0 Shares 114 Views

Technomation အမှုဆောင်အရာရှိချုပ် ကိုထူးမြင့်နောင်နှင့်တွေ့ဆုံခြင်း

အခုဆိုရင် အစိုးရဲ့ပြောင်းလဲပေးတဲ့ YBS ဘတ်(စ်)ကားလိုင်းနဲ့ ပတ်သက်ပြီး ပြည်သူတွေ အခက်ခဲမရှိအောင် နည်းပညာရှင်တွေဘက်မှ App တွေအများကြီး ထွက်ပေါ်လာတာတွေ့ရပါတယ်။ အဲဒီထဲကမှ Yangon Bus APP တာဝန်ခံထုတ်လုပ်တဲ့ သူ ကိုထူးမြင့်နောင် နဲ့တွေ့ဆုံပြီး Yangon Bus App အကြောင်း ကို အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

Q . Yangon Bus App လေး လုပ်ဖြစ်ပုံကို ပြောပြပေးပါလား။
အဓိကကတော့ ရန်ကုန်တိုင်းဒေသကြီးကို ကူညီတဲ့ သဘောနဲ့လုပ်တာပါ။ App ကကျတော့ publish ကမြင်ရတာဆိုတော့ App ကိုလူသိကြတယ်။ တကယ်တမ်း ရှေ့မှာ မြေပုံဆွဲတာတွေနဲ့ပတ်သက်တာတွေ၊ နည်းပညာနဲ့ ပတ်သက်တာတွေကို လိုက်ပြီး ကူပေးထားပါတယ်။ နောက်ဆုံး Final Resunt ကတော့ ဒီ App နဲ့ Website ထွက်အောင်လုပ်တယ်။ ကျွန်တော်တစ်ယောက်တည်း လုပ်တာတော့မဟုတ်ပါဘူး။ ကူတဲ့အဖွဲ့တွေလည်း ရှိပါတယ်။ အားလုံး
ပေါင်းလုပ်ကြတာပါ။

ဒါကို ၁၆ရက်နေ့၊၁၇ရက်နေ့ကမှ စလုပ်တာ App ထွက်ဖို့ကိစ္စကမဖြစ်နိုင်တဲ့ဘက်မှာပါတယ်။ ကျွန်တော်တို့လည်း ရှေ့မှာလုပ်ခဲ့တဲ့ အတွေ့အကြုံတွေလည်းရှိတော့ အဆင်မပြေလောက်ဘူးလို ထင်ထားတာ အဲရှေ့မှာ Polar Star ဆိုတဲ့ GPS ကိုလည်းထုတ်ထားတော့ အဲမှာလည်းလမ်းကြောင်းရှာတဲ့ စနစ်ကရေးထားပြီး သားအဆင်သင့်ရှိတယ်ဆိုတော့ အဲထဲကဟာတွေကိုထုတ်ပြီးတော့ ဒီထဲကိုထည့်ပြီး အချိန်မှီသေးလုပ်နိုင်ခဲ့တာ ပါ။

 

Q . Yangon Bus ကိုသုံးစွဲသူ ဘယ်လောက်ရှိလဲ။ ခန့်မှန်းခြေကို ပြောပြပေးပါလား။
အခုဆိုရင် Yangon Bus App ကို နေ့လယ်ဘက်မှာ သုံးတဲ့သူ တစ်ထောင်ကျော်ရှိတယ်။ စုစုပေါင်းသုံးတဲ့သူ ခုနှစ်သောင်းလေးထောင် လောက်ရှိတယ်။ အဲဒီမှာ စုစုပေါင်းလမ်းကြောင်း ရှာဖွေမှု ပေါင်းတစ်သိန်းသုံးသောင်း ကျော်တယ်။ ဒီ(၂)ရက်အတွင်း ကျွန်တော်တို့ဘက်က ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါတယ်။

 

Q . ရေးဆွဲသူတွေဘက်က ဒီ App နဲ့ပတ်သက်ပြီး ဘာတွေပြောသံကြားပါသလဲ။
သုံးတဲ့သူဘက်က တချို့ဟာတွေလည်း ကောင်းတယ်။ တချို့ဟာတွေမှာ သူတို့လိုအပ်ချက်တွေ ပြောတယ်။ ပထမဆုံး ဗားရှင်းမှာဆိုရင် မှတ်တိုင်တွေကို မြို့နယ်နဲ့ရှာရတယ်။ တစ်ခါတစ်လေကျတော့ ပုလဲကွန်ဒိုက ဘယ်မြို့နယ်ထဲမှာ ပါတယ်ဆိုတာ ဘယ်သူမှ ရုတ်တရက်မသိနိုင်ဘူး။ အဲတာမျိုးလေးတွေရှိတော့ နောက်ပိုင်းကျ တော့ မှတ်တိုင်ကို စကြည့်လိုရအောင် လုပ်ပေးပါ တို့ ဘာတို့ တောင်းဆိုတာလေးတွေ ရှိလာတယ်။ ကျွန်တော်လည်း ရသလောက် ဖြည့်ပေးနေပါတယ်။ နောက်တစ်ခုကကျတော့ အစိုးရဘက်က လမ်းကြောင်းပြောင်းလဲမှု ခဏခဏဖြစ်တယ်။ အခုချိန်ထိလည်းဖြစ်နေတုန်းပဲ၊ ဒါကို အချိန်မှီ မရောက်ဘူးဆိုရင် နည်းနည်းငြိုငြင်ကြတယ်။

ကျွန်တော်တို့လည်း အချိန်မှီအောင်တော့တောက်လျှောက် လုပ်ပေးနေပါတယ်။ နောက်ပိုင်း လုပ်ချင်တာတွေအ များကြီးရှိတယ်။ အခုလက်ရှိ App လေးမှာ ဘာတွေ မပါသေးဘူးလည်းဆိုတော့ ဒီနေရာကိုသွားချင်ရင် ဘတ်(စ်)ကားနှစ်ဆင့် ပြောင်းစီးရမယ်ဆိုတာပါတယ်။ ဘယ်လောက် ကုန်မယ် ဆိုတာမပါဘူး။ နှစ်ဆင့်ပြောင်းစီးရင် အချိန်ဘယ်လောက်ကျမယ် ဆိုတာမပါဘူး။ အဲဒါတွေလုပ်ပေးချင်တယ်။ နောက်ပြီးတော့ ကားတွေ သွားတဲ့ လမ်းကြောင်း ကို ကြည့်ပြီး အချိန်ခန့်မှန်းလို့ ရတာတွေ နောက်ပိုင်းလုပ်ပေးမယ်။ အစိုးရအနေနဲ့ လည်း ဒီထက်ပိုပြီးတော့ data တွေထက်ထုတ်ပေးမယ်ဆိုရင် ကျွန်တော်တို့ဘက်က ဘာတွေလုပ်ပေးလိုရလည်းဆိုရင် ဘတ်(စ်)ကား ဘယ်တော့ရောက်မလည်း ဆိုတာ လုပ်ပေးလို့ရတယ်။

 

Q . Yangon Bus APP လုပ်ဖြစ်တဲ့ရည်ရွယ်ချက်လေးကိုပြောပြပေးပါလား။
ကျွန်တော်ဒီ project ထဲကိုဝင်ကူညီဖို့ ကြည့်လိုက်တော့ ဘတ်(စ်)ကားလိုင်းတွေက တော်တော်များတော့ တတ်နိုင်လောက် Information ကို ပြည်သူတွှေဆီ ကြိုပြီးပေးထားမှ ရမယ်ဆိုပြီး လုပ်ခဲ့တယ်။ App တစ်ခုတည်းမဟုတ်ဘူး Website လည်းရှိတယ်။ အဲဒီထဲမှာမှ App ကိုရေးမယ်လို့ ကြိုပြီးတော့ စိတ်ကူးထားတယ်။ Open data ပေးလိုက်ရင် App တွေ အများကြီးထွက်လာမယ် ဆိုတာလည်းသိတယ်။ အဲထဲကမဖြစ်နိုင်ဆုံး ဟာတစ်ခုကတော့ လမ်းကြောင်းရှာပြီးတော့ လုပ်တဲ့ ဟာကတော့ ရအောင်တော့ကြိုစား ကြည့်မယ်။

Q . Yangon Bus App လေးကိုရေရှည်တည်မြဲတဲ့ App လေးဖြစ်အောင်ဘယ်လိုတွေ လုပ်သွားမလည်း ဆိုတာပြောပြပေးပါလား။
ရှေ့ဆက်ပြီးတော့ လိုအပ်တဲ့ ဟာတွေကိုဖြည့်သွားမယ်၊ အခုဆိုရင် App ကို လူသောင်းနဲ့ချီပြီး သုံးနေတာတွေ ရတယ်။ အဲလိုလေး သုံးပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

You may be interested

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ
Mobiles & Tablets, NEWS, Softwares & Application
60 shares47 views

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ

Nigma - Dec 12, 2018

(Zawgyi) OnePlus 5 နဲ့ 5T ကိုင်နေသူတွေအတွက် သတင်းကောင်းပါ။ ဒီဖုန်းနှစ်လုံးအတွက် Android 9 Pie Oxygen OS Open Beta တွေကို ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း OnePlus ဖိုရမ်မှာ ကုမ္ပဏီအဖွဲ့ဝင်တယောက်က တင်ထားပါတယ်။ Android 9…

Dual Camera ပါတဲ့ Huawei P Smart (2019)
Android, Huawei, HUBS
181 shares33 views

Dual Camera ပါတဲ့ Huawei P Smart (2019)

Ko Thuya - Dec 12, 2018

Huawei P Smart (2019) ကို ပြင်သစ် အရောင်းဆိုင် Boulanger က စာရင်းတင်လိုက်ပါတယ်။ ဟွာဝေးကတော့ တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။ အခုတော့ ၀က်ဘ်စာမျက်နှာကို ဖယ်ရှားလိုက်ပေမယ့် သူ့ရဲ့ Specs များကို သိလိုက်ရပါတယ်။ သူ့မှာ ၆.၂…

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်
Google, HUBS, NEWS
0 shares4 views

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်

Ko Thuya - Dec 12, 2018

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော်က ဂူဂယ်လ်ရဲ့ စီအီးအို ဖြစ်သူ Pichai ကို ဆင့်ခေါ် မေးမြန်းလိုက်ပါတယ်။ Search Engine ရဲ့…

Most from this category