0 Shares 14 Views

အလုပ်သမား ၁၇၀၀ လျှော့ချလိုက်တဲ့ Yahoo

Yahoo CEO ဖြစ်သူ Marissa Mayer က လုပ်ငန်းကိုပြန်လည်လည်ပတ်ချွေတာနိုင်ဖို့ အတွက် အလုပ်သမားပေါင်း ၁၇၀၀ ခန့်လျှော့ချဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ကာလရှည်ကြာစွာ ကြိုတင်မျှော်မှန်းခဲ့တဲ့အတိုင်း အင်္ဂါနေ့က Yahoo အလုပ်သမားအင်အားရဲ့ ၁၅ရာခိုင်နှုန်းလောက်ဖြစ်တဲ့ အလုပ်သမား၁၇၀၀ ကို လျှော့ချပစ်ဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။

ရင်းနှီးမြုတ်နှံသူတွေအတွက်မယုံနိုင်လောက်အောင်ပဲ Yahoo ရဲ့ ရှယ်ယာတွေဟာ ၁.၂ရာခိုင်နှုန်းလောက်ထပ်မံကျဆင်းခဲ့ပြီး ပြီးခဲ့တဲ့ ၁၂လ ကထက်စာရင် ရှယ်ယာဈေးနှုန်းတွေဟာ ၃၆ရာခိုင်နှုန်း အထိကျဆင်းခဲ့တာဖြစ်ပါတယ်။

Yahoo ဟာ ဝက်ဘ်ဆိုက်လောကမှာ ရှေ့ဆောင်အဖြစ် ၁၉၉၀ ကနေ ၂၀၀၈ လောက်အထိရှိနေခဲ့ပြီး နောက်ပိုင်းမှာတော့ Alphabet ရဲ့ Google နဲ့ Facebook တို့လိုအွန်လိုင်းကြော်ငြာပြိုင်ဘက်တွေရဲ့ တိုက်ခိုက်မှုခံခဲ့ရပေမယ့် လက်ရှိအချိန်ထိတော့ လူကြည့်အများဆုံး ဝက်ဘ်ဆိုက်တွေထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။

Mayer ဟာ ၂၀၁၂ ခုနှစ်တုန်းက Google ကနေ Yahoo ကိုပြောင်းလာခဲ့တာဖြစ်ပြီး Yahoo ရဲ့ လုပ်ငန်းကို ပြန်လည်ဦးမော့လာအောင်ကြိုးစားနေဆဲ ဖြစ်ပါတယ်။ သူမအနေနဲ့ ဒီဇင်ဘာလတုန်းက Search Engine, Digital Advertising ယူနစ်တွေနဲ့ email ဝန်ဆောင်မှုတွေကို ပြန်လည်ဆန်းသစ်ခဲ့ပါတယ်။

Yahoo ဟာ ဒေါ်လာ ၄.၄၃ ဘီလျံ အထိအရှုံးပေါ်ထားပြီး ဒီနှစ်အစောပိုင်းမှာ ဝင်ငွေအနေနဲ့ ဒေါ်လာ ၁၆၆.၃ သန်းသာရရှိသေးတာဖြစ်ပါတယ်။ လေ့လာမှုတွေအရ Yahoo ရဲ့ ပျမ်းမျှရှယ်ယာဈေးနှုန်းဟာ ဝေစုတစ်စုကို ၁၃ဆင့်သာရှိတော့တာဖြစ်ပါတယ်။

marissa mayer1

Yahoo CEO Marissa Mayer

Ref: Reuters

You may be interested

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
0 shares0 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
73 shares174 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ
FEATURES, gadgets
88 shares151 views

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ

Ko Thuya - Feb 18, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍအတွက် ဒီတစ်ပတ်ထွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Tzoa Wearable Evniro-Tracker Tzoa…

Most from this category