0 Shares 802 Views

မီးလောင်မှုကို ကာကွယ်ပေးတဲ့ ဖုန်းဘက်ထရီ

Jan 18, 2017
0 802

အီလက်ထရောနစ် ကိရိယာများစွာမှာ လစ်သီယွန်အိုင်းယွန်း ဘက်ထရီများကို အသုံးပြုကြပါတယ်။ အဲဒီ ဘက်ထရီများကို စိတ်ချရအောင် ဖန်တီးထားပေမယ့် တစ်ခါတစ်လေမှာ အပူလွန်ကဲပြီး မီးလောင် ပေါက်ကွဲမှုတွေ ဖြစ်တတ်ပါတယ်။ မကြာခင်ကလည်း Samsung Galaxy Note 7 ဖုန်းများ ပေါက်ကွဲမှုကြောင့် ကုမ္ပဏီက Note 7 အားလုံးကို ပြန်လည်သိမ်းဆည်းနေရပါတယ်။

အခုတော့ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ စတန်းဖို့ဒ်မှ ပညာရှင်များက မီးလောင်မှုကို ကာကွယ်ပေးတဲ့ ဖုန်းဘက်ထရီကို တီထွင်လိုက်ပါတယ်။ သူတို့ရဲ့ နည်းပညာက ဘက်ထရီဟာ သတ်မှတ်ထားတဲ့ အပူချိန်ကို ရောက်တာနဲ့ အအေးပေးတဲ့ စနစ်ကို ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ စမ်းသပ်မှုမှာ ၀.၄ စက္ကန့်အတွင်း ဘက်ထရီရဲ့ အပူလွန်ကဲမှုကို လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။ သူတို့ရဲ့ နည်းပညာဟာ ဘက်ထရီရဲ့ စွမ်းဆောင်ရည်ကိုလည်း မကျဆင်းစေဘူးလို့ ပညာရှင်များက ပြောပါတယ်။

ဘက်ထရီ နည်းပညာ အသစ်များကို ကမ္ဘာအ၀န်းမှာ တီထွင်နေကြပေမယ့် ရောင်းတန်းဝင် အဆင့်ရောက်ရှိဖို့ နှစ်ပေါင်းများစွာကြာအောင် အချိန်ယူ တီထွင်ရတာ ဖြစ်ပါတယ်။ အခု နည်းပညာဟာလည်း အနာဂတ်မှာ ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်ပေမယ့် အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ မီးလောင်မှုကို ကာကွယ်ပေးတဲ့ ဘက်ထရီ တပ်ဆင်ထားတဲ့ စမတ်ဖုန်း၊ တက်ဘလက်များကို လူသားတွေ စိတ်ချလက်ချ ကိုင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ref : mashable

You may be interested

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ
Apple, NEWS
93 shares33 views

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ

Nwe Oo Thant - Jan 24, 2018

တရုတ်နိုင်ငံမှာရှိတဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ လူတစ်ယောက်က ဘက်ထရီကိုသွားနဲ့ကိုက်ပြီး စမ်းသပ်ကြည့်တဲ့အချိန်မှာပဲ ပေါက်ကွဲမှုအသေးစားလေးဖြစ်သွားခဲ့ပါတယ်။ ဆိုင်ရဲ့ စီစီတီဗွီကင်မရာမှာရိုက်ကူးမိထားတဲ့ဗီဒီယိုဖိုင်လေးကို ဝဘ်ဆိုဒ်မှာတင်ခဲ့ပြီး ကြည့်ရှုသူပေါင်း ၄.၆၉ သန်းတောင် ရှိသွားခဲ့ပါတယ်။ Taiwan News ရဲ့ဖော်ပြချက်အရ ဇန်နဝါရီလ ၁၉ရက်နေ့မှာ လူတစ်ယောက်က သူ့ရဲ့ iPhone ဘက်ထရီကို လဲဖို့ဆိုင်ကိုလာခဲ့တာပါ။…

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ
Tips
118 shares234 views

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ

Nwe Oo Thant - Jan 24, 2018

ဘယ်သူမှတော့ ကိုယ့်ဖုန်းကို နှေးစေချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အချိန်ကြာလာတဲ့အမျှ နှေးလာတာ၊ storage နေရာသိပ်မကျန်တာ၊ bugs တွေစသဖြင့် အမျိုးစုံအောင်ဖြစ်လာတာပါပဲ။ ဒီတော့ ကိုယ့်ဖုန်းရဲ့ performance ကိုမြန်အောင်လုပ်လို့ရမယ့် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁. မသုံးတဲ့ app တွေကို uninstall လုပ်ပါ။…

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ
Android, HUBS, Mobiles & Tablets
0 shares289 views

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ

Ko Thuya - Jan 24, 2018

ရှောင်မီရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ ဟုန်ဖန်းက ဘေဂျင်းမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ ကုမ္ပဏီဟာ MIUI 10 ကို စတင် ဖန်တီးနေပြီလို့ ကြေညာလိုက်ပါတယ်။ သူက MIUI 10 မှာ ဥာဏ်ရည်တု နည်းပညာနဲ့ Machine…

Most from this category