0 Shares 13 Views

Motorola နာမည်နဲ့ဖုန်းတွေကို ဆက်ထုတ်တော့မှာမဟုတ်ကြောင်း Lenovo တရားဝင်ပြောကြား

Feb 04, 2016
0 13

‘Motorola’ ဆိုတဲ့ အမှတ်တံဆိပ်နာမည်နဲ့ဖုန်းတွေဟာ ဆဲလ်ဖုန်းတွေစပေါ်လာတဲ့အချိန်ကတည်းက ဖုန်းကိုင်သူတွေကြားမှာ၊ နာမည်တစ်လုံးနဲ့ ရပ်တည်ခဲ့တဲ့ ဖုန်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါ Motorola နာမည်နဲ့ဖုန်းတွေကို ဆက်ထုတ်တော့မှာမဟုတ်ဘူးလို့ Motorola ကုမ္ပဏီကို ၀ယ်ယူထားတဲ့ Lenovo က အတည်ပြုပြောကြားလိုက်ပါတယ်။

Lenovo ဟာ Motorola Mobility ကို Google ဆီက ၂၀၁၄ ခုနှစ်မှာ ၀ယ်ယူခဲ့တာဖြစ်ပြီး၊ ယခုအခါ Lenovo မိုဘိုင်းဖုန်းနဲ့ Motorola ဖုန်းကို ခွဲထုတ်တော့မှာမဟုတ်ဘဲ Lenovo နာမည်နဲ့ပဲ ထုတ်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Motorola ဆိုတဲ့ နာမည်က လုံးဝ ပျောက်ကွယ်သွားမှာမဟုတ်ဘဲ၊ အရည်အသွေးမြင့်ဖုန်းတွေကို ‘Moto’ နာမည်နဲ့ တန်ဖိုးနည်းဖုန်းတွေကို ‘Vibe’ နာမည်နဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Moto X ဖုန်းလိုနာမည်ကျော် Moto ဖုန်းတွေမှာ အပြာရောင် Lenovo လိုဂိုကိုထည့်သွင်းသွားမှာဖြစ်သလို၊ Motorola ရဲ့ နာမည်ကျော် ‘batwing’ M ပုံစံ တံဆိပ်ကိုလည်း ဆက်လက်အသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။

Lenovo ဟာ PC ဈေးကွက်မှာ နာမည်ရပြီးသားကုမ္ပဏီတစ်ခုဖြစ်ပေမယ့်၊ မိုဘိုင်းဖုန်းဈေးကွက်မှာတော့ အောင်မြင်မှုသိပ်မရရှိသေးပါဘူး။ ဒီအတွက်ကြောင့် Lenovo ဟာ သူ့တံဆိပ်နာမည်မရသေးတဲ့ နိုင်ငံတွေမှာ နာမည်ရပြီးသား Moto X တံဆိပ်နဲ့ ဖောက်ဝင်ကာ Vibe ဖုန်းတွေကို လူသိများအောင်လုပ်မှာဖြစ်ပြီး၊ Moto တံဆိပ်မရောင်းချသေးရတဲ့နေရာတွေမှာတော့ Lenovo နာမည်နဲ့ Moto ဖုန်းတွေကို ဈေးကွက်ဖြန့်ချိ သွားမှာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် Moto X ဖုန်းတွေ စတင်ထွက်ကတည်းက Motorola တံဆိပ်နာမည်ကို အသုံးမပြုတော့တာဖြစ်ပြီး၊ ယခုအခါမှာတော့၊ Motorola တံဆိပ်နာမည်ကို တရားဝင်အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း Lenovo ကုမ္ပဏီက ကြေငြာခဲ့တာဖြစ်ပါတယ်။

Ref: Techradar

You may be interested

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ

Ko Thuya - Jun 25, 2018

တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် Full HD Video များကို ရိုက်ကူးနိုင်တဲ့ စွမ်းရည်ဟာ Xiaomi Redmi Note 5 Pro ရဲ့ Chinese MIUI 10 Beta မှာ ပါလာပါတယ်။ ဒီသတင်းကို XDA…

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
96 shares32 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
123 shares32 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

Most from this category