မသန်မစွမ်း၊လေဖြတ်ဝေဒနာရှင်တွေ လမ်းပြန်လျှောက်နိုင်မယ့် Exoskeleton စက်တပ်ဝတ်စုံ

Feb 03, 2016
0 9

ကားမတော်တဆမှုအပြီးမှာ ခါးအောက်ပိုင်းအကြောသေသွားခဲ့တဲ့ Steven Sanchez ဟာ ကယ်လီဖိုးနီယားတက္ကသိုလ်ဝင်းအတွင်းမှာရှိတဲ့ SuitX ရုံးခန်းအတွင်းကို ၀ှီးချဲလ်လေးနဲ့ ၀င်ရောက်လာခဲ့ပါတယ်။

တစ်နာရီအကြာမှာတော့၊ Sanchez ဟာ ကြမ်းပြင်ပေါ်မှာ ကောင်းကောင်းမတ်တပ်ရပ်နေနိုင်ပြီး၊ ကားမတော်တဆမှုပြီးနောက် ပထမဦးဆုံးဖြစ်တဲ့ ခြေလှမ်းတစ်လှမ်း ကို စတင်လှမ်းလိုက်ပါတယ်။

Sanchez တစ်ယောက် အခုလိုလမ်းပြန်လျှောက်နိုင်ခဲ့တာဟာ၊ SuitX ကုမ္ပဏီရဲ့ Exoskeleton စက်ရုပ်ဝတ်စုံ အစွမ်းကြောင့်ဖြစ်ပြီး၊ ၀တ်စုံတစ်စုံကို ဒေါ်လာ ၄ သောင်းနဲ့ မှာယူ၊၀ယ်ယူနိုင်ပြီုဖစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ ဘာကလေ၊ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လူသားအကျိုးပြုအင်ဂျင်နီယာပညာရပ်ဌာနနဲ့ SuitX ကုမ္ပဏီတို့ဟာ နှစ်ပေါင်းများစွာ သုတေသနပြုစမ်းသပ်အပြီးမှာ၊ ဈေးသက်သာ၊၀န်ပေါ့တဲ့ ပထမဆုံး exoskeleton ‘Phoenix’ ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး ဒီဝတ်စုံရဲ့ စွမ်းအင်ကြောင့် လှုပ်ရှားမှုမပြုလုပ်နိုင်တဲ့မသန်မစွမ်းဝေဒနာရှင်တွေဟာ ကမ္ဘာမြေပေါ်လမ်းပြန်လျှောက်နိုင်တော့မှာပါ။

Exoskeleton ခေါ် Powerd Skeleton ဆိုတာ အင်းဆက်တို့ရဲ့ အရိုးခွံတည်ဆောက်ပုံကို မှီငြမ်းကာဆောက်လုပ်ထားတာဖြစ်ပြီး၊ လူ့ခန္ဓာကိုယ်ပြင်ပမှာ ၀တ်ဆင်ရတဲ့ စက်တပ်ဝတ်စုံတစ်မျိုး ဖြစ်ပါတယ်။

Exoskeleton စက်တပ်ဝတ်စုံဟာ မော်တာ၊ဟိုက်ဒရောလစ်၊ လေအား၊လီဗာစနစ်တွေနဲ့ လူ့အရိုးအဆစ်လှုပ်ရှားမှုတွေကို ခွန်အားပေးနိုင်တဲ့ စက်ဖြစ်ပြီး၊ အဓိကလုပ်ဆောင်ရည်ကတော့ ၀တ်ဆင်သူရဲ့ ခွန်အားနဲ့ ခံနိုင်ရည်တို့ကို မြှင့်တင်ပေးနိုင်ဖို့ဖြစ်ပါတယ်။ အများအားဖြင့်၊ စစ်ဘက်အသုံးပြုဖို့အတွက် ဒီဇိုင်းထုတ်လုပ်ကြပြီး၊ စစ်သားတွေအနေနဲ့ တိုက်ပွဲအတွင်း(သို့) တိုက်ပွဲပြင်ပမှာ ကြီးမားလေးလံတဲ့ဝန်တွေကို အလွယ်တကူသယ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။

ယခု Phoenix ၀တ်စုံကတော့ အရပ်ဘက်သုံးအတွက်ဖြစ်ကာ၊ စစ်ဘက်သုံးဝတ်စုံတွေလို ကြီးမားလေးလံမှုမရှိဘဲ၊ ဈေးလည်းပိုမိုသက်သာပါတယ်။ ၀တ်စုံကို အပိုင်းအစတစ်ခုချင်းစီ ဖြုတ်သိမ်းနိုင်တာကြောင့်၊ သယ်ဆောင်ရလွယ်ကူပြီး၊ ၀တ်ဆင်သူရဲ့ခန္ဓာကိုယ်အချိုးအစားအပေါ်မူတည်ပြီးလည်း ချိန်ညှိဝတ်ဆင်နိုင်ပါတယ်။

Phoenix မှာပါရှိတဲ့ ဘက်ထရီဟာ တစ်နာရီကို ၁.၁ မိုင်နှုန်းနဲ့ လေးနာရီကြာ ဆက်တိုက်လမ်းလျှောက်နိုင်ပြီး၊ ၀တ်စုံရဲ့ အလေးချိန်က ၂၇ ပေါင်သာ ရှိတဲ့အတွက်၊ တခြား exoskeleton ၀တ်စုံတွေထက် အများကြီးပိုပေါ့ပါတယ်။

ဈေးကလည်း ဒေါ်လာ ၄ သောင်းဆိုတဲ့အတွက် များတယ်လို့ ထင်ရပေမယ့်၊ တခြားကုမ္ပဏီကထုတ်ထားတဲ့မော်ဒယ်တွေက ဈေးပိုများပြီး၊ ဒေါ်လာ ၇သောင်းကျော်ရှိတာကြောင့် Phoenix ၀တ်စုံက အများကြီးပိုဈေးသက်သာလာတယ်လို့် ဆိုရမှာပါ။

Phoenix ၀တ်စုံရဲ့လုပ်ဆောင်ပုံကတော့ ၀တ်ဆင်သူရဲ့ ကျောရိုး၊တင်ပါးရိုး၊နဲ့ ဒူးရိုးနေရာတွေမှာ တပ်ဆင်ထားတဲ့ အထိန်းပစ္စည်းတွေမှာ မော်တာလေးတွေ ထည့်သွင်းတပ်ဆင်ထားပြီး၊ ၀တ်ဆင်သူအနေနဲ့ လမ်းလျှောက်လိုတဲ့အခါ ချိုင်းထောက်သဏ္ဍာန် စက်အစိတ်အပိုင်းမှာ တပ်ဆင်ထားတဲ့ ခလုပ်လေးတွေကို နှိပ်ပေးရုံနဲ့ တစ်နာရီကို ၁.၁ မိုင်နှုန်း လမ်းလျှောက်သွားလာနိုင်မှာ ဖြစ်ပါတယ်။ Phoenix ၀တ်စုံမှာ တပ်ဆင်ထားတဲ့မော်တာတွေအတွက် လိုအပ်တဲ့စွမ်းအင်ကိုတော့ ကျောဘက်မှာ ကျောပိုးအိတ်သဏ္ဍာန်လွယ်ထားတဲ့ ဘက်ထရီအိတ်ကနေ ရရှိတာဖြစ်ပါတယ်။

ကျောရိုးမထိခိုက်ဒဏ်ရာရထားမှုကြောင့် လမ်းမလျှောက်နိုင်သူတွေမှာ ယခု Phoenix စက်တပ်ဝတ်စုံကို အဓိကစမ်းသပ်ကြည့်ခဲ့ရမှာလည်း၊ အောင်မြင်စွာ လမ်းပြန်လျှောက်နိုင်ခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ သိရှိရပါတယ်။

“ ကျွန်တော်တို့အနေနဲ့ သူတို့ရောဂါကိုမကုသပေးနိုင်ပါဘူး။ သူတို့ရဲ့ထိခိုက်ဒဏ်ရာတွေကိုပျောက်အောင်မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် သူတို့ လမ်းပြန်လျှောက်နိုင်အောင်တော့လုပ်ပေးနိုင်ပြီး၊ အချိန်ကြာကြာထိုင်နေရခြင်းကြောင့် နောက်ဆက်တွဲခံစားရနိုင်တဲ့ဆိုးကျိုးတွေကို သက်သာအောင် လုပ်ပေးနိုင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ဘ၀ကို ပေးစွမ်းနိုင်ပါတယ်” လို့ SuitX စက်ရုပ်ကုမ္ပဏီ တည်ထောင်သူနဲ့ CEO Homoyoon Kazerooni က ပြောကြားခဲ့ပါတယ်။

SuitX ရဲ့ လုပ်ငန်းခွင်နဲ့ ဆေးဘက်ဆိုင်ရာသုံး စက်တပ်ဝတ်စုံတွေမှာအသုံးပြုထားတဲ့နည်းပညာဟာ ဘားကလေ၊ကယ်လီဖိုးနီယားတက္ကသိုလ်၊ လူသားအကျိုးပြုစက်ရုပ်နည်းပညာတည်ဆောက်မှုဌာနက နည်းပညာဖြစ်ပြီး၊ ထိုဌာနကိုလည်း Kazerooni ကပဲ ဦးဆောင်နေတာဖြစ်ပါတယ်။ သူ့ရဲ့ အဓိကရည်မှန်းချက်ကတော့ ကလေးငယ်တွေဝတ်ဆင်အသုံးပြုနိုင်မယ့် exoskeleton တစ်မျိုးကိုတည်ဆောက်နိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

SuitX ကုမ္ပဏီလိုမျိုး စက်ရုပ်ဝတ်စုံတွေထုတ်လုပ်တဲ့ ReWalk ကုမ္ပဏီအပါအ၀င် တခြားကုမ္ပဏီတွေသာ ယခုထက်ကုန်ကျစရိတ်ကို လျော့ချနိုင်ပါက၊ နောက်တစ်ချိန်မှာ မသန်မစွမ်းလူတွေအနေနဲ့ ၀ှီးချဲလ်ပေါ်မှာပဲ ဘ၀ကို ကုန်ဆုံးစရာမလိုတော့ဘဲ၊ exoskeleton တွေ ၀တ်ဆင်ကာ၊ သာမန်လူလို လှုပ်ရှားဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။

suitx-exoskeleton-jt

Ref: MIT Technology review, Engadget

 

 

You may be interested

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
60 shares8 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T
Android, HUBS, Mobiles & Tablets
333 shares50 views

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T

Ko Thuya - Nov 24, 2017

OnePlus 5T ရဲ့ အကောင်းဆုံး စွမ်းရည်တစ်ခုမှာ Dash Charge လို့ခေါ်တဲ့ လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ စွမ်းရည် ဖြစ်ပါတယ်။ သူဟာ ပြိုင်ဖက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများထက် သာလွန်ကောင်းမွန်နေပါတယ်။ ကုမ္ပဏီက ကြော်ညာ ဗီဒီယိုတစ်ခုဖြင့် 5T ရဲ့ လျှင်မြန်စွာ…

ဥရောပမှာရောင်းအားအမြန်ဆုံးစံချိန်ချိုးနိုင်ခဲ့တဲ့ Huawei Mate 10 Pro
Huawei, NEWS
645 shares117 views

ဥရောပမှာရောင်းအားအမြန်ဆုံးစံချိန်ချိုးနိုင်ခဲ့တဲ့ Huawei Mate 10 Pro

Nwe Oo - Nov 24, 2017

Huawei Mate 10 Pro ကို ဂျာမနီနိုင်ငံမှာတော့ အောက်တိုဘာလ ၁၆ရက်နေ့က Huawei Mate 10 နဲ့အတူ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Huawei ရဲ့ Mate စီးရီးက Samsung Galaxy Note 8 နဲ့…

Most from this category