟာ အခုလို အကောင်း ဆုံးဖုန်းဆုဆွတ်ခူးနိုင်ခဲ့ပေမယ့် လည်း ရောင်းချရ မှုကတော့ အားရစရာမရှိပါဘူး။ ဒါပေမယ့် အခုလို European Advanced Product ဆု ဆွတ်ခူးနိုင်ခဲ့လို့ သုံးစွဲသူတွေရဲ့ အာရုံစိုက်ခြင်းတော့ ခံလာရနိုင်ပါတယ်။

  • Name

မင်္ဂလာပါ။ ကျွန်တော် ၀င်းသန်းပါ ..ဆိုတဲ့ စကားသံ ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ မန္တလေးမှာ မွေးဖွားခဲ့တဲ့ ပီတာချူး တစ်ဖြစ်လဲ မစ္စတာ ၀င်းသန်း ဟာ HTC ကို စတင် မိတ်ဆက်ပေးခဲ့တဲ့အတွက် ကျွန်ေတာ်တို့ တစ်နိုင်ငံလုံး ကို HTC ကို လူသိများခဲ့တာ ဖြစ်တယ် လို့ ဆိုရင် မမှားနိုင်ပါဘူး။ အခုအချိန်မှာ တိုယိုတာ အကြံပေးအရာရှိအဖြစ် တာဝန်ယူနေတဲ့ ပီတာချူးး ဟာ အဲဒီအချိန်တုန်းက HTC ရဲ့ အမှုဆောင်အရာရှိချုပ် အဖြစ် လူသိများထင်ရှားခဲ့သူ ဖြစ်ပါတယ်။

HTC ဆိုတာ ဟာ High Tech Computer ကို အတိုကောင်မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ ထိုင်ဝမ်အခြေစိုက် နည်းပညာ ကုမ္ပဏီ ဖြစ်ပြီး မိုဘိုင်းဖုန်းတွေရဲ့ ဒီဇိုင်းပိုင်း ၊ နည်းပညာပိုင်း နဲ့ ပတ်သက်လာပြီဆိုရင် ချန်လှပ်ထားလို့ မရတဲ့ Brand တစ်ခု အဖြစ် ထူထောင်နိုင်ခဲ့ပါတယ်။

HTC ရဲ့ မိုဘိုင်းဖုန်း အမည်ပေးပုံတွေဟာ ရုတ်တရက်ကြည့်ရင် ကြုံရာကျပန်း မှည့်ခေါ်ထားသလို ခံစားရပါတယ်။ နောက်တစ်ခု က Market Name က ပေါက်ပြီး Code Name က လူသိတ်မသိကြတာ နည်းပညာထုတ်ကုန်တွေ ရဲ့ ပုံမှန် အလေ့အထ ဆိုပေမယ့် ပေါက်သွားတဲ့ Market Name တွေထက် သူရဲ့ Code Name တွေ က ပိုပြီး လှပမှော်ဆန်နေတာကတော့ သူရဲ့ ထူးခြားမှု တစ်ခု လို့ ပြောလို့ရမယ် ထင်ပါတယ်။ ဥပမာ အားဖြင့် ဈေးကွက် မှာ HTC One M9 ရဲ့ Code Name ဟာ Hima လို့ အမည်ရှိပါတယ်။ ဈေးကွက်မှာ HTC 10 လို့ အမည်ရှိတဲ့ Code Name ဟာ Perfume ဖြစ်ပါတယ်။ သူတို့က ဈေးကွက်ထဲက အမည်တွေကို လူသိများပါတယ်။ အခု အသစ်ထွက်မယ့် HTC 11 ရဲ့ Code Name ကတော့ Ocean လို့ အမည်ရပါတယ်။

  • Camera
    ကင်မရာ ပိုင်း ကို စပြီး ပြောဆိုရမယ် ဆိုရင် HTC 10 ဟာ ဒီလို အရည်အသွေးတွေ ပါရှိခဲ့ပါတယ်။
    အနောက်
    • 12MP ( HTC UltraPixel 2)
    • BSI အာရုံခံ
    • လှုပ်ရှားပုံရပ်များအား အမြန်နှုန်းဖြင့်ရိုက်ကူးပေးခြင်း (OIS)
    • အရောင် နှစ်ရောင်ပါ LED ဖလက်ရှ်
    • မျက်နှာ သိမှတ်ခြင်း
    • 12 bit RAW HDR
    • 8 fps အထိ အဆက်မပြတ် ရိုက်ကူးနိုင်ခြင်း
    • Zoe ဖမ်းယူခြင်း
    • ကြည်လင်ပြတ်သားသည့်အသံဖြင့် 4K အရည်အသွေးဗွီဒီယိုကို ရိုက်ကူးနိုင်ခြင်း
    အရှေ့
    • 5 MP ( HTC UltraPixel 2)
    • BSI အာရုံခံ
    • လှုပ်ရှားပုံရပ်များအား အမြန်နှုန်းဖြင့်ရိုက်ကူးပေးခြင်း (OIS)
    • အသံဖြင့် ရိုက်ကူး နိုင်
    • HD 1080p Videos

     

အဲဒီလိုတွေ ရှိခဲ့တဲ့အတွက် အခု HTC 11 ကို Dual Rear Camera အဖြစ် မှန်းထားကြပါတယ်။ကင်မရာပိုင်း နဲ့ ပတ်သက်လာရင် အရည်အသွေး ပိုင်း စိတ်ချရတဲ့ HTC ဟာ အခု တစ်ခေါက်ကိုလည်း LED Flash mode နဲ့ လာရောက်ဖွယ် ရှိနေပါတယ်။

အဲဒီနေရာမှာ OIS ဆိုတာ အကြောင်း ကို နည်းနည်း လောက် မိတ်ဆက်ပေးပါရစေ။ OIS ကို HTC 10 မှာ ထည့်သွင်းခဲ့ပါတယ်။ ကမ္ဘာ့ပထမဆုံးပါဘဲ။ ရှေ့ ၊ နောက် ကင်မရာနှစ်ခုစလုံးမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက် ဘယ်ကင်မရာသုံးသုံး၊ တောက်ပခြင်း၊ စူးရှခြင်းနှင့် ကိုယ်လိုချင်တဲ့ Stay ဓါတ်ပုံတွေကို အကောင်းဆုံး ရရှိနိုင်မှာ ပါ။

OIS ဆိုတာ Optical Image Stabilization ကို ဆိုလိုတာ ဖြစ်ပါတယ်။ Nikon , Cannon တို့ရဲ့ DSLR တန်းမြင့် ကင်မရာတွေ မှာသာ သုံးလေ့ ရှိကြတဲ့ Fuction တစ်ခုလည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ Compact Camera တွေ တင်သာ မကပဲ မိုဘိုင်းဖုန်းတွေကပါ ယူငင် သုံးစွဲလာကြတဲ့ ကင်မရာဆက်စပ်နည်းပညာ ဖြစ်ပြီး သူနဲ့ ခပ်ဆင်ဆင် EIS ဆိုတာ ရှိပါသေးတယ်။ အမြင် ရုပ်ပုံ တည်ငြိမ်စေခြင်း လို့ အဓိပ္ပါယ် ပြန်လို့ရနိုင်ပေမယ့် အမှန်စင်စစ် က တော့ ကိုယ်ရိုက်ကူးမယ့် ပုံရိပ်ကို ဘော်ဒီဖောင်းလိုင်းတွေ မှာ အရိပ်တွေ၊ေ၀၀ါးတာတွေ လုံးလုံး ပါဝင်မလာနိုင်အောင် ထိန်းချုပ်ပေးတာ ဖြစ်ပါတယ်။ အားနည်းချက်တစ်ခု အနေနဲ့ ဘက်ထရီ အကုန်မြန်စေပါတယ်။

OIS ကို လက်ရှိမှာ iPhone 6 S နဲ့ အထက် တွေ ပါရှိတာလာနိုင်ပြီး ဈေးကွက်ထဲက တန်းမြင့်ဖုန်းတွေ မှာ အဲဒီ လုပ်ဆောင်ချက် နဲ့ ခပ်ဆင်ဆင် နည်းပညာ လုပ်ဆောင်ချက်တွေ ပါရှိလာတာကို တွေ့ရမှာ ဖ်ြစပါတယ်။

HTC 10 ရဲ့ ကင်မရာပိုင်း လုပ်ဆောင်ချက်ကို ပညာရှင်တော်တော်များများ က ဂုဏ်ပြုချီးကျူးးခဲ့ကြပြီး ကင်မရာကို အစားထိုးနိုင်မယ့် အကောင်းဆုံး စမတ်ဖုန်း တွေ ထဲမှာ တစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့သလို HTC 11 ဟာလည်း အဲဒီ ထက် မလျှော့တဲ့ နှုန်းထား နဲ့ ပရိသတ်ရှေ့ရောက်လာဖို့ သေချာလှပါတယ်။

 
  • Technology

HTC အကြောင်း ပြောပြီဆိုရင် နည်းပညာ အကြောင်း ကို ပြောကို ပြောမှ ဖြစ်ပါမယ်။  HTC နဲ့ Google တို့ နှစ်ယောက်သား ပုံဖော်ခဲ့တဲ့ Nexus 9 မှာ အရည်အသွေးမြင့် နည်းပညာတွေ အများအပြား ကို တွေ့ခဲ့ရပြီးပါပြီ။

HTC 10 မှာလည်း အခုလို နည်းပညာတွေ အများအပြား တွေ့ခဲ့ရပါတယ်။ CPU အမြန်နှုန်း က Qualcomm® Snapdragon™ 820၊ Quad Core၊ 64bit၊ 2.2GHz တွေကို သုံးစွဲထားတာ တွေ့ခဲ့ရပါတယ်။

အဲဒီ အတွက် HTC 11 ကို ခန့်မှန်း သတင်းထုတ်ရမယ် ဆိုရင် battery 3,500 mAh, Qualcomm Snapdragon 830 ဒါမှမဟုတ် 835, 8 GB RAM. 256 GB Storage via microSD ဆိုပြီး ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ မှားနိုင်ပါသေးတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ HTC 10 မှာ 4GB နဲ့ ဈေးကွက်ဖွင့်သွားခဲ့တဲ့အတွက် 6GB ဖြစ်လာနိုင်ခြေရှိပါတယ်။ တစ်ခု ရှိတာ က ဈေးကွက်မှာ တခြား အမျိုးအမည် မထင်ရှားတဲ့ စမတ်ဖုန်းတွေတောင် ထိပ်တန်း ဈေးနှုန်းပေးရမယ် ဆိုရင် 8GB ကို ထုတ်ပေးနေတဲ့ 6GB ကိုသာ ပေးမယ် ဆိုရင် နေရစ်တော့ HTC ရေ လို့ ပြောရမယ့် အနေအထား ပါ။

HTC ဟာ အားသာချက် တစ်ခု က အင်တာနက် သုံးရင် တော်တော်မြန်တာပါပဲ။ ဒါကို Nexus 9, HTC 10 , HTC ပေါ်ဦးစ ဖုန်းတွေ အထိ လေ့လာကြည့်ရင် သိနိုင်ပါတယ်။ HTC 10 ဟာ GSM/GPRS/EDGE ကို လိုင်းဆွဲအား 450Mpbs အထိ ပေးအပ်ထားတဲ့ အပြင် 4G LTE နဲ့ တည်ဆောက်ထားတဲ့ ဒေါင်းလုပ်ချမလား ၊ upload တင်မလား ရှယ်ပဲ လို့ ဆိုရလောက်အောင် မြန်ပါတယ်။ တစ်ခုတော့ ရှိတာ က မူရင်း အင်တာနက် Provider ကတော့ ပုံမှန်အလုပ်လုပ် မှ ဖြစ်မှာပေါ့ ။

HTC 10 ဟာ ဒီလို ပါဝင်ခဲ့ပါတယ်။

    • NFC
    • BT4.2
    • Wifi – 802.11 a/b/g/n/
    • DLNA
    • AirPlay

ဆိုတဲ့အပြင် ..HTC Bolt မှာ 4GB RAM ကို USB Type C တွေ နဲ့ ပေးထားခဲ့တဲ့ အတွက် HTC 11 ဟာ အရင်ကလိုပဲ AT&T နဲ့ ပဲ လက်တွဲဦးမလား ။  သေချာတာက ထိတွေ့သူရဲ့ အာရုံကို သေချာဂရုစိုက်ပေးမယ့် Sense Touch ပါရှိပါလိမ့်မယ်။ ထိတွေ့သူရဲ့ တည်နေရာလိုက်ပြီး မျက်နှာပြင် လှည့်ပေးမယ့် AI နည်းပညာကိုတော့ Goolge ဆီကနေ အကူအညီယူ ထုတ်ဖော်ပေးပါလိမ့်မယ်။

မိုဘိုင်းဖုန်းတစ်လုံး ထက် ပိုတဲ့ လုပ်ဆောင်ချက် ဆိုတာ မိုဘိုင်းဖုန်းကုမ္ပဏီတိုင်း လိုလို ရူးသွပ်ကြတဲ့ လုပ်ဆောင်ချက်တွေ ပါ။ အဲဒီလုပ်ဆောင်ချက်ေတွ ရရှိဖို့ လုပ်ကိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ အာရုံခံနည်းပညာတွေကို ဖွံ့ဖြိုးအောင် လုပ်ပြီး ကိုယ့်မိုဘိုင်းဖုန်းထဲမှာ ထည့်သွင်းတာပါပဲ။ Sensor တွေ အနေနဲ့ HTC 10 မှာ ထင်ထင်ရှားရှား ထုတ်ဖော်ပြသခဲ့တဲ့ နည်းပညာ ပိုင်းတွေ အများအပြား ရှိခဲ့ပါတယ်။

  • Sensor များ

    • ပတ်ဝန်းကျင်အလင်းရောင်ပြုဆင်ဆာ
    • နည်းကပ်မှုသတိပေးဆင်ဆာ
    • ရွေ့လျားမှု G-အာရုံခံ
    • သံလိုက်အိမ်မြှောင် ဆင်ဆာ
    • သံလိုက်အာရုံခံဆင်ဆာ
    • လက်ဗွေဆင်ဆာ
    • Hub ဆင်ဆာ

HTC 11 မှာ ဘယ်လို အာရုံခံနည်းပညာစနစ်တွေ ရှေ့တန်းတိုးထွက်လာမလဲ။ သူများတွေကပါ လိုက်ပြီး အတုယူ ပုံကူးကူးရမယ့် နည်းပညာတွေဟာ ထင်ထင်ရှားရှား ပါဝင်လာနိုင်မလား ။

  • ဒီဇိုင်း

ဝေဖန်လို့ ရမယ် ဆိုရင် နှူးးနှူးးညံ့ညံ့ ဝေဖန်ကြည့်ချင်ပါတယ်။ HTC မှာ အညံ့ဆုံးကတော့ ဒီဇိုင်းပါပဲ။ မိုဘိုင်းဖုန်းတစ်လုံး ဟာ ဘယ်လိုမျီုးနည်းပညာ ကောင်းကောင်း၊ အရည်အသွေး မြင့်မြင့် ပရိုဆက်ဆာတွေ ၊ DLSR တွေ ငိုချင်းချလောက် တဲ့ ကင်မရာတွေ တပ်ဆင်ထားတယ် ဖြစ်ဖြစ် .. ဘယ်လို မိုဘိုင်းဖုန်းမျီုးမဆို ကျော်လွှားလို့ မရနိုင်တဲ့ လှေကား ၁ ထစ် က ” အကြည့်တွေ ” ပါ။

မိုဘိုင်း ချစ်သူတွေဟာ အမျီုးအစား ၂ မျီုး ရှီတယ် ဆိုပါစို့ ။ ပထမအမျိုးအစား က Brand ကို နှစ်သက် အားပေးတဲ့ လူ နဲ့ ဒုတိယ အမျိုးအစား က Design ကို နှစ်သက် အားပေးတဲ့လူပါပဲ။ လူတစ်ယောက် ဟာ အမြင်မှာ မလှရင် စိတ်မ၀င်စားပါဘူး။ တကယ်လို့ ကိုယ့်ထုတ်ကုန် ကို လူ့စိတ်ထဲမှာ စွဲနေချင်ရင် စွဲလန်းနေအောင် လုပ်ထားနိုင်မယ့် နည်းလမ်းတွေ ရှာကြံရမှာပါ။ အမြင် ကို စိတ်မ၀င်စားဘူး ဆိုရင်တော့ အဲဒါ ဟာ Brand ကို နှစ်သက်သူပါ။ Brand ကိုရော ၊ အမြင်ကိုရော စိတ်မ၀င်စားဘူး ဆိုရင် အရည်အသွေးကို စိတ်ဝင်စားတဲ့လူ ရှိနေတယ် ဆိုပါတော့ ..။ ဟုတ်ကဲ့ ..အဲဒါဟာ ၀.၉၉၉ ရာခိုင်နှုန်းပါ။

ဈေးကွက်ကို ကြည့်လိုက်ရင် တချီု့ဖုန်းတွေ ဟာ Wallpaper လှလှလေးတွေ နဲ့ ဆွဲဆောင်တယ်။ တချို့ကတော့ လက်ဆောင် ထုတ်ပိုးကုန်တွေ နဲ့ ဈေးကွက်တင် တယ်။ အမျိုးမျီုး အစားစား ကွဲပြားတယ် ဆိုပေမယ့် ကနဦး ” အကြည့်တွေ ” ကို ကျော်လွန်နိုင်ရပါမယ်။

HTC ButterFly ဟာ လူတိုင်း လိုချင်တဲ့ ဒီဇိုင်းပါ။ အဖြူ နဲ့ အနက် နဲ့ ရောယှက်ဖောက်ထားပြီး ဖုန်းရဲ့ ဒီဇိုင်း ကို က ပိုင်ရှင်သခင် ကို ဂုဏ်တက်စေမယ့် ဖုန်း ဒီဇိုင်း မျိုး ချိုးထားခဲ့ပါတယ်။ ဒါဟာ HTC က လုပ်ဆောင်ခဲ့တာ အကုန်ပါပဲ။ အဲဒီနောက်ပိုင်း အမျိုးအစားအသစ်တွေ ထွက်လာတယ်။

” လေးတယ် “
ပထမဆုံးမှတ်ချက် ။
” အထူကြီးပဲကွာ .. ပိတ်ပေါက်ရင် သေလို့တောင် ရတယ် ..”
ဒုတိယမှတ်ချက်

အဲဒီ မှတ်ချက် ၂ ခု ထဲနဲ့တင် ကိုယ်နဲ့ တန်းတူ ဈေးနှုန်းရှိတဲ့ မိုဘိုင်းဖုန်းတွေကြားထဲမှာ ဈေးကွက် ထဲက နေ နောက်ကောက်ကျသွားနိုင်ဖို့ လုံလောက်လှပါတယ်။  တခြား ဟာတွေ မပါသေးပါဘူး။ ဒါကြောင့် အမြင် မှာ စစချင်း မှာ ပဲ အဝေးကို လွင့်မသွားစေဖို့ ကိုယ့်နည်းပညာ မှာ သာ တာဝန်ရှိတာ မဟုတ်ဘဲ ဒီဇိုင်း အပြင်အဆင် မှာပါ အရေးကြီးလှပါတယ်။

Perfume လို့ အမည်ထွက်ခဲ့တဲ့ HTC 10 ကတော့ ပြီးခဲ့တဲ့ နှစ်တွေက အောင်မြင်ခဲ့တဲ့ ဒီဇိုင်းတွေ ကို ပြန်သွားခဲ့ပြီး တော်တော်လေးလည်း ပါးလျလျ ဖြစ်လာတာကို တွေ့ခဲ့ရပါတယ်။ အမည်နဲ့ လိုက်အောင် မွှေးသတင်း ရှိခဲ့ပါတယ်။ Ocean လို့ အမည်ရှိတဲ့ HTC 11 ကလည်း အဲဒီ ပုံသဏ္ဍာန်အတိုင်း အောင်ပွဲခံသွားဖို့ ရှိနေပါတယ်။ Sense Touch User Interface နဲ့ လာရောက်မှာ ဖြစ်တဲ့အတွက် သိသာတဲ့ လှပမှုတွေကို ပေးအပ်ဖို့ လိုအပ်နေပါတယ်။  ထုတ်ဖော်ပြသခဲ့တဲ့ ပုံရိပ်တွေ အရ မူလ ထက် နည်းနည်း ပိုပြီး ပါးလျလာပါတယ်။ ဒါပေမယ့် နည်းနည်းလောက်ပဲ ပါးလျလာတာ ဖြစ်ပါတယ်။

 
  • Feature

လှပသပ်ရပ်တဲ့ ကိုယ်ထည်တစ်ခုလုံးအား သတ္တု နဲ့ တည်ဆောက်ထားခဲ့တဲ့ The HTC Ocean ဟာ Ocean Master, Ocean Note, နဲ့ Ocean Smart စတာတွေ နဲ့ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ HTC 10 ဟာ 5.2-လက်မ ရှိခဲ့ပါတယ်။ 1,440 x 2,560 pixel resolution ရှိခဲ့ပါတယ်။

  • မျက်နှာပြင်

    • 5.2 လက်မ၊ Quad HD (2560 x 1440)
    • သိပ်သည်းဆ 564 ppi
    • စူပါ LCD 5
    • Corning® Gorilla® Glass

အဲဒီလိုတွေ ရှိခဲ့တဲ့အတွက် 5.5 လက်မကို မျှော်လင့်ထားကြတာ အလွန်တော့ မဟုတ်ပါဘူး။ မျှော်လင့်ထားတာထက် သာလွန်တဲ့ စွမ်းဆောင်ရည် ကို မှန်းထားကြပါတယ်။ HTC 10 ဟာ 24-bit Audio Control ရခဲ့ပါတယ်။ အကောင်းမွန်ဆုံး အသံကို ရရှိခဲ့ပြီး ဆက်စပ် နားကြပ်တွေကလည်း တော်တော်လေး အလန်းစား ဒီဇိုင်းတွေ နဲ့ နည်းပညာတွေ ပါ ထည့်သွင်းထားခဲ့ပါတယ်။ MultiMedia ပိုင်း ကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

အသံပိုင်း

  • HTC BoomSound Hi-Fi Edition
  • Dolby အသံ
  • ကိုယ်ပိုင် အသံ ပရိုဖိုင်
  • အသိအမှတ်ပြုလက်မှတ်ရ ကြည်လင်ပြတ်သားမှုအမြင့်ဆုံးအသံ

တွေကို ရရှိခဲ့ပါတယ်။

တရုတ် လူမှုကွန်ယက် Weibo မှာ ပေါက်ကြားခဲ့တဲ့ ပုံရိပ်တွေ အရ HTC 11 ဟာ QHD resolution, 1,440 x 2,560 pixel, ပါဝင်ပါမယ်။ တကယ်လို့ 835 Snapdragon နဲ့ လာမယ်ဆိုရင်တော့ ဒီထက် ပိုများလာဖို့ များပါတယ်။

ဘက်ထရီပိုင်း ကို 3700 ဖြစ်လာဖို့ များနေတယ် လို့ ဆိုပါတယ်။ အရင် HTC 10 ရဲ့ ဘက်ထရီက ဒီလို ရှိခဲ့ပါတယ်။ သူကတော့ 3000 ပါ။

 

  • ဘက်ထရီနှင့် အားသွင်းနှုန်း

    • ၀င်ဆံ့မှုစွမ်းဆောင်ရည်- 3000 mAh
    • 3G/4G ကွန်ရက်တွင် စကားပြောကြာချိန် – 27 နာရီအထိ
    • 3G/4G ကွန်ရက်သုံးနေစဉ် အရံသင့်ရှိချိန်- 19 ရက်အထိ
    • စွမ်းအင် ချွေတာ ပုံစံ
    • အအေး အားသွင်းနည်းဖြင့် အမြန်အားသွင်းနိုင်သည့် 3.0
    • မိနစ် 30 အတွင်း 50% အားသွင်းခြင်း

ဒါကြောင့် 3700 ဖြစ်လာနိုင်ခြေ ရှိတယ် လို့ ဆိုကြပါတယ်။ မေးရမှာ တစ်ခု က ဘက်ထရီ စွမ်းအင် ကောင်းတိုင်း မိုဘိုင်းဖုန်းတော့ ကောင်းမလာ နိုင်ပါဘူး။  HTC 11 ထွက်ချိန် နဲ့ မရှေးမနှောင်း မှာ ထွက်ရှိလာမယ့် မိုဘိုင်းဖုန်ေးတွဟာလည်း 3000 အထက်တွေ ပါရှိလာဖို့ သေချာနေပါတယ်။ ဒါကြောင့် ဒါပေမယ့် ဆက်စပ် မျှော်လင့်နိုင်တာ က အဲဒီ ပမာဏပါ။

 

  • software

HTC 11 ဟာ Android 7.0 Nougat ပါရှိပါလိမ့်မယ်။ HTC 10 ဟာ ၂၀၁၆ ခုနှစ် ရဲ့ အကောင်းဆုံး စမတ်ဖုန်းတွေ စာရင်း မှာ ပါရှိခဲ့ပါတယ်။

Android 7.0 Nougat ဆိုတာ : ဘက်ထရီသက်တမ်း ပိုပြီး ကြာရှည်ခံတာတွေ ၊ Multi Task အထောက်အပံ့တွေ အပြင် လုပ်ဆောင်ချက် အများအပြား နဲ့ ထွက်ရှိထားတဲ့ နောက်ဆုံးပေါ် Android OS ဖြစ်ပါတယ်။

Nougat ရဲ့ လျို့ဝှက်ချက်တွေကို ကျွန်တော်တို့ Digital Times မှာ ရေးသားဖော်ပြခဲ့ဖူးပါတယ်။

Android Version အားလုံးရဲ့ နာမည်အစကို အင်္ဂလိပ် အက္ခရာစဉ်အတိုင်း ပေးခဲ့တာပဲ ဖြစ်ပါတယ်။
Cupcake – Android 1.5
Donut – Android 1.6
Eclair – Android 2.0
Froyo – Android 2.2
Gingerbread – Android 2.3
Honeycomb – Android 3.0
Ice Cream Sandwich – Android 4.0
Jelly Bean – Android 4.1 – 4.3.1
KitKat – Android 4.4 – 4.4.4
Lollipop – Android 5.0 – 5.1.1
Marshmallow – Android 6.0 – 6.0.1
Nougat – Android 7.0 – 7.1

 
  • Release date

April 2017 ဟာ ခန့်မှန်းထားတဲ့ ရက်စွဲပါ။ ဒါပေမယ့် အွန်လိုင်းမီဒီယာ တော်တော်များများ က ဧပြီ ၂၀၁၇ ခုနှစ် ကို ညွှန်းဆိုနေကြပြီး MWC အပြီးမှာ လွှင့်ထုတ်မယ် လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွက်ကတော့ နှစ်သစ်ကူး သင်္ကြန်ကာလ ဖြစ်တဲ့အတွက် လူစိတ်ဝင်စားမှု ရှိကြပါ့မလား လို့ စဉ်းစားစရာ ဖြစ်နေပါတယ်။

  • HTC 10 – April 12, 2016
  • HTC One M9 – March 1, 2015
  • HTC One M8 – March 25, 2014
  • HTC One M7 – February 19, 2013

ဒါဟာ HTC ထွက်ရှိခဲ့တဲ့ ရက်စွဲတွေ ဖြစ်ပါတယ်။ ဒါဆိုရင် April ဒုတိယအပတ် ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

  • ဈေးနှုန်း

ပြီးခဲ့တဲ့ HTC 10 ဟာ မြန်မာဈေးကွက်အတွက် ဈေးနှုန်းနည်းနည်း ကြီးမြင့်ခဲ့ပါတယ်။ အရည်အသွေးကော်ငးတွေ ရှိခဲ့ပေမယ့် မြန်မာနဲ့ အာရှမှာ ထင်သလောက် မပေါက်ခဲ့တဲ့ ဖုန်းတစ်လုံး လို့လည်း ဆိုနိုင်ပါတယ်။

ဈေးနှုန်းတွေကိုတော့ ဒီလို ဖွင့်ခဲ့ပါတယ်။

  • HTC 10 – £569.99
  • HTC One M9 – £580
  • HTC One M8 – £529.99
  • HTC One M7 – £549.99

ဒါကြောင့် အခု HTC 11 ဟာ £ 599 ဖြစ်သွားနိုင်ပါတယ်။ ဒေါ်လာ နဲ့ ဆိုရင်တော့ 600 စွန်းစွန်း ရှိလာနိုင်ပါတယ်။ HTC 10 ကို Win Mobile World က မတင်သွင်းဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် HTC ကို ကိုယ်စားလှယ်ယူထားခဲ့တဲ့ KMD မှာတော့ မှာကြားရင် ရနိုင်လောက်တယ် လို့ ယူဆရပါတယ်။

Extra s : Specifications

ခန့်မှန်း

  • 5.5-inch 2K Display (QHD display resolution)
  • Octa-core Snapdragon 835 chipset
  • Quick Charge 4.0
  • 12-megapixel rear camera/ Dual Camera
  • 8-megapixel front-facing Camera
  • 6/8 GB RAM
  • 256GB storage
  • Boom Sound stereo speakers
  • Water resistant technology
  • Fingerprint Sensor
  • 3,700mAh battery

 

Video s:

(1) HTC 11 , Dual Edge Display , less button , WaterProof Design

 

 

(2) HTC 11 – Leaked Reviews

(3) HTC 11 – Official

Ref : DigitalSpy, DigitalTrends , Rayarena , WinMobileWorld , Techradar , Youtube , Androidpit, theinquirer , HTC Myanmar

 

 

You may be interested

Galaxy S8 ရဲ့ကင်မရာမှာ Portrait Mode လုပ်ဆောင်ချက်သုံးစွဲလာနိုင်ဖွယ်ရှိ
HUBS, Mobiles & Tablets, NEWS
0 shares0 views

Galaxy S8 ရဲ့ကင်မရာမှာ Portrait Mode လုပ်ဆောင်ချက်သုံးစွဲလာနိုင်ဖွယ်ရှိ

Ko Thuya - Oct 17, 2017

ကိုရီးယားစမတ်ဖုန်းကုမ္မဏီဆမ်ဆောင်းအနေနဲ့ နောက်ကျောဘက်ကင်မရာတခုသာတပ်ဆင်ပေးထားတဲ့ Galaxy S8 အား Software အသစ်ထပ်ထုတ်ပြီးတော့ Portrait Mode လုပ်ဆောင်ချက်ကိုထည့်သွင်းပေးလာ နိုင်ပါတယ်။ ဆမ်ဆောင်းအနေနဲု့လုပ်ဆောင်ချက်အဆင့်တိုးမြင့်ပေးချင်တဲ့ စမတ်ဖုန်းတွေကို Software Update အသစ်တွေထပ်ထုတ်ပေးလေ့ရှိတဲ့အတိုင်း Galaxy Note 8 မတိုင်ခင်ထုတ်လုပ်ဖြန့်ချိထားတဲ့ Galaxy S8…

Facebook မှ ပရိုဖိုင်မှာ CV Form ထည့်သွင်းနိုင်တော့မလား ?
Facebook, HUBS, NEWS
63 shares5 views

Facebook မှ ပရိုဖိုင်မှာ CV Form ထည့်သွင်းနိုင်တော့မလား ?

Ko Thuya - Oct 17, 2017

Facebook က ပရိုဖိုင်မှာ Resume/CV Form ထည့်သွင်းနိုင်တဲ့ Feature ကို စမ်းသပ်နေတယ်လို့ The Next Web က ပြောပါတယ်။ Facebook ဟာ LinkedIn လိုမျိုး အလုပ်အကိုင်ဈေးကွက်ကို စိတ်ဝင်စားနေတယ်ဆိုတာ ဖော်ပြနေပါတယ်။ Facebook ဟာ…

Google က Drone များဖြင့် သြစတြေးလျမှာ အစားအစာများ ပို့ပြီ
Drone, Google, HUBS
80 shares6 views

Google က Drone များဖြင့် သြစတြေးလျမှာ အစားအစာများ ပို့ပြီ

Ko Thuya - Oct 17, 2017

Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ရဲ့ Project Wing က ဒရုန်းများဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးတဲ့ နည်းပညာကို စမ်းသပ်ဖို့ သြစတြေးလျ ကုမ္ပဏီနှစ်ခုနဲ့ ပူးပေါင်းလိုက်ပါတယ်။ Project Wing နဲ့ပူးပေါင်းလိုက်တဲ့ ကုမ္ပဏီနှစ်ခုမှာ မက္ကဆီကို အစားအစာ ထုတ်လုပ်သူ…

Most from this category