0 Shares 475 Views

ISIS က Drone များမှာ ဗုံးများ တပ်ဆင် တိုက်ခိုက်

Jan 18, 2017
0 475

ဆီးရီးယားနဲ့ အီရတ်မြောက်ပိုင်းမှာ စခန်းများ ကျဆုံးနေတဲ့ ISIS က အီရတ် လုံခြုံရေးအဖွဲ့များကို လက်နက်အသစ်တစ်မျိုးနဲ့ တိုက်ခိုက်နေပါတယ်။ သူ့ရဲ့ လက်နက်ကတော့ Drone များဖြစ်ပါတယ်။ သူတို့က Drone မှာ ဗုံးများ တပ်ဆင်၍ တိုက်ခိုက်တာ ဖြစ်ပါတယ်။

ဗုံး တပ်ဆင်ထားတဲ့ Drone များကို အဝေးကနေ Remote Control ဖြင့် ထိန်းချုပ် တိုက်ခိုက်တာ ဖြစ်ပါတယ်။ အသံခံဗုံးခွဲမှုများအတွက်လည်း Drone များကို အသုံးပြုနေပါတယ်။ Drone များရဲ့ ဘက်ထရီ သက်တမ်းဟာ တိုတောင်းတဲ့အတွက် သူတို့က အီရတ်လုံခြုံရေး တပ်ဖွဲ့များရဲ့ ရှေ့ပြေးတပ်ဖွဲ့များကို အဓိက ပစ်မှတ်ထားနေကြပါတယ်။ Drone များဖြင့် ပြည်သူများနဲ့ လုံခြုံရေး အဖွဲ့များရဲ့ စက်ယန္တယားများကို သတ်ဖြတ် တိုက်ခိုက်နေကြတယ်လို့ သိရပါတယ်။

အမေရိကန် စစ်တပ်ကလည်း ISIS ဟာ ဗုံးတပ်ဆင်ထားတဲ့ Drone များဖြင့် တိုက်ခိုက်နေတယ်လို့ လွန်ခဲ့တဲ့ ၂ လက ကြေညာထားပါတယ်။ အီရတ်နိုင်ငံ မိုဆူးမြို့မှာ တစ်နေ့ကို Drone တစ်စီးဖြင့် တိုက်ခိုက်တယ်လို့ သိရပါတယ်။ သူတို့က Drone များဖြင့် ကင်းလှည့်မှုများလည်း ပြုလုပ်ကြပါတယ်။

နောက်ပိုင်းမှာ ဓာတုဗေဒလက်နက်များကို Drone များမှာ တပ်ဆင်၍ တိုက်ခိုက်လာနိုင်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။ ဒါပေမယ့် ISIS များ အသုံးပြုတဲ့ Drone များဟာ စွမ်းဆောင်ရည်နိမ့်ကြပြီး Battelle DroneDefender နဲ့တောင် ပြန်လည် ခုခံနိုင်တယ်လို့ Popular Science က ရေးသားထားပါတယ်။ အဲဒီ ကိရိယာက Drone များရဲ့ GPS နဲ့ ရေဒီယိုလှိုင်းများကို ဖျက်ပစ်နိုင်ပါတယ်။ အီရတ် လုံခြုံရေးအဖွဲ့များကလည်း အဲဒီလို ကိရိယာများဖြင့် ရန်သူများရဲ့ Drone များကို အောင်မြင်စွာ ဖျက်ဆီးနေပါတယ်။

ref : tnw

You may be interested

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ
Mobiles & Tablets, NEWS, Pc & Laptops
0 shares0 views

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ

Ko Thuya - Dec 18, 2017

Microsoft က Surface Phone နဲ့ စမတ်ဖုန်းလိုရော ကွန်ပြူတာလိုပါ သုံးနိုင်တဲ့ ကိရိယာများကို တီထွင်နေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ သတင်းများကို ကုမ္ပဏီက အတည်ပြုထားခြင်း မရှိသေးပါဘူး။ ယခုနောက်ဆုံး ထွက်ပေါ်လာတဲ့ Microsoft…

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ
Android, Google, HUBS
0 shares0 views

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ

Ko Thuya - Dec 18, 2017

Google က သူ့ရဲ့ ဥာဏ်ရည်မြင့် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Assistant ကို Pixel စမတ်ဖုန်းများအတွက်သာ ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူ့ကို Marshmallow နဲ့ နောက်ပိုင်းထုတ် OS များထည့်သွင်းထားတဲ့ Adroid Phone များအတွက် ဖြန့်ချီပေးခဲ့ပါတယ်။…

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone
Android, Apple, HUBS
515 shares232 views

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone

Ko Thuya - Dec 17, 2017

စမတ်ဖုန်းကိုင်ဆောင်သူ အများစုအနေနဲ့ တရုတ်နိုင်ငံထုတ် ဖုန်းဆိုရင် Huawei,Vivo,OPPO တို့ကိုသာမျက်စိ ထဲပြေးမြင်မိမှာပါ။ သင့်အနေနဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီငယ်လေး Leagoo ကိုမရင်းနှီးသေးဘူးဆိုရင် အခုဖုန်းမှာ သိရမှာပါ။ Leagoo ဟာအခြားကုမ္ပဏီတွေကထုတ်တဲ့ မော်ဒယ်မြင့်ဖုန်းတွေကို ဆင်တူဒီဇိုင်းနဲ့ ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ Leagoo ကနေ နောက်ဆုံးထုတ်ထားတဲ့ ဖုန်းကတော့…

Most from this category