0 Shares 51 Views

သီချင်းချိုလေးတွေ ဆိုတတ်တဲ့ ရိန်မိုး နဲ့ ခဏတာ

Jan 22, 2017
0 51

ဂီတလောကထဲကို ၂၀၀၁ခုနှစ်မှာဝင်ရောက်ခဲ့ပြီး တစ်ကိုယ်တော်ခွေ (၅) ခွေထွက်ရှိထားတဲ့ အဆိုတော်တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ အဆိုတော် ရိန်မိုးပဲဖြစ်ပါတယ်။ သူနဲ့တွေ့တုန်း သူရဲ့ဂီတလှုပ်ရှား မှုနဲ့အတူ it ပစ္စည်းအကြောင်းလေးတွေကို မေးဖြစ်ခဲ့ပါတယ်။

Q. လတ်တလောအစ်ကိုရဲ့ ဂီတလှုပ်ရှားမှုတွေကို ပြောပြပေးပါလား။
အခုကျွန်တော်ရဲ့တစ်ကိုယ်တော်ခွေလေး ထွက်ထားပါတယ်။”ခေတ်မင်းရင်ထဲက (၁)” ဆိုပြီးနာမည် ပေးထားပါတယ်။ဒီ Title လေးပေးဖြစ်တာ ဒီခွေထဲကသီချင်းတွေအားလုံးကို ကျွန်တော်သူငယ်ချင်းခေတ်မင်း ရေးထားတာပါ၊အဲဒါကြောင့် ဒီနာမည်လေးပေးဖြစ်တာပါ။

Q. ဒီအခွေထဲမှာပါတဲ့ သီချင်းတွေကအစ်ကိုဆိုနေကြ ပုံစံတွေပဲလား။
ကျွန်တော်ဆိုနေကြပုံစံအတိုင်း POP အချိုလေးတွေလည်းပါတယ်။ပြီးတော့ကျွန်တော်ဆိုနေကြပုံစံမဟုတ်တဲ့ Model Rock ပုံစံ (၃) ပုဒ်ပါတယ်၊Rock စတိုင် (၁)ပုဒ်ပါတယ်။

Q. ဒီအခွေကအစ်ကိုရဲ့ ဘယ်နှခွေမြောက် တစ်ကိုယ်တော်ခွေလဲ။
ဒီအခွေကကျွန်တော်ရဲ့ (၅)ခွေမြောက် တစ်ကိုယ်တော်ခွေပါ။

Q. ကိုနေတိုးနဲ့ရော နောက်ထပ်သီချင်းခွေထွက်ဖို့ရှိသေးလား။
နှစ်ယောက်တွဲပြီးအခွေမထွက်ဖြစ်ပေမယ့် သီချင်းတွေကတော့လုပ်ဖြစ်ပါတယ်။ သူရဲ့ရုပ်ရှင်သီချင်းတွေဆို ဖြစ်တယ်။ သူကအလုပ်များတော့ နောက်ထပ်အခွေအတွက် အချိန်မပေးနိုင်သေးတာပါ။

Q. အစ်ကိုကိုယ်တိုင်ရော သီချင်းတွေရေးဖြစ်လား။
ကျွန်တော်ကိုယ်တိုင်ရေးတဲ့ သီချင်းတွေကနည်းပါတယ်။ကျွန်တော်ဆိုတဲ့သီချင်းတွေကို ကျွန်တော်ကိုယ်တိုင် ရေးတာလို့တော်တော်များများက ထင်ကြတယ်။ တကယ်တော်ကျွန်တော်သီချင်းရေးတာက ရှားတယ်၊ ရေးရင် လည်းကျွန်တော်နာမည်မသုံးဘူး၊ကျွန်တော်ကိုနောက်ကွယ်ကနေ ရေးပေးတဲ့တေးရေးဆရာတွေ ရှိပါတယ်။ ကျွန်တော်တေးရေးဆရာတွေက အေလတ်မိုး၊ ညီမင်းခိုင်၊ ခေတ်မင်း သူတို့ကကျွန်တော်ကို ရေးပေးနေကြပါ။

Q. ကိုယ်တိုင်ဘာလိုသီချင်းမရေးတာလဲ၊ရေးရင်ရောဘာလို အစ်ကိုနာမည်မတက်တာလဲ။
ကျွန်တော်ကသီချင်းရေးတာထက် သီချင်းဆိုရတာကိုပိုအားသန်တယ်၊ကျွန်တော်ကသီချင်းရေးနေကျ မဟုတ်တော့ စိတ်ပူတယ်၊ ကိုယ်ရေးလိုအဆင်မပြေမှာ စိုးရိမ်တယ်။

Q. ဇာတ်ဝင်သီချင်းတွေဆိုရတာနဲ့ အခွေအတွက်သီချင်းတွေဆိုရတာ ဘယ်လိုကွာခြားသွားလဲ။
ဗွီဒီယိုဇာတ်ဝင်သီချင်းကကျတော့ ဇာတ်လမ်းနဲ့ပတ်သက်တဲ့အကြောင်းအရာကို စိတ်သွင်းဆိုရတာ ဇာတ်ကားတစ်လုံးရဲ့အရေးပါတာဆိုတော့တာဝန်ပိုကြီးတယ်၊ အခွေထွက်တဲ့သီချင်းတွေကို ဆိုရတာကလည်း တာဝန်ကြီးတာပဲ ကိုယ်ရဲ့သီချင်းတွေပရိတ်သတ်နဲ့ ထပ်တူကျဖို့အတွက်အကောင်းဆုံးကြိုးစားပြီး လုပ်ရတာပဲ သူနေရာနဲ့သူကတော့ အရေးကြီးတယ်၊တာဝန်ကြီးတယ်။

Q. ဂီတလောကထဲကို အစ်ကိုဘယ်လိုရောက်လာတာလဲ။
ကျွန်တော်စင်ကာပူမှာ အလုပ်သွားလုပ်တယ်။ ပြန်လာတော့ အခွေထုတ်တယ်။ကျွန်တော်ပြန်လာတာနဲ့ အခွေချက်ချင်း ထုတ်ဖြစ်တာ ကျွန်တော့် သူငယ်ချင်း ခေတ်မင်း ကျေးဇူးတွေလည်းပါတယ်၊ သူကနာဆာတေးသံ သွင်းကိုကျွန်တော်ဆိုထားတဲ့ သီချင်းတွေကိုပြတယ် အဲဒီမှာ မန်နေဂျာ က ကျွန်တော်အသံကို ကြိုက်တော့အခွေ ထုတ်ဖို့လမ်းစရခဲ့ပြီး ဂီတလောကထဲကိုခြေချဖြစ်ခဲ့တယ်။

Q. အစ်ကို လက်ရှိဘာဖုန်းကိုင်နေလဲ။
အခု iPhone 5S ကိုင်ထားပါတယ်။

Q. ဖုန်းကို ကိုယ်ရဲ့တစ်နေ့တာအတွက် ဘာတွေသုံးဖြစ်လဲ။
အဓိကကတော့ ဖုန်းပြောတယ်၊အင်တာနက်သုံးတယ်၊သီချင်းတွေ  download ဆွဲတယ်။

 

 

You may be interested

Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Android, FEATURES, HUBS
45 shares15 views

Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10

Ko Thuya - Dec 13, 2018

စမတ်ဖုန်းများကို စွယ်စုံသုံး ကိရိယာများ အဖြစ် ဖန်တီးလာကြပါတယ်။ အချို့ စမတ်ဖုန်းများမှာ Infrared Sensor ကို ထည့်ပေးထားပြီး တီဗီ၊ လေအေးပေးစက်လို အီလက်ထရောနစ် ကိရိယာများကို ထိန်းချုပ်နိုင်ပါတယ်။ Windows , Mac Computer များကို ထိန်းချုပ်နိုင်တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Android, HUBS, Mobiles & Tablets
81 shares27 views

Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress ပွဲ မတိုင်ခင် လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ Galaxy S10 , S10+ နဲ့…

ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Apple, HUBS, Mobiles & Tablets
494 shares148 views

ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင်နှစ်ထုတ် iPhone X နဲ့ ဒီနှစ်ထုတ် iPhone XS , XS Max များအတွက် OLED Panels များကို ပံ့ပိုးပေးထားပါတယ်။ အဲဒီ မျက်နှာပြင်များရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ အလွန်များပါတယ်။ အဲဒီအတွက်…

Most from this category