0 Shares 1987 Views

Android အတွက် Super Mario Run မတ် လတွင် ထွက်မည်

Jan 19, 2017
0 1987

Pokemon Go ထက် ပိုမို ရေပန်းစားလျက်ရှိနေတဲ့ Super Mario Run ဟာ လာမယ့် (၂၀၁၇) မတ်လ အတွင်းမှာ Android အတွက် ထွက်ရှိတော့မှာဖြစ်တယ်လို့သိရပါတယ်။

Nitendo အနေနဲ့ Apple နဲ့ ပူးပေါင်းကာ ပြီးခဲ့တဲ့ (၂၀၁၆) စက်တင်ဘာလအတွင်းမှာ ကျင်းပခဲ့တဲ့ iPhone 7 မိတ်ဆက်ပွဲမှာ Super Mario Run ကိုမိတ်ဆက်ခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၅) ရက်နေ့မှာ Apple App Store ပေါ် ရောက်ရှိစေခဲ့ကာ iOS user တွေကို အကြိုက်တွေ့စေခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ခဲ့ပါတယ်။

Android user တွေအနေနဲ့လည်း Super Mario Run ကို ဆော့ကစားနိုင်မယ့် ရက်ကို စောင့်မျှော်လျက်ရှိပြီး Nitendo ကတော့ မကြာခင်ထွက်ရှိမယ်လို့ သာ ကြေညာထားခဲ့ရာကနေ အခုအချိန်မှာတော့ လာမယ့် မတ်လ မှာ Play Store ပေါ်ရောက်ရှိတော့မှာဖြစ်တယ်လို့ Twitter စာမျက်နှာမှာ တရားဝင် ကြေညာလိုက်တာဖြစ်ပါတယ်။

Android အတွက် ထွက်ရှိလာမယ့် Super Mario Run ကလည်း iOS version နဲ့ အတူတူပဲဖြစ်ပြီး Play Store ပေါ်မှာ အခမဲ့ Download ရယူနိုင်မှာဖြစ်ပါတယ်။

ဂိမ်းမှာ Worlds (၆) ဆင့်ပါဝင်ပေမယ့် အခမဲ့အနေနဲ့ (၂) ခုသာဆော့ကစားနိုင်မှာဖြစ်ပြီး အကုန်လုံးဆော့ကစားချင်ရင်တော့ (၉.၉၉) ဒေါ်လာ ပေးဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။

Ref: AndroidAuthority

You may be interested

ကင်မရာစမ်းသပ်မှုမှာ iPhone 8 ထက်သာသွားတဲ့ Huawei Mate 10
Apple, Camera, Huawei
623 shares71 views

ကင်မရာစမ်းသပ်မှုမှာ iPhone 8 ထက်သာသွားတဲ့ Huawei Mate 10

Ko Thuya - Oct 20, 2017

ကင်မရာများရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်တဲ့ DxOMark ရဲ့ စမ်းသပ်မှုမှာ Google Pixel 2 ဟာ iPhone 8 နဲ့ အခြား ကင်မရာအကောင်းဆုံး ဖုန်းများကို ကျော်ဖြတ်ပြီး ရမှတ် ၉၈ မှတ်ဖြင့် သရဖူဆောင်းထားပါတယ်။ Huawei Mate…

Laptop ကို အားသွင်းပေးမယ့် Power Bank
Gadgets, NEWS, Storage Devices
243 shares56 views

Laptop ကို အားသွင်းပေးမယ့် Power Bank

Ko Thuya - Oct 20, 2017

စမတ်ဖုန်းများကို အားသွင်းပေးတဲ့ Power Bank များစွာ ပေါ်ထွက်နေပေမယ့် လက်တော့များကို အားသွင်းပေးတဲ့ Power Bank များကတော့ ရှားပါးနေပါသေးတယ်။ အခုတော့ လက်တော့ကို အားသွင်းပေးမယ့် Saber အမည်ရ Power Bank တစ်ခု ပေါ်ထွက်လာပါတယ်။ သူဟာ ၂.၂…

မြန်မာငွေ ၆၅ သိန်းတန် စိန်နဲ့ ရွှေများဖြင့် အလှဆင်ထားတဲ့ iPhone X
Apple, HUBS, Mobiles & Tablets
323 shares35 views

မြန်မာငွေ ၆၅ သိန်းတန် စိန်နဲ့ ရွှေများဖြင့် အလှဆင်ထားတဲ့ iPhone X

Ko Thuya - Oct 20, 2017

Apple က နိုဝင်ဘာလ ၃ ရက်နေ့မှာ ရောင်းချမယ့် iPhone X ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်ဟာ ဒေါ်လာ ၁၀၀၀ ရှိတဲ့အတွက် ဈေးကြီးတယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် ဒီထက်ဈေးကြီးတဲ့ iPhone X Model များထွက်ပေါ်လာပါပြီ။ အဲဒီ iPhone…

Most from this category