0 Shares 368 Views

Consumer Electronics Show မှ အကောင်းဆုံး ထုတ်ကုန် ၉ ခု

Jan 18, 2017
0 368

နှစ်စဉ် ဇန်န၀ါရီလမှာ ကျင်းပလေ့ရှိတဲ့ Consumer Electronics Show (CES) ကို ဒီနှစ်မှာလည်း ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ စည်ကားစွာ ကျင်းပခဲ့ကြပါတယ်။ အဲဒီပွဲမှာ ကမ္ဘာအ၀န်းမှ နည်းပညာ ကုမ္ပဏီများစွာဟာ ထူးခြားဆန်းသစ်တဲ့ နည်းပညာ ထုတ်ကုန်များကို မိတ်ဆက်ခဲ့ကြပါတယ်။ အဲဒီ ထုတ်ကုန်များထဲမှ အကောင်းဆုံး ထုတ်ကုန် ၉ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံး လက်တော့ Lenovo ThinkPad X1 Yoga
1

Lenovo ThinkPad X1 Yoga အတွက် OLED Display မော်ဒယ်ကိုတောင် ထုတ်လုပ်ပေးထားတဲ့အတွက် အကောင်းဆုံး လက်တော့ စကရင်ကို မြင်တွေ့ရမှာပါ။ Intel ရဲ့ စွမ်းဆောင်ရည်မြင့် Chips ၊ တိကျတဲ့ Trackpad ၊ LTE ထောက်ပံ့မှုတို့ ထည့်သွင်းထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာ၊ IR Camera ၊ NFC ၊ Ethernet Port စတဲ့ စွမ်းရည်များစွာလည်း ပါပါတယ်။ ဖေဖော်ဝါရီလမှာ ဒေါ်လာ ၁၅၀၀ ၀န်းကျင်ဖြင့် ရောင်းချမှာပါ။

ကမ္ဘာ့အကောင်းဆုံး LG OLED TV W

2

LG ကတော့ ဒါကို Wallpaper TV လို့ ဆိုပါတယ်။ ၂.၆ မီလီမီတာသာ အထူရှိပြီး LG ထုတ်လုပ်ခဲ့သမျှ တီဗီများထဲမှာ အလှပဆုံး ဖြစ်ပါတယ်။ 4K HDR ကို ထောက်ပံ့ပြီး ဒေါ်လာ သောင်းဂဏန်းလောက် တန်ကြေးရှိမှာပါ။ နံရံမှာလည်း ကပ်ထားနိုင်ပါတယ်။

စွမ်းဆောင်ရည်မြင့် Nvidia Shield TV
3

Nvidia ရဲ့ Shield TV ကတော့ စွမ်းဆောင်ရည်မြင့် Media Streamer တစ်ခု ဖြစ်ပါတယ်။ ယခင်မော်ဒယ်ထက် အရွယ်ကျစ်လစ်လာပြီး ပိုမိုကောင်းတဲ့ Game Controller ကို ဖန်တီးထားပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ Google Assistant ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ထည့်ပေးမှာဖြစ်တဲ့အတွက် အသံအမိန့်ဖြင့် ရုပ်ရှင်၊ ဗီဒီယို၊ ဂိမ်းများ ရှာနိုင်မှာပါ။ ဒါ့အပြင် စမတ်နေအိမ်ကိရိယာများကို ထိန်းချုပ်နိုင်တဲ့ Spot Accessory လည်း ပါလာပါတယ်။

Here One ကြိုးမဲ့ နားကြပ်
4

Here One ဟာ သဘာဝကျတဲ့ အသံများကို ဖန်တီးပေးနိုင်တဲ့ ကြိုးမဲ့ နားကြပ်ဖြစ်ပါတယ်။ သူ့အတွက် Mobile App ထုတ်လုပ်ပေးထားပြီး အသံဆူညံမှု၊ အသံအလွှာများကို ချိန်ညှိနိုင်ပါတယ်။ Apple AirPods လောက်တော့ ဒီဇိုင်း မလှပပေမယ့် ဒေါ်လာ ၃၀၀ က အများကြီး သက်သာပါတယ်။

Device များစွာကို ထိန်းချုပ်နိုင်တဲ့ Sevenhugs Smart Remote
5

Sevenhugs Smart Remote ဟာ အင်တာနက် ချိတ်ဆက်နိုင်တဲ့ ကိရိယာများအတွက် Universal Remote ဖြစ်ပါတယ်။ Apple TV , Philips Hue , Xbox , Nest Thermostat အပါအ၀င် စမတ်နေအိမ် ကိရိယာအားလုံးကို ထိန်းချုပ်နိုင်ပါတယ်။ စက်တင်ဘာလမှာ ဒေါ်လာ ၃၀၀ ဖြင့် ရောင်းချမှာပါ။

Lenovo ရဲ့ Smart Assistant

Lenovo ရဲ့ ဒေါ်လာ ၁၃၀ တန် Smart Assistant ဟာ Amazon Echo လို စမတ်စပီကာ ဖြစ်ပါတယ်။ Amazon Echo လောက်တော့ Lenovo Smart Assistant ဟာ စွမ်းရည် မမြင့်ပေမယ့် ဒေါ်လာ ၅၀ လောက် သက်သာပါတယ်။

အခမဲ့ တီဗီလိုင်းများကို ပြသမယ့် Mohu AirWave
7

Mohu က တီထွင်ထားတဲ့ AirWave ဟာ ကြိုးမဲ့ အင်တင်နာဖြစ်ပြီး သင့်ရဲ့ တီဗီ၊ စမတ်ဖုန်း၊ တက်ဘလက်များမှာ အခမဲ့ တီဗီလိုင်းများကို ဖမ်းယူပေးနိုင်ပါတယ်။ သူ့အတွက် ထုတ်လုပ်ပေးထားတဲ့ Mobile App ကနေ တီဗီလိုင်းများကို စီမံခန့်ခွဲနိုင်ပါတယ်။ ဒေါ်လာ ၁၅၀ တန်ကြေးရှိပါတယ်။

Huawei ရဲ့ တန်ဖိုးနည်း သတ္တုဖုန်း Honor 6X
8

ဒေါ်လာ ၂၅၀ လောက်နဲ့ သတ္တုကိုယ်ထည် စမတ်ဖုန်းကို ကိုင်နိုင်မှာပါ။ ၅.၅ လက်မ Full HD Display , Fingerprint Scanner, Dual Rear Cameras တပ်ဆင်ထားပါတယ်။

Battery အပိုပါတဲ့ iPhone 7 Case
9

Griffin Reserve Battery Case ဟာ iPhone 7 အတွက် ထုတ်လုပ်ထားတာ ဖြစ်ပြီး ဒေါ်လာ ၁၀၀ သာ တန်ကြေးရှိပါတယ်။ ယခုနှစ် ဧပြီလနဲ့ ဇွန်လအကြားမှာ ရောင်းချမှာပါ။ သူ့မှာ 3.5mm Headphone Jack လည်း ပါပါတယ်။

ref : business insider

You may be interested

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
NEWS, Softwares & Application
0 shares0 views

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ

Creepy Tyler - Sep 25, 2018

နာမည်ကြီးလူမှုကွန်ရက် Instagram ကို စတင်ခဲ့တဲ့ Kevin Systrom နဲ့ Mike Krieger တို့ကတော့ သူတို့အနေနဲ့ ရာထူးနေရာတွေကနေ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Facebook နဲ့ အတူ အလုပ်တွဲလုပ်နေတဲ့ သူတို့နှစ်ယောက်ကတော့ CEO နဲ့ CTO…

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
47 shares14 views

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
314 shares101 views

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max

Ko Thuya - Sep 25, 2018

Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…

Most from this category