0 Shares 1219 Views

HTC U Ultra ကို iPhone 7 Plus နှင့် နှိုင်းယှဉ် ကြည့်တဲ့အခါ

Jan 20, 2017
0 1219

HTC ကတော့ မကြာသေးခင်ကမှ 2017 flagship စမတ်ဖုန်းအသစ်အဖြစ် HTC U Ultra ရဲ့ specs တွေကို မိတ်ဆက်လိုက်ပါတယ်။ 2017 flagship စမတ်ဖုန်း အဖြစ်ထွက်ရှိလာတော့မယ့် ဒီဖုန်းဟာ 2016 flagship စမတ်ဖုန်းတွေထက် ဘာတွေထူးခြားလာသလဲဆိုတာကို သိနိုင်ဖို့ newatlas website က 2016 ခုနှစ်အတွင်းက အကောင်းဆုံး စမတ်ဖုန်း တစ်လုံးလို့ပြောလို့ရတဲ့ Apple ရဲ့ နောက်ဆုံးထွက် iPhone 7 Plus နဲ့ နှိုင်းယှဉ်ပြထားပါတယ်။ ဘာတွေကွာခြားလဲဆိုတာ လေ့လာကြည့်ရရင် …

အရွယ်အစား

အရွယ်အစား နှိုင်းယှဉ်ချက်အရတော့  HTC U Ultra အရှည်နဲ့ အကျယ် (၃) ရာခိုင်နှုန်း ပိုကြီးပြီး (၁၀) ရာခိုင်နှုန်းပိုထူတာတွေ့ရပါတယ်။

အလေးချိန်

အလေးချိန်မှာတော့ iPhone 7 Plus က (၁၁) ရာခိုင်နှုန်း ပိုမို လေးပါတယ်။

ကိုယ်ထည်

အရောင်

iPhone ကတော့ ရွေးချယ်စရာ ပိုများပါတယ်။

မျက်နှာပြင်အရွယ်အစား

HTC U Ultra ရဲ့ မျက်နှာပြင်က (၇) ရာခိုင်နှုန်း ပိုကြီးပါတယ်။

Display Resolution

iPhone 7 Plus ရဲ့ Display က Full HD သာထောက်ပံ့ပေမယ့် HTC U Ultra ရဲ့ Display ကတော့ Quad HD ဖြစ်ပါတယ်။

Second Screen

HTC U Ultra မှာ Notification တွေကိုဖော်ပြပေးမယ့် Second Screen ပါဝင်လာတာတွေ့ရပါတယ်။

ကင်မရာ

ကင်မရာ နှိုင်းယှဉ်ချက်အရ Selfie ရုပ်ထွက်က HTC က ပိုသာပါတယ်။ နောက် ကင်မရာကတော့ iPhone 7 Plus က Dual Camera ကို သုံးထားတဲ့အတွက် ပိုကောင်းတယ် လို့ ပြောရမှာပါ။

Battery

HTC U Ultra က အနည်းငယ်ပိုသာပေမယ့် iOS ရဲ့ အားသာချက်အရ iPhone 7 Plus က ပိုမို ကြာရှည်အသုံးခံမှာပါ။ HTC သုံးထားတဲ့ Quad HD display ကလည်း battery ကို အကုန်မြန်စေပါတယ်။

Processor

RAM

Storage

HTC U Ultra က 64GB တစ်မျိုးပဲ ထုတ်လုပ်မှာဖြစ်ပေမယ့် SD ကဒ် ထပ်စိုက်လို့ရပါတယ်။

ရေစိုခံမှု

HTC U Ultra မှာ ရေစိုခံနည်းပညာ မပါဝင်လာပါဘူး။

OS

HTC U Ultra မှာ Android Nougat ကိုသုံးထားပြီး iPhone 7 Plus မှာတော့ iOS 10 ကိုသုံးထားပါတယ်။

ထွက်ရှိတဲ့ရက်

iPhone 7 Plus ဟာ ပြီးခဲ့တဲ့ (၂၀၁၆) စက်တင်ဘာလ မှာ ထွက်ရှိခဲ့ပြီး HTC U Ultra ကတော့ လာမယ့် (၂၀၁၇) မတ်လ မှ ထွက်ရှိမှာဖြစ်ပါတယ်။

စတင်ရောင်းချတဲ့ဈေးနှုန်း

Ref: Newatlas

You may be interested

Explore Feed နာမည်နဲ့ News Feed လုပ်ဆောင်ချက်သစ်ကို Facebook ဖြန့်ချီ
Facebook, HUBS, NEWS
0 shares0 views

Explore Feed နာမည်နဲ့ News Feed လုပ်ဆောင်ချက်သစ်ကို Facebook ဖြန့်ချီ

Ko Thuya - Oct 20, 2017

လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook အနေနဲ့ သုံးစွဲသူတွေအဆင်ပြေဖို့နောက်ထပ် Feature သစ်တခုကို တရားဝင်ဖြန့်ချိပေးလိုက်ပါတယ်။ အဲ့ဒါကတော့ ဧပြီလကတည်းက စမ်းသပ်နေတဲ့ Facebook ရဲ့ Feature သစ်ဖြစ်တဲ့ Explore Feed ကို မနေ့ကတရားဝင်ဖြန့် ချိပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် ကိုယ် Like မလုပ်ထားတဲ့…

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်
FEATURES, HUBS, Mobile & Tablets
102 shares15 views

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်

Ko Thuya - Oct 20, 2017

24MP and idea become perfect selfie ဓာတ်ပုံကောင်းတစ်ပုံရဖို့ဆိုတာ ကင်မရာကောင်းကောင်းရယ်၊ စိတ်ကူးစိတ်သန်းကောင်းကောင်းရယ် ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ကင်မရာကောင်းတိုင်းလည်း ပုံကောင်းတစ်ပုံ မထွက်သလို၊ စိတ်ကူးကောင်းပေမယ့် ကင်မရာမကောင်းလို့ ကောင်းသင့်သလောက်မကောင်းတဲ့ ပုံတွေလည်း ရှိပါတယ်။ V7+ က Selfie ချစ်သူတွေအတွက်…

ဖုန်းကို အားသွင်းပေးမယ့် ဂျက်ကတ်
NEWS, Tech Update
75 shares7 views

ဖုန်းကို အားသွင်းပေးမယ့် ဂျက်ကတ်

Ko Thuya - Oct 20, 2017

စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ တိုတောင်းတဲ့အတွက် နေ့စဉ် ဖုန်း အားသွင်းရတဲ့ အလုပ်ရှုပ်မှုများ ရှိနေပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို နေရာမရွေး အားသွင်းပေးနိုင်တဲ့ Power Bank များကို ထုတ်လုပ်ပေးထားသလို ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပေးတဲ့ Battery Case…

Most from this category