0 Shares 346 Views

ဂျပန်က နည်းပညာမြင့် အိမ်သာများကို အသုံးပြုမည်

Jan 19, 2017
0 346

ဂျပန်တွေကတာ့ ကမ္ဘာမှာ ထူးထူးဆန်းဆန်း ပြုလုပ်ကြသူတွေလို့ လူတွေ သိကြပါတယ်။ အခုလည်း ဂျပန်မှာ နည်းပညာမြင့် အများသုံး အိမ်သာများကို အသုံးပြုတော့မှာ ဖြစ်ပါတယ်။ ဂျပန်ရဲ့ အများသုံးအိမ်သာများမှာ အေးမြနေတဲ့ ရာသီဥတုမှာ အဆင်ပြေစေဖို့ အနွေးဓါတ် ပေးထားတဲ့ အိမ်သာထိုင်ခုံများကို ဖန်တီးပေးထားမှာပါ။ ဒါ့အပြင် အိမ်သာထဲမှာ သီချင်းတောင် နားဆင်လို့ ရမှာ ဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသည်များဟာ ကမ္ဘာအ၀န်းက ကွဲပြားခြားနားတဲ့ အိမ်သာ လမ်းညွှန် သင်္ကေတများကို တွေ့ရတဲ့အခါမှာ နားလည်ရခက်ကြပါတယ်။ အဲဒီအတွက် ဂျပန်က ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် တိုကျို အိုလံပစ်ပွဲတော် မတိုင်ခင်မှာ ကမ္ဘာလှည့်ခရီးသည်များအတွက် အဆင်ပြေစေမယ့် အိမ်သာ ၀န်ဆောင်မှုကိုလည်း ဖန်တီးပေးတော့မှာ ဖြစ်ပါတယ်။

ဂျပန်က အိမ်သာမှာ အသုံးပြုတဲ့ လမ်းညွှန်ချက် သင်္ကေတများနဲ့ ထိန်းချုပ်ခလုတ်များအတွက် စံနှုန်းတစ်ခု သတ်မှတ်ပြီး ထိန်းချုပ်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အဲဒီ သင်္ကေတများထဲများနဲ့ ထိန်းချုပ်ခလုတ်များထဲမှာ ဘိုထိုင် အိမ်သာ အဖုံးကို ဖွင့်ခြင်း၊ ပိတ်ခြင်း၊ အိမ်သာထိုင်ခုံ အဖုံးကို ဖွင့်ခြင်း၊ ပိတ်ခြင်း၊ ရေဆွဲချခြင်း၊ လေအခြောက်ခံခြင်း စတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။

“ နိုင်ငံခြားသားတွေဟာ ဟိုတယ်က အိမ်သာများအပြင် အများသုံး အိမ်သာများကို အသုံးပြုမှု များပြားပါတယ်။ ကွဲပြားခြားနားတဲ့ အိမ်သာထဲမှ သင်္ကေတများကို သူတို့ နားမလည်ကြပါဘူး။ “ လို့ ဂျပန် အာဏာပိုင်များက ပြောပါတယ်။ ယခု အသွင်ကူးပြောင်းမှုဟာ ၂၀၁၄ ခုနှစ် စစ်တမ်းအရ ၂၅ ရာခိုင်နှုန်းသော ကမ္ဘာလှည့်ခရီးသည်တွေဟာ ဂျပန် အိမ်သာများကို မသုံးတတ်ကြတာကြောင့် ဖြစ်ပါတယ်။

ref : mashable

You may be interested

Galaxy S8 ရဲ့ကင်မရာမှာ Portrait Mode လုပ်ဆောင်ချက်သုံးစွဲလာနိုင်ဖွယ်ရှိ
HUBS, Mobiles & Tablets, NEWS
0 shares0 views

Galaxy S8 ရဲ့ကင်မရာမှာ Portrait Mode လုပ်ဆောင်ချက်သုံးစွဲလာနိုင်ဖွယ်ရှိ

Ko Thuya - Oct 17, 2017

ကိုရီးယားစမတ်ဖုန်းကုမ္မဏီဆမ်ဆောင်းအနေနဲ့ နောက်ကျောဘက်ကင်မရာတခုသာတပ်ဆင်ပေးထားတဲ့ Galaxy S8 အား Software အသစ်ထပ်ထုတ်ပြီးတော့ Portrait Mode လုပ်ဆောင်ချက်ကိုထည့်သွင်းပေးလာ နိုင်ပါတယ်။ ဆမ်ဆောင်းအနေနဲု့လုပ်ဆောင်ချက်အဆင့်တိုးမြင့်ပေးချင်တဲ့ စမတ်ဖုန်းတွေကို Software Update အသစ်တွေထပ်ထုတ်ပေးလေ့ရှိတဲ့အတိုင်း Galaxy Note 8 မတိုင်ခင်ထုတ်လုပ်ဖြန့်ချိထားတဲ့ Galaxy S8…

Facebook မှ ပရိုဖိုင်မှာ CV Form ထည့်သွင်းနိုင်တော့မလား ?
Facebook, HUBS, NEWS
63 shares5 views

Facebook မှ ပရိုဖိုင်မှာ CV Form ထည့်သွင်းနိုင်တော့မလား ?

Ko Thuya - Oct 17, 2017

Facebook က ပရိုဖိုင်မှာ Resume/CV Form ထည့်သွင်းနိုင်တဲ့ Feature ကို စမ်းသပ်နေတယ်လို့ The Next Web က ပြောပါတယ်။ Facebook ဟာ LinkedIn လိုမျိုး အလုပ်အကိုင်ဈေးကွက်ကို စိတ်ဝင်စားနေတယ်ဆိုတာ ဖော်ပြနေပါတယ်။ Facebook ဟာ…

Google က Drone များဖြင့် သြစတြေးလျမှာ အစားအစာများ ပို့ပြီ
Drone, Google, HUBS
80 shares6 views

Google က Drone များဖြင့် သြစတြေးလျမှာ အစားအစာများ ပို့ပြီ

Ko Thuya - Oct 17, 2017

Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ရဲ့ Project Wing က ဒရုန်းများဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးတဲ့ နည်းပညာကို စမ်းသပ်ဖို့ သြစတြေးလျ ကုမ္ပဏီနှစ်ခုနဲ့ ပူးပေါင်းလိုက်ပါတယ်။ Project Wing နဲ့ပူးပေါင်းလိုက်တဲ့ ကုမ္ပဏီနှစ်ခုမှာ မက္ကဆီကို အစားအစာ ထုတ်လုပ်သူ…

Most from this category