0 Shares 17 Views

iPhone 5se, iPad Air 3, New Apple Watch Model အသစ်များအား လာမည့်မတ်လ၁၅ ရက်နေ့တွင် Apple မိတ်ဆက်မည်

Apple ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံးအတွေ့အကြုံအနေနဲ့ ပစ္စည်းအများအပြားကို လာမယ့်မတ်လ၁၅ရက်နေ့မှာ တစ်စုတစ်ပေါင်းထဲပွဲထုတ်ဖွယ်ရှိနေပါတယ်။ Apple အနေနဲ့ လေးလက်မ iPhone 5se နဲ့ iPad Air 3 တို့ကို မိတ်ဆက်ဖို့ မျှော်လင့်ထားတယ်လို့ ကောလဟလတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာဖြစ်ပါတယ်။ အလားတူပဲ သူတို့ရဲ့ စမတ်နာရီမျိုးဆက်သစ် Apple Watch ကိုပါတစ်ပါတည်းပြသဖို့ စီစဉ်နေတာဖြစ်ပါတယ်။

လေးလက်မအရွယ် iPhone 5se ဟာ ဒီဇိုင်းကတော့ iPhone 6s နဲ့ဆင်တူတာဖြစ်ပြီး အစောပိုင်းကထွက်ခဲ့တဲ့ အစီရင်ခံစာတစ်ရပ်အရ A99 SoC ဆင်တူ M9 ပရိုဆက်ဆာ ပါဝင်မှာဖြစ်ပြီးတော့ အစောပိုင်းကာလက iPhone 6s နဲ့ အတူတူပဲဖြစ်ပါတယ်။ Siri Feature ကိုထောက်ပံ့ပေးထားပြီး တခြားလုပ်ဆောင်ချက်တွေအနေနဲ့ 16GB ကနေ 64GB အထိရှိမယ့် Storage၊ 8MP ရှိတဲ့ ကျောဘက်ကင်မရာ၊ 5MP ရှိတဲ့ရှေ့မျက်နှာကင်မရာတို့ပဲဖြစ်ပါတယ်။

iPhone 5se leaks

iPhone 5se ကောလာဟလပုံရိပ်တစ်ခု

iPad Air 3 ကလည်း 4K ရုပ်ထွက်ရှိတဲ့ မျက်နှာပြင်ဟာ 3D ထိသိမျက်နှာပြင် ကိုတပ်ဆင်ထားပါတယ်။ ပေါက်ကြားချက်တွေအရ iPad Air 3 ဟာ စပီကာ ၄လုံးတပ်ဆင်ထားပြီး စမတ်ဆက်သွယ်မှုတွေ ပါဝင်လာတာတွေကတော့ အရင် iPad Pro နဲ့ အတူတူပဲဖြစ်ပါတယ်။ iPad Air 3 ဟာ ၆.၁၅ မီလီအထူရှိလို့ Air 2 ထက် ၀.၀၅ မီလီပိုထူမှာပြီး ၀.၁ မီလီပိုကျယ်မှာဖြစ်ပါတယ်။

Apple အနေနဲ့ သူတို့ရဲ့ စမတ်နာရီမျိုးဆက်သစ်ကိုပါ တစ်ပါတည်းမိတ်ဆက်ဖို့အတွက် သတင်းတွေလည်း ထွက်ပေါ်နေပြီး လာမယ့် စက်တင်ဘာလ iPhone 7 မိတ်ဆက်တဲ့ အချိန်ကျမှ တစ်ပါတည်းမိတ်ဆက်မှာမို့လို့ သတင်းတွေကမဖြစ်နိုင်ဘူးလို့လဲ ဖော်ပြထားပါတယ်။

Ref: Gadgets360

You may be interested

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်

Ko Thuya - Sep 26, 2017

သုတေသနအဖွဲ့အစည်း KGI ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က Apple iPhone X ရဲ့ ကြိုတင်အမှာစာဟာ သန်း ၄၀ ကနေ ၅၀ ကျော်ရှိမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ သူက “ ၂၀၁၄ ခုနှစ်ထုတ် iPhone…

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်
smartwatch
0 shares7 views

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်

Zar Ni Nyein Tun - Sep 26, 2017

Verizon Wireless ရဲ့ 4G LTE-connect ဖြစ်တဲ့ Wear24 ကို မေလက $ 300 နဲ့ စတင်ေ၇ာင်းချခဲ့တာဖြစ်ပါတယ်။ဒီ smartwatch ဟာ Google ရဲ့ Android Wear 2 software နဲ့ 1.4-inch…

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ
Tech Update, Vivo
103 shares144 views

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ

Zar Ni Nyein Tun - Sep 26, 2017

 သက်တမ်းအရ နုပေမယ့် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းတံဆိပ် အတွင်းသို့ ဝင်ရောက်လာသော Vivo က သူ့ရဲ့နောက်ဆုံးပေါ် flagship V7+ ကို မြန်မာပြည်ဈေးကွက်မှာ မနေ့က မိတ်ဆက်လိုက်တာဖြစ်ပါတယ်။။ V7+ က စမတ်ဖုန်းလောကမှာ ပထမဆုံးဖြစ်တဲ့ FullViewTM မျက်နှာပြင်နဲ့ အတူ 24MPရှိ…

Most from this category