12 Shares 280 Views

CB Bank နှင့် VISA တို့ပူးပေါင်း၍ ပြည်တွင်းပြည်ပ အသုံးပြုနိုင်သည့် CB-VISA Credit Card ကို ပြည်တွင်းမှာမိတ်ဆက်

Jan 18, 2017
12 280

၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ(၁၇)ရက်၊ မွန်းလွဲ (၃)နာရီအချိန်တွင် ရန်ကုန်မြို့၊ CB Bank ရုံးချုပ်၌ CB Bank နှင့် Visa တို့ပူးပေါင်း၍ ပြည်တွင်းပြည်ပတို့တွင် အသုံးပြုနိုင်သည့် CB-VISA Credit Card ကို မြန်မာနိုင်ငံ၌ ပထမဦးဆုံး စတင်မိတ်ဆက်ခြင်း အခမ်းအနားကိုကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ CB Bank ၏ Executive Vice Chairman & CEO ဦးကျော်လင်း နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပြီး သတင်းမီဒီယာများမှ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

CB-VISA Credit Card ကို အသက်(၂၁)နှစ်ပြည့်ပြီးသူတိုင်း CB Bank ရုံးချုပ်နှင့် နီးစပ်ရာ ဘဏ်ခွဲများတွင် လျှောက်ထားနိုင်ပြီး ကတ်အမျိုးအစားအနေဖြင့် ပြည်တွင်းပြည်ပသုံး VISA Credit Card ကို Platinum Card နှင့် Gold Card ဟူ၍ အမျိုးအစား (၂)မျိုး ထုတ်ဝေပေးသွားမည်ဖြစ်ပါသည်။ Platinum Card အတွက် အကြွေးဝယ်ယူခွင့် ပမာဏမှာ ကျပ် (၄,၀၀၀,၀၀၀) မှ ကျပ် (၅,၀၀၀,၀၀၀) အထိလည်းကောင်း၊ Gold Card အတွက်အကြွေးဝယ်ယူခွင့် ပမာဏမှာ ကျပ် (၁,၀၀၀,၀၀၀) မှ ကျပ် (၄,၀၀၀,၀၀၀) အထိလည်းကောင်း အသုံးပြုရန်ခွင့်ပြုပေးထားသည်ဟု သိရသည်။

CB-VISA Credit Card ကိုသုံးစွဲသူများအနေဖြင့် နိုင်ငံတကာရှိ VISA အမှတ်တံဆိပ်ပါ ATM များ၊ POS များတွင်သာမက E-commerce (Online Shopping) များတွင် သုံးစွဲနိုင်မည်ဖြစ်ပါသည်။ CB-VISA Credit Card တစ်ခုကိုင်ဆောင်ထားခြင်းဖြင့် ငွေပေးချေမှု ဆိုင်ရာကိစ္စရပ်များကို မြန်မာနိုင်ငံအတွင်းနှင့် ကမ္ဘာအနှ့ံအပြားတွင် လွယ်ကူ မြန်ဆန်ပြီး လုံခြုံစိတ်ချစွာဖြင့် အသုံးပြုနိုင်ပြီဖြစ်ကြောင်း လည်း သိရသည်။

Source: CB Bank Facebook Page

You may be interested

Explore Feed နာမည်နဲ့ News Feed လုပ်ဆောင်ချက်သစ်ကို Facebook ဖြန့်ချီ
Facebook, HUBS, NEWS
0 shares0 views

Explore Feed နာမည်နဲ့ News Feed လုပ်ဆောင်ချက်သစ်ကို Facebook ဖြန့်ချီ

Ko Thuya - Oct 20, 2017

လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook အနေနဲ့ သုံးစွဲသူတွေအဆင်ပြေဖို့နောက်ထပ် Feature သစ်တခုကို တရားဝင်ဖြန့်ချိပေးလိုက်ပါတယ်။ အဲ့ဒါကတော့ ဧပြီလကတည်းက စမ်းသပ်နေတဲ့ Facebook ရဲ့ Feature သစ်ဖြစ်တဲ့ Explore Feed ကို မနေ့ကတရားဝင်ဖြန့် ချိပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် ကိုယ် Like မလုပ်ထားတဲ့…

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်
FEATURES, HUBS, Mobile & Tablets
102 shares15 views

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်

Ko Thuya - Oct 20, 2017

24MP and idea become perfect selfie ဓာတ်ပုံကောင်းတစ်ပုံရဖို့ဆိုတာ ကင်မရာကောင်းကောင်းရယ်၊ စိတ်ကူးစိတ်သန်းကောင်းကောင်းရယ် ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ကင်မရာကောင်းတိုင်းလည်း ပုံကောင်းတစ်ပုံ မထွက်သလို၊ စိတ်ကူးကောင်းပေမယ့် ကင်မရာမကောင်းလို့ ကောင်းသင့်သလောက်မကောင်းတဲ့ ပုံတွေလည်း ရှိပါတယ်။ V7+ က Selfie ချစ်သူတွေအတွက်…

ဖုန်းကို အားသွင်းပေးမယ့် ဂျက်ကတ်
NEWS, Tech Update
75 shares7 views

ဖုန်းကို အားသွင်းပေးမယ့် ဂျက်ကတ်

Ko Thuya - Oct 20, 2017

စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ တိုတောင်းတဲ့အတွက် နေ့စဉ် ဖုန်း အားသွင်းရတဲ့ အလုပ်ရှုပ်မှုများ ရှိနေပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို နေရာမရွေး အားသွင်းပေးနိုင်တဲ့ Power Bank များကို ထုတ်လုပ်ပေးထားသလို ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပေးတဲ့ Battery Case…

Most from this category