0 Shares 389 Views

Nintendo Switch ကို ဝေဖန်သုံးသပ်ခြင်း

Jan 19, 2017
0 389

Nintendo က ထူးခြားဆန်းသစ်တဲ့ လက်ကိုင် ဂိမ်းစက်လေး တစ်ခုကို မိတ်ဆက်ထားပါတယ်။ သူဟာ လက်ကိုင်ဂိမ်းစက် ဆိုပေမယ့် တီဗီနဲ့လည်း ချိတ်ဆက် ကစားနိုင်ပါတယ်။ သူ့ရဲ့ အမည်ကတော့ Nintendo Switch ဖြစ်ပြီး သူ့ရဲ့ ကောင်းကွက်၊ ဆိုးကွက်များကို ဝေဖန်သုံးသပ်ပေးလိုက်ပါတယ်။

ဒီဇိုင်း
1
သူ့ရဲ့ ဒီဇိုင်းကတော့ အခြား ဂိမ်းစက်များထက် ထူးခြားပါတယ်။ တက်ဘလက်လို လက်ကိုင် ကစားနိုင်သလို တီဗီဖြင့် ချိတ်ဆက်ပြီး ဂိမ်းစက်တစ်ခုလိုလည်း ကစားနိုင်ပါတယ်။ ဂိမ်း ကစားဖို့ အတွက် ဘေးတစ်ဖက်တစ်ချက်စီမှာ ခလုတ်များပါတဲ့ Controller ၂ ခုကို တပ်ဆင်ရမှာ ဖြစ်ပါတယ်။ တီဗီနဲ့ ချိတ်ဆက်ကစားဖို့အတွက်လည်း အဲဒီ လက်ကိုင်များကို အသုံးပြုနိုင်ပါတယ်။

Specifications နဲ့ စွမ်းဆောင်ရည်

Nintendo Switch ဟာ တီဗီနဲ့ ချိတ်ဆက် ကစားနိုင်တယ်ဆိုပေမယ့် PS4 , Xbox One တို့လောက် စွမ်းရည်မြင့်မားခြင်း မရှိပါဘူး။ Switch မှာ Nvidia Tegra Processor , 32GB Storage , WiFi 802.11.ac ပါရှိပါတယ်။ ၆.၂ လက်မ HD Display တပ်ဆင်ထားပါတယ်။ သူ့ရဲ့ Display Resolution ဟာ ဂိမ်းကစားဖို့ ကောင်းမွန်ပေမယ့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို မမှီပါဘူး။ ၀ိုင်ဖိုင်ဖြင့် Multiplayer ဂိမ်းများ ကစားဖို့အတွက် လူ ၈ ယောက်အထိ ချိတ်ဆက်နိုင်ပါတယ်။ ဘက်ထရီ သက်တမ်းကတော့ အားနည်းပြီး ၆ နာရီလောက်သာ အသုံးခံပါတယ်။

လက်ကိုင်ကစားခြင်း နဲ့ တီဗီဖြင့် ကစားခြင်း
2
Switch က တီဗီမှာ ကစားရင်တော့ Full HD ကို ထောက်ပံ့ပါတယ်။ Dock ဖြင့် တီဗီနဲ့ ချိတ်ဆက် ကစားရမှာ ဖြစ်ပြီး ကစားတဲ့ အခါမှာ အနည်းငယ် တုန့်ဆိုင်းနှေးကွေးမှုတွေ ရှိပါတယ်။ လက်ကိုင်ကစားတဲ့ အခါမှာတော့ ဂိမ်းကစားရတာ ချောမွတ်ပါတယ်။

Games များ နဲ့ အွန်လိုင်း ကစားခြင်း

Switch က PS4 နဲ့ Xbox One တို့ကို ယှဉ်ပြိုင်ဖို့ အွန်လိုင်းမှာ ကစားနိုင်တဲ့ အခပေးဝန်ဆောင်မှုကို ထည့်သွင်းပေးထားပါတယ်။ အခမဲ့ ကစားသူများအတွက် အဲဒီ ၀န်ဆောင်မှုမှာ ဂိမ်းများ အလွန် နည်းပါးပါတယ်။ သူ့ရဲ့ အွန်လိုင်း ၀န်ဆောင်မှုမှာ ဂိမ်းကစားသူ အချင်းချင်း Video Chat လုပ်နိုင်တဲ့ စွမ်းဆောင်ချက်လည်း ပါရှိပါတယ်။

Controller

သူ့ရဲ့ ဘယ်ဘက် ဂိမ်းလက်ကိုင်မှာ Analogue Stick နဲ့ Direction Buttons များ ပါပါတယ်။ ဂိမ်းကစားမှုများကို ဗီဒီယို ဖမ်းယူတဲ့ Capture Button နဲ့ Minus Option Button များလည်း တပ်ဆင်ထားပါတယ်။ ညာဘက် ဂိမ်းလက်ကိုင်မှာတော့ ဒုတိယ Analogue Stick နဲ့ X, Y, A, B Buttons များ တပ်ဆင်ထားပါတယ်။ Main Interface ကို သွားဖို့ Start နဲ့ Home Button များလည်း တပ်ဆင်ထားပါတယ်။ ဂိမ်းလက်ကိုင် ၂ ခုမှာ လှုပ်ရှားမှုကို ချိန်ညှိဖို့ အတွက် Accelerometer နဲ့ Gyroscope ပါရှိပါတယ်။ ညာဘက် ဂိမ်းလက်ကိုင်မှာ ဂိမ်းများထဲမှ အရာဝတ္ထုများရဲ့ အကွာအဝေးကို အာရုံခံနိုင်တဲ့ IR Motion Camera တပ်ဆင်ထားပါတယ်။

ဂိမ်းများ

Mario နဲ့ Zelda တို့လို Nintendo ရဲ့ နာမည်ကြီး ဂိမ်းများနဲ့ အခြား ကုမ္ပဏီ ထုတ် ဂိမ်းများစွာကို ဖြန့်ချီပေးထားပါတယ်။ ARMS အမည်ရ လက်ဝှေ့ဂိမ်းကိုလည်း ဆောင်းရာသီမှာ ဖြန့်ချီပေးမှာပါ။ Mario Kart 8 Deluxe ကိုလည်း ဧပြီလ ၂၈ ရက်နေ့မှာ ဖြန့်ချီပေးမှာ ဖြစ်ပြီး သူကတော့ မာရီယို ပြိုင်ကားမောင်းတဲ့ ဂိမ်း ဖြစ်ပါတယ်။ လူများစွာ ကစားနိုင်တဲ့ Paintball ဂိမ်းကို လာမယ့် နွေရာသီနဲ့ Snipperclips – Cut It Out Together ကို မတ်လမှာ ဖြန့်ချီမှာပါ။ Super Mario Odyssey ကို ဆောင်းရာသီမှာ ဖြန့်ချီပေးမှာပါ။ EA FIFA, The Elder Scrolls V: Skyrim, NBA 2K, Project Octopath Traveler, Street Fighter II Ultra, Sonic Mania, Super Bomberman, Just Dance, Disegea 5, Dragon Quest’s X and XI, Fire Emblem Warriors, Minecraft တို့လို အခြား ကုမ္ပဏီထုတ် ဂိမ်းများကိုလည်း ဖြန့်ချီပေးမှာပါ။

သုံးသပ်ချက်

Switch ဟာ လက်ကိုင်ဂိမ်းစက်နဲ့ တီဗီနဲ့ ချိတ်ဆက် ကစားရတဲ့ ဂိမ်းစက်ကို ပေါင်းစပ်ထားတဲ့ ထူးခြားဆန်းသစ်တဲ့ ဂိမ်းစက် ဖြစ်ပါတယ်။ အဲဒီအတွက် ဘယ်နေရာ သွားသွား ယူဆောင် ကစားနိုင်သလို အိမ်မှာဆိုလည်း တီဗီနဲ့ ချိတ်ဆက် ကစားနိုင်ပါတယ်။ ဘက်ထရီ သက်တမ်းနဲ့ စွမ်းဆောင်ရည်ကတော့ အားနည်းချက်များ ရှိနေပါတယ်။ ဒေါ်လာ ၃၀၀ တန်ကြေးကတော့ စွမ်းဆောင်ရည် သိပ်မမြင့်မားတဲ့ ဂိမ်းစက်အတွက် စဉ်းစားစရာဖြစ်ပါတယ်။

ref : tech radar

You may be interested

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ
Apple, HUBS, Mobiles & Tablets
0 shares0 views

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ

Ko Thuya - Feb 20, 2018

  Apple က စာလုံးတစ်လုံးထဲဖြင့် iPhone များကို Crash ဖြစ်စေတဲ့ Bug ကို ပြုပြင်ပေးတဲ့  Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အိန္ဒိယ ဘာသာစကား တီလူဂါမှ အက္ခရာတစ်ခုဟာ iPhone System နဲ့…

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ
Google, HUBS, NEWS
0 shares0 views

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ

Ko Thuya - Feb 20, 2018

  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား …

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
181 shares521 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Most from this category