1 Shares 467 Views

Facebook မှာ မလိုချင်တဲ့ Notifications များကို ပိတ်မယ်

Jan 18, 2017
1 467

Facebook လို လူမှုကွန်ရက် ၀န်ဆောင်မှုများမှာ Notification များဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမယ့်လည်း Facebook မှာ စိတ်ပျက်စရာကောင်းတဲ့ Notification များကိုလည်း ရရှိနေတတ်ပါတယ်။ အဲဒီ Notification များ အားလုံးကို ပိတ်ထားလို့ မရပေမယ့် အချို့ကို ပိတ်နိုင်တဲ့ နည်းလမ်းတွေကို Facebook က ပံ့ပိုးပေးထားပါတယ်။

Facebook Notification Settings

Facebook Notification Settings ထဲသွားဖို့အတွက် ညာဘက်အပေါ်ထောင့်မှ Dropdown Arrow ကိုနှိပ်ပါ။ Menu ပေါ်လာရင် Settings ကို နှိပ်ပါ။ Settings ထဲရောက်သွားရင် ဘယ်ဘက်ခြမ်းမှ Notifications ကို နှိပ်ပါ။

On Facebook ရဲ့ ညာဘက်မှ Edit ကို နှိပ်ပါ။ အဲဒီကနေ Notification အချို့ကို ပိတ်နိုင်ပါတယ်။ သင့်သူငယ်ချင်းတွေရဲ့ မွေးနေ့နဲ့ ပတ်သက်ပြီး အသိပေးတဲ့ Notification တွေကို ပိတ်ထားချင်ရင် Birthdays ကို တစ်ချက်နှိပ်ပြီး Off လုပ်ပေးပါ။
untitled-1
သင့်သူငယ်ချင်း မဟုတ်သူများက သင့်ကို Tag လုပ်ရင် Notification များရရှိနေမှာပါ။ အဲဒါကို ဖြေရှင်းဖို့ Tags ကို တစ်ချက်နှိပ်ပြီး Friends ကိုရွေးပေးပါ။
untitled-2
နောက်တစ်ခုက သင်ဟာ Page တစ်ခု သို့မဟုတ် Page များစွာကို ကိုင်တွယ်နေရတယ်ဆိုရင် Notification ယူမယ့် Page တွေကိုသာ သတ်မှတ်ထားနိုင်ပါတယ်။ Pages you manage ရဲ့ ညာဘက်မှ Edit ကို နှိပ်ပါ။ Notificaiton ပိတ်ထားချင်တဲ့ Page ရဲ့ ညာဘက်မှ Drop-Down Arrow ကို နှိပ်ပြီး Off လုပ်ပေးပါ။
untitled-3
သင် အဖွဲ့ဝင်ထားတဲ့ Group တွေကနေ Notification တွေ တောက်လျှောက်ရနေလို့ ပိတ်ထားချင်ရင် Group Activity ရဲ့ ညာဘက်ဘေးမှ Edit ကို နှိပ်ပါ။ Group တွေရဲ့ ညာဘက်မှ Dropdown Arrow ကို နှိပ်ပြီး Off ကို ပြောင်းပေးပါ။ အဲဒီ ဂရုမှ သူငယ်ချင်းတွေရဲ့ ပို့စ်ကိုသာ Notification ယူထားချင်ရင် Friend’s Posts ကို ရွေးပေးပါ။

untitled-4

You may be interested

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ
Apple, HUBS, Mobiles & Tablets
0 shares0 views

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ

Ko Thuya - Feb 20, 2018

  Apple က စာလုံးတစ်လုံးထဲဖြင့် iPhone များကို Crash ဖြစ်စေတဲ့ Bug ကို ပြုပြင်ပေးတဲ့  Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အိန္ဒိယ ဘာသာစကား တီလူဂါမှ အက္ခရာတစ်ခုဟာ iPhone System နဲ့…

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ
Google, HUBS, NEWS
0 shares0 views

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ

Ko Thuya - Feb 20, 2018

  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား …

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
181 shares521 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Most from this category