0 Shares 216 Views

Facebook မှာ Upload ပြုလုပ်တဲ့ ဓါတ်ပုံများကို နေရာပြန်ချမယ်

Jan 21, 2017
0 216

Facebook က Default အားဖြင့် Upload ပြုလုပ်လိုက်တဲ့ ဓါတ်ပုံများကို အက္ခရာစဉ်အလိုက်စီပြီး ပြသပေးပါတယ်။ Windows File Explorer လိုမျိုး ဖြစ်ပါတယ်။ Facebook မှာ ဓါတ်ပုံများစွာကို Upload ပြုလုပ်ပြီး ပို့စ်တင်တဲ့အခါမှာ News Feed မှာ ဓါတ်ပုံအားလုံးကို Preview အဖြစ် ပြသပေးခြင်းမရှိဘဲ အနည်းငယ်ကိုသာ ပြသပေးပြီး အက္ခရာစဉ်အရ ရှေ့ဆုံးမှ ဓါတ်ပုံကိုတော့ အကြီးဆုံး ပြသပေးပါတယ်။ Preview မပြသပေးထားတဲ့ ဓါတ်ပုံအရေအတွက်ကိုတော့ +5 , +6 စသဖြင့် ဖော်ပြပေးထားပါတယ်။ သင်နှစ်သက်တဲ့ ဓါတ်ပုံများကို Preview ပြသပေးစေချင်ရင် ဒါမှမဟုတ် အကြီးဆုံး အဖြစ် ပြသပေးစေချင်ရင် ဓါတ်ပုံများကို Upload ပြုလုပ်အပြီး ပို့စ်အဖြစ် မတင်မီ Rearrange ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Status Update Box မှာ ရေးချင်တဲ့ စာသားကို ရေးပါ။ စာမရေးချင်ရင် Mouse Cursor ချပါ။ Camera Icon ပေါ်လာရင် တစ်ချက်နှိပ်ပါ။
1
File Picker Window ပေါ်လာရင် ဓါတ်ပုံများ ရှိတဲ့ နေရာကို သွားပါ။ ဓါတ်ပုံများစွာကို ရွေးချယ်ဖို့အတွက် Ctrl Key ကိုဖိထားပြီး ကလစ်တစ်ချက်စီနှိပ်ပါ။ ပြီးရင် Open Button ကို နှိပ်ပါ။
2
ဓါတ်ပုံများကို Upload ပြုလုပ်ပြီးတာနဲ့ Windows File Explorer မှာလိုပဲ Facebook က ဓါတ်ပုံများကို အက္ခရာစဉ်အလိုက် စီပေးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ရှေ့ဆုံးမှာ ရှိတဲ့ ဓါတ်ပုံကိုတော့ အကြီးချဲ့ပြီး Preview ပြသပေးမှာဖြစ်ပါတယ်။ သင်နှစ်သက်တဲ့ ဓါတ်ပုံကို ရှေ့ဆုံးကို ပို့ဖို့အတွက် အဲဒီ ဓါတ်ပုံပေါ်မှာ ကလစ်နှိပ်ပြီး ဖိထားပါ။ ရှေ့ဆုံးသို့ ဖိဆွဲပြီး နေရာပြောင်းလိုက်ပါ။ အခြား Preview အဖြစ် ပြသပေးစေချင်တဲ့ ဓါတ်ပုံများကိုလည်း ဒုတိယ၊ တတိယ၊ စတုတ္ထ နေရာများသို့ ပြောင်းရွှေ့နိုင်ပါတယ်။
3
အောက်ပါ ပုံမှာတော့ ဓါတ်ပုံများကို နေရာပြောင်းရွှေ့အပြီး မြင်ရတဲ့ အနေအထားဖြစ်ပါတယ်။ Post တင်ပြီးချိန်မှာ ပြသပေးတဲ့ ဓါတ်ပုံ အရေအတွက်ကတော့ ဓါတ်ပုံများရဲ့ Resolution နဲ့ Orientation အပေါ်မူတည်ပါတယ်။ News Feed မှာ Preview အဖြစ် မပြသပေးတဲ့ ဓါတ်ပုံများကို ကြည့်ချင်ရင်တော့ ဓါတ်ပုံကို ကလစ်နှိပ်ပြီး တစ်ခုချင်းစီ ကြည့်နိုင်ပါတယ်။
4
ဓါတ်ပုံများကို Rearrange ပြုလုပ်ပြီးရင်တော့ Post ခလုတ်ကို နှိပ်ပြီး သူငယ်ချင်းများနဲ့ မျှဝေနိုင်ပါပြီ။

ref : how to geek

You may be interested

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ
FEATURES, gadgets, Smartwatches
0 shares0 views

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ

Ko Thuya - Dec 12, 2017

Fitness Tracker ခေါ် ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ လက်ပတ်များဟာ သင့်ရဲ့ ကျန်းမာရေးကို စဉ်ဆက်မပြတ် စစ်ဆေးပေးနိုင်ပါတယ်။ သူတို့က သင့်ရဲ့ လမ်းလျှောက်တဲ့ ခြေလှမ်းများ ၊ ပြေးတဲ့ အကွာအဝေး ၊ နှလုံးခုန်နှုန်းများ၊ အိပ်စက်မှု အခြေအနေများကို တိုင်းတာပေးနိုင်ပါတယ်။ ဒီနှစ်ထဲမှာ…

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်
Audio & Video, NEWS, Softwares & Application
62 shares9 views

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်

Ko Thuya - Dec 12, 2017

Forbes က မကြာခင်က ၀င်ငွေ အကောင်းဆုံး YouTubers စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ သူတို့ဟာ ၂၀၁၆ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာ ဒေါ်လာ ၁၂၇ သန်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတာက တစ်နှစ်အတွင်း…

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ
NEWS, Softwares & Application
73 shares9 views

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ

Nwe Oo - Dec 12, 2017

Apple platform ပေါ်မှာအခြေခံပြီးဖန်တီးထားသမျှ app တွေအကုန်လုံးကို pre-order လက်ခံနိုင်ဖို့ Apple က developer တွေကို ခွင့်ပြုလိုက်ပါပြီ။ MacStories က သိရသလောက်ဆိုရင် ဒီစည်းမျဉ်းက စတင်အကြုံးဝင်နေပြီဖြစ်ပြီး App Store မှာ တစ်ချို့ app တွေဆို…

Most from this category