1 Shares 2054 Views

နီဆန်း နဲ့ တန်ချောင် ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ကားတပ်ဆင်မှု များ စတင်

Jan 19, 2017
1 2054

မြန်မာ-နီဆန်း မော်တာကုမ္ပဏီ လီမိတက်နဲ့ တန်ချောင်မော်တာ(မြန်မာ) ကုမ္ပဏီလီမိတက် တို့ ပူးပေါင်းပြီး နီဆန်းဆီဒင် ကား အမျိုးအစား ရဲ့ ထင်ရှားတဲ့ အမှတ်အသားတစ်ခု ဖြစ်တဲ့ ဆန်နီကားအသစ်တွေကို မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ တပ်ဆင်ထုတ်လုပ်သွားမှာ ဖြစ်တဲ့အကြောင်း ဇန်န၀ါရီလ ၁၈ ရက်နေ့ က Novotel Hotel ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ ကြော်ငာခဲ့ပါတယ်။

အခမ်းအနားမှာ တန်ချောင်းမြန်မာ ရဲ့ အကြံပေးအရာရှိ Mr.Dato Tan Seng Sung က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ” မြန်မာလူမျီုးတွေ နဲ့ တွဲဖက်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ ၊ မော်တော်ယာဉ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ထောက်ပံ့မှုတွေ နဲ့ တခြားအလုပ်အကိုင် အခွင့်အလမ်းတွေ များစွာ ဖန်တီးပေးသွားမယ်” လို့ ကတိပြုပြောကြားသွားခဲ့ပါတယ်။Nissan ကုမ္ပဏီအနေဖြင့် မလေးရှားအခြေစိုက် တန်ချောင် မော်တော်ကားလုပ်ငန်း အဖွဲ့နှင့်တွဲဖက်ပြီး  မြန်မာနိုင်ငံအော်တို ကားဈေးကွက်အတွင်း စီးနင်းမှုများလာသော ဆန်နီတံဆိပ် ဆီဒင်ကားများကိုလည်း တပ်ဆင် ထုတ်လုပ်သွားရန်ရှိနေတယ် လို့လည်း သိရပါတယ်။

ဂျပန်နိုင်ငံ ရဲ့ ဒုတိယအကြီးဆုံးကား ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့  Nissan ကားကုမ္ပဏီဟာ ၂၀၁၆ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်းကတည်း က ပဲခူးတိုင်းဒေသကြီးမှာ ကားစက်ရုံတည်ထောင် ဖွင့်လှစ်ပြီး စက်ရုံဝန်ထမ်း များစွာ ခန့်အပ်နေရာပေးသွားမယ် လို့ ကြော်ငြာခဲ့ပြီး မြေနေရာငှားရမ်းမှု သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ Nissan ကားစက်ရုံကို ပဲခူးမှာ ပြုလုပ်မှာဖြစ်ပြီး  ၂၀၁၆ မော်ဒယ်အသစ် ကားသစ်များကို ထုက်လုပ်သွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

အခမ်းအနားကို ၂ ပိုင်း ခွဲပြီး ကျင်းပခဲ့ပြီး နေ့လယ်ပိုင်း မှာ သတင်း နဲ့ စာနယ်ဇင်းသမားတွေအတွက် မိတ်ဆက်ခြင်း၊ အပြန်အလှန်မေးမြန်းနိုင်တဲ့ အစီအစဉ်တွေ နဲ့ Press Conference ပြုလုပ် ဖွင့်လှစ်ခဲ့ပြီး ညဦးပိုင်းမှာတော့ အသစ်ထုတ် နီဆန်းဆန်နီ ကားအကြောင်း ကို အသေးစိတ်ရှင်းပြခြင်းနှင့်အတူတူ ညစာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။ အဲဒီ အခမ်းအနား ကို ရန်ကုန်တိုင်း ၀န်ကြီးချုပ် ၊ စီးပွားရေးအသိုင်းအ၀ိုင်းများမှ ဧည့်သည်တော်များ၊ နီဆန်း မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ တန်ချောင်မြန်မာ မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတင်းနှင့် စာနယ်ဇင်းလောက မှ သတင်းထောက်များ၊ အယ်ဒီတာများ အပါအ၀င် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့တယ် လို့ သိရပါတယ်။

 

You may be interested

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
0 shares0 views

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
851 shares79 views

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
34 shares9 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

Most from this category