0 Shares 256 Views

LG ကလည်း ခေါက်ချိုးဖုန်း ထုတ်တော့မည်

Jan 20, 2017
0 256

ပိုက်ဆံအိတ်သဏ္ဍာန် ခေါက်ချိုးဖုန်းတွေ ရဲ့ ခေတ်ကို ရောက်ရှိလာပြီလို့ ထင်ရတဲ့ သတင်းတစ်ပုဒ်က တောင်ကိုရီးယား အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီကြီး ဖြစ်တဲ့ LG ကုမ္ပဏီလည်း ခေါက်ချိုးဖုန်းတွေ ထုတ်လုပ်တော့မယ် လို့ ကြော်ငြာလိုက်တဲ့အတွက်ပဲ ဖြစ်ပါတယ်။

ဆမ်ဆောင်း က ခေါက်ချိုးဖုန်းထုတ်လုပ်တော့မယ် လို့ သတင်းထွက်ပေါ်လာပြီး သိတ်မကြာခင်မှာပဲ GSMinfo ဘလော့ကနေ LG ခေါက်ချိုးဖုန်း Foldable ဖုန်းကို ထုတ်လုပ်တော့မယ် လို့ တဆင့်ခံပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘလော့မှာ ဖော်ပြထားတဲ့ ခေါက်ချိုးဖုန်း ကို Sketch အကြမ်းရေးဆွဲထားပြီး လက်ကိုင် ဆိုဒ် (၇)လက်မ အရွယ် ခေါက်ချိုးဖုန်း ဟာ Phone နဲ့ Tablet တို့ ပေါင်းစပ်ထားတဲ့ Phablet အမျိုးအစား ပဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ထဲမှာ Phablet အမျိုးအစားတွေ အတန်အသင့် ခေတ်စားခဲ့ပေမယ့် လှုပ်လှုပ်ခတ်ခတ် ဖြစ်ရလောက်အောင် တော့ ထွန်းကား မလာသေးပဲ ခေါက်ချိုးအရွယ် မိုဘိုင်းဖုန်း အိုင်ဒီယာတွေ ထွက်ပေါ်လာတဲ့အချိန်မှာတော့ အဲဒီ ဈေးကွက်ကို LG က စတင် ၀င်ရောက်လာပြီ  လို့ ယူဆရမှာပဲ ဖြစ်ပါတယ်။

GSMinfo ရဲ့ ဖော်ပြချက် အရ LG ဖုန်း မျက်နှာပြင် ကတော့ ၅ လက်မ ၀န်းကျင် ရရှိသုံးစွဲနိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။ အဆင့်မှီဖုန်းတစ်လုံးမှာ ရှိသင့်ရှိထိုက် တဲ့ လုပ်ဆောင်ချက်တွေ အားလုံးနီးပါး ထည့်သွင်းပေးထားပြီး အခုချိန်မှာတော့ အကြမ်းထည် အဆင့်သာ ရှိနေသေးတဲ့အတွက်  ပုံရိပ်တွေ ကို ထုတ်ပြန်မပေးနိုင်ဘူး လို့လည်း ဆိုထားပါတယ်။

ခေါက်ချိုးဖုန်း တွေ ဟာ မျက်နှာပြင် လည်း ကြီးမားပြီး အိတ်ကပ်ထဲလည်း အလွယ်တကူ ယူသွားလို့ ရနိုင်တဲ့အတွက် စာအုပ်တစ်အုပ် လို အကောင်းဆုံး
ဖြေဖျော်မှုတွေ ပေးနိုင်မှာ ဖြစ်တဲ့အပြင် ပိုက်ဆံအိတ်တစ်အိတ်လိုလည်း အသုံးဝင်မှာ ဖြစ်တဲ့အတွက် ၂၀၁၇ ခုနှစ်မှာ ခေတ်စားလာနိုင်တဲ့ Device Design တစ်မျီုး ဖြစ်တယ် လို့ ကျွမ်းကျင်သူတွေ က သုံးသပ်လျက်ရှိပါတယ်။

 

 

Ref : Digitimes, GSMinfo

You may be interested

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ
Mobiles & Tablets, NEWS, Softwares & Application
60 shares47 views

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ

Nigma - Dec 12, 2018

(Zawgyi) OnePlus 5 နဲ့ 5T ကိုင်နေသူတွေအတွက် သတင်းကောင်းပါ။ ဒီဖုန်းနှစ်လုံးအတွက် Android 9 Pie Oxygen OS Open Beta တွေကို ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း OnePlus ဖိုရမ်မှာ ကုမ္ပဏီအဖွဲ့ဝင်တယောက်က တင်ထားပါတယ်။ Android 9…

Dual Camera ပါတဲ့ Huawei P Smart (2019)
Android, Huawei, HUBS
181 shares33 views

Dual Camera ပါတဲ့ Huawei P Smart (2019)

Ko Thuya - Dec 12, 2018

Huawei P Smart (2019) ကို ပြင်သစ် အရောင်းဆိုင် Boulanger က စာရင်းတင်လိုက်ပါတယ်။ ဟွာဝေးကတော့ တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။ အခုတော့ ၀က်ဘ်စာမျက်နှာကို ဖယ်ရှားလိုက်ပေမယ့် သူ့ရဲ့ Specs များကို သိလိုက်ရပါတယ်။ သူ့မှာ ၆.၂…

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်
Google, HUBS, NEWS
0 shares4 views

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်

Ko Thuya - Dec 12, 2018

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော်က ဂူဂယ်လ်ရဲ့ စီအီးအို ဖြစ်သူ Pichai ကို ဆင့်ခေါ် မေးမြန်းလိုက်ပါတယ်။ Search Engine ရဲ့…

Most from this category