0 Shares 23 Views

အူရီဒူးမြန်မာမှ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့

Jan 20, 2017
0 23

အူရီဒူးမြန်မာအနေဖြင့် ၂၀၁၆ ခုနှစ်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုစနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး၊ ၂၀၁၇ အတွက်ပါ ၄င်း၏ ဝန်ထမ်းများနှင့် လုပ်ငန်းခွင်အခြေအနေ ပိုမိုစိတ်ချလုံခြုံမှုရှိစေရန်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ချနိုင်စေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်၊  အများပြည်သူ၏ ကျန်းမာရေးရာလုံခြုံစိတ်ချမှုရှိစေရန်နှင့် ဘေးအန္တရယ်ကင်းရှင်းနိုင်စေရန် အစရှိသဖြင့် အောင်မြင်မှုများရရှိအောင်  ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အူရီဒူးမြန်မာမှ လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုစနစ်အရ ကျန်းမာရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အောင်မြင်မှုများမှာ – အူရီဒူးမြန်မာ ဝန်ထမ်းများအားလုံးကို သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုစနစ်နှင့် ပတ်သက်သည့် သင်တန်းများပေးခြင်း၊ အခြားလုပ်ငန်းများနှင့်လက်တွဲဆောင်ရွက်ရာတွင် စာချုပ်များ၌ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုစနစ်အရ ကျန်းမာရေး၊ လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် လိုက်နာရမည့်အချက်များအား တိကျစွာပြဌာန်းသတ်မှတ်ဖော်ပြခြင်း၊ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလအတွင်း မြန်မာစင်တာ တာဝါ (၁)၊ ရန်ကုန်မြို့ရှိ အူရီဒူးမြန်မာရုံးချုပ်၌ အရေးပေါ်အခြေအနေများကြုံကြိုက်လာပါက ဘေးအန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်စီမံနိုင်စေရန် အစမ်းလေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အူရီဒူးမြန်မာ၏  Officer ဖြစ်သူ Mr. Christopher Peirce က “ အူရီဒူးမြန်မာအနေနဲ့ အကောင်းဆုံးသော ကွန်ရက်၊ ဝန်ဆောင်မှုများနှင့် သုံးစွဲသူဝန်ဆောင်မှုတို့ကို နိုင်ငံတကာအဆင့်မီ ပေးအပ်နိုင်ရုံမျှမက သုံးစွဲသူများ၊ ဝန်ထမ်းများနှင့် မြန်မာ့လူထုတစ်ရပ်လုံးအတွက် အရေးပါသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးရာကိစ္စရပ်များကိုပါ တာဝန်ယူမှုရှိရှိဖြင့်ဆောင်ရွက်လျက်ရှိပါသည်။ အူရီဒူး၏ ရည်မှန်းချက်ပန်းတိုင်အနေဖြင့် မြန်မာနိုင်ငံနှင့်ပြည်သူလူထုကို ပိုမိုကောင်းမွန်သောအနာဂတ်နှင့် ချိတ်ဆက်ပေးလျက်ရှိပါသည်  “ ဟု ပြောကြားလိုက်သည်။

You may be interested

လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်
NEWS, Tech Update
0 shares0 views

လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်

Ko Thuya - Jul 17, 2018

လေဆိပ်များဟာ အရွယ်အစား ကြီးမားပြီး လူများစွာ ရှိတဲ့အတွက် သင်သွားမယ့် ဂိတ်ပေါက်များကို ရှာဖွေရတာ မလွယ်ကူပါဘူး။ လေဆိပ်ထဲမှာ တိုင်ပတ်နေကြရပါတယ်။ အခုတော့ KLM Royal Dutch Airlines က လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်ကို ဖန်တီးလိုက်ပါတယ်။ စက်ရုပ်ရဲ့…

iPhone X ရဲ့ Animojis ကို Android Phone တိုင်းမှာ ဘယ်လို သုံးမလဲ ?
FEATURES, Softwares & Application
110 shares20 views

iPhone X ရဲ့ Animojis ကို Android Phone တိုင်းမှာ ဘယ်လို သုံးမလဲ ?

Ko Thuya - Jul 17, 2018

Apple က iPhone X မှာ Augemted Reality နဲ့ Truedepth Camera နည်းပညာကို အသုံးပြုထားတဲ့ Animojis လုပ်ဆောင်ချက်ကို မိတ်ဆက်ခဲ့ပါတယ်။ Animojis ဟာ လူ့မျက်နှာ အမူအရာနဲ့ လှုပ်ရှားမှုအတိုင်း Emoji များက တုပ…

Samsung Galaxy Note 9 ဟာ Galaxy S9 နဲ့ iPhone X တို့ထက် ပိုမြန်မည်
Android, HUBS, Mobiles & Tablets
224 shares40 views

Samsung Galaxy Note 9 ဟာ Galaxy S9 နဲ့ iPhone X တို့ထက် ပိုမြန်မည်

Ko Thuya - Jul 17, 2018

Samsung Galaxy Note 9 ဟာ အလွန် စွမ်းရည်မြင့်မယ့် ဖုန်းဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူဟာ မျှော်မှန်းထားတာထက်တောင် ပိုစွမ်းရည်ပြည့်မယ်လို့ သတင်းထွက်လာပါတယ်။ သူ့မှာ ဆမ်ဆောင်း မကြေညာရသေးတဲ့ Exynos 9820 Chipset ပါလာမှာ ဖြစ်ပါတယ်။ Chip…

Most from this category