LG က Aristo စမတ်ဖုန်း အသစ်ကို မိတ်ဆက်
LG က အမေရိကန်မှာ တန်ဖိုးနည်း စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ LG Aristo မှာ 1.4GHz Quad-Core Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ 1.5GB RAM ပါရှိပါတယ်။ ၅ လက်မ HD Display တပ်ဆင်ထားပါတယ်။ တန်ဖိုးနည်းပေမယ့် လက်ဗွေရာ အာရုံခံ ကိရိယာကို ထည့်သွင်းပေးထားပါတယ်။ တန်ဖိုးနည်း စမတ်ဖုန်းများမှာ လက်ဗွေရာ အာရုံခံ ကိရိယာကို ထည့်သွင်းပေးလေ့ မရှိတဲ့အတွက် LG Aristo ဟာ ထူးခြားတယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။
LG Aristo ရဲ့ အရှေ့ဘက်မှာ 5 Megapixel Camera နဲ့ အနောက်ဘက်မှာ 13 Megapixel Camera တပ်ဆင်ထားပါတယ်။ VoLTE နဲ့ WiFi Calling များကို အထောက်အပံ့ပေးပါတယ်။ 16GB Internal Storage ထည့်သွင်းထားတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။
LG Aristo ကို Android 7.0 Nougat မောင်းနှင်မှာ ဖြစ်ပြီး အမေရိကန် မိုဘိုင်းအော်ပရေတာ တစ်ခု ဖြစ်တဲ့ T-Mobile ကနေ ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ အလွတ်ရောင်းဈေးမှာ ဒေါ်လာ ၁၄၄ ဖြစ်ပြီး ၂၄ လ အရစ်ကျငွေပေးချေမှု ၀န်ဆောင်မှုကိုလည်း ပြုလုပ်ပေးထားပါတယ်။
ref : ubergizmo
You may be interested

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Ko Thuya - Feb 23, 2019ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
Ko Thuya - Feb 23, 2019သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…

Samsung Galaxy S10E vs. iPhone XR (Budget Flagships ၂ လုံးကို နှိုင်းယှဉ်ခြင်း။)
Ko Thuya - Feb 22, 2019Samsung က ၈၉၉ ဒေါ်လာတန် Galaxy S10 နဲ့ ၉၉၉ ဒေါ်လာတန် Galaxy S10 Plus တို့အပြင် တန်ဖိုးသက်သာတဲ့ Galaxy S10E ကိုပါ ရောင်းချမှာပါ။ သူဟာ iPhone XR ကို…