0 Shares 57 Views

AI စနစ်သုံး ကီးဘုတ်အက်ပလီကေးရှင်း SwiftKey ကို ဒေါ်လာ သန်း ၂၅၀ နဲ့ဝယ်ယူမယ့် Microsoft

ဆော့ဖ်ဝဲကုမ္ပဏီကြီး Microsoft ဟာ AI ကွန်ပြူတာအသိဥာဏ်သုံး ကီးဘုတ်အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ SwiftKey ကို ဒေါ်လာ သန်း ၂၅၀နဲ့ ၀ယ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လန်ဒန်အခြေစိုက်၊ SwiftKey ကုမ္ပဏီကထုတ်လုပ်ထားတဲ့ SwiftKey ဟာ iOS ကော Android မှာပါ နာမည်အကြီးဆုံးကီးဘုတ် app တစ်ခုဖြစ်ပြီး၊ Microsoft အနေနဲ့ SwiftKey ကီးဘုတ်မှာအသုံးပြုထားတဲ့ Artificial Intelligence ( ကွန်ပြူတာအသိဥာဏ်နည်းပညာ) ရဲ့ လုပ်ဆောင်နိုင်စွမ်းရည်တွေကို စိတ်ဝင်စားခဲ့တာကြောင့် ၀ယ်ယူရခြင်းဖြစ်တယ်လို့ သိရပါတယ်။

SwiftKey ကီးဘုတ်ဟာ အသုံးပြုသူရိုက်နေကြ စကားလုံးတွေကို အချိန်နဲ့အမျှ မှတ်သားလေ့လာထားနိုင်ပြီး၊ နောက်တစ်ခါရိုက်လိုတဲ့အခါ ကိုယ်ရိုက်မယ့်စာလုံးအစကို ရိုက်လိုက်ရုံနဲ့ စာလုံးတစ်ခုလုံးကို ခန့်မှန်းဖော်ပြနိုင်တဲ့အရည်အချင်းကြောင့် လူသိများတဲ့ကီးဘုတ်လည်း ဖြစ်ပါတယ်။ ယခုလိုမှတ်သားနိုင်တဲ့စွမ်းရည်ဟာ စကားလုံးတွေရိုက်ရာမှာတင်မကဘဲ၊ slang ခေါ် ဗန်းစကားတွေနဲ့ emoji တွေကိုပါ မှတ်သားထားနိုင်ပါတယ်။ ဒီနည်းပညာကြောင့် Samsung ကုမ္ပဏီကလည်း SwiftKey ဆော့ဖ်ဝဲကို ကုမ္ပဏီရဲ့ Galaxy ဟန်းဆက်တွေမှာ လိုင်စင်သွင်းအသုံးပြုထားရတဲ့ အဆင့်မြင့်နည်းပညာတစ်ခုဖြစ်ပါတယ်။

Microsoft ဟာ လက်ရှိမှာ ကီးဘုတ်နည်းပညာတစ်ခုဖြစ်တဲ့ WordFlow ကို ထုတ်လုပ်ထားပြီး၊ လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ၊ iOS မှာ စတင်မိတ်ဆက်ထုတ်ပေးသွားဖို့လည်းရှိနေပါတယ်။

ကုမ္ပဏီဟာ ဒီဇင်ဘာ ၂၀၁၄ ခုနှစ်တုန်းကလည်း အီးမေးလ်ကုမ္ပဏီသစ်တစ်ခုဖြစ်တဲ့ Acompli ကို ၀ယ်ယူကာ၊ ထိုနည်းပညာတွေနဲ့ Outlook မိုဘိုင်း app အသစ်တစ်မျိုးကို ထုတ်လုပ်နိုင်ခဲ့တာကို တွေ့ရတာကြောင့် ယခု SwiftKey ၀ယ်ယူမှုဟာလည်း ကုမ္ပဏီရဲ့ကီးဘုတ်ဆော့ဖ်ဝဲနည်းပညာကို မြှင့်တင့်ဖို့ ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

Ref: Mashable

 

 

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
770 shares256 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Most from this category