0 Shares 201 Views

Ubuntu ကိုသာ အစဉ်တစိုက် ကြိုးပမ်းနေတဲ့ ကိုကိုရဲ နှင့်တွေဆုံခြင်း

နည်းပညာလောကရဲ့ လူငယ်ပညာရှင် Developer တစ်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ Kanaung Hub ရဲ့ event တွေကိုစီစဉ်ပေးတဲ့သူတစ်ယောက်ဖြစ်ပြီး  ICT Consultant အနေနဲ့ နည်းပညာလောကမှာ ရပ်တည်နေတဲ့ ကိုကိုရဲ ဖြစ်ပါတယ်။ သူနဲ့တွေ့ဆုံတုန်း နည်းပညာလောကနဲ့ ပတ်သက်ပြီး အခုလိုမေးမြန်းခဲ့ပါ တယ်။

Q . အရင်ဆုံးအစ်ကိုရဲ့ အလုပ်နဲ့ပတ်သက်ပြီးပြောပြပေးပါလား။

ကျွန်တော်က Non-profit organization တွေလုပ်တယ်။ အဲဒါက အခကြေးငွေနဲ့ ပတ်သက်မှုမရှိတဲ့ Ubuntu Myanmar ပေါ့နော်။ Ubuntu Myanmar က အင်တာနေရှင်နယ်မှာသုံးနေတဲ့ window တို့ apple max တို့လိုမျိုး operation system ပေါ့နော်၊ အဲဒီအတွက် ကျွန်တော်တို့ local မှာ အခမဲ့လွယ်လွယ်ကူကူရအောင် Zawgyi, Unicode, ရှမ်းဘာသာစကားတွေကို လွယ်လွယ်ကူကူသုံးလိုရအောင် Contribution တွေလုပ်တယ်။
နောက်ပြီးလိုအပ်တဲ့ ဆော့ဖ်ဝဲတွေ ရေးဖြစ်တယ်။ apple, window, linux, android, iOS ဖုန်းတွေမှာပါ သုံးလိုရတာတွေကို non-profit အနေနဲ့လုပ်တယ်။ Kanaung Hub မှာလဲ ICT Event ဆိုပြီး event တွေ စီစဉ်ပေးတယ်။အပြင်မှာပရော်ဖယ်ရှင်နယ်အနေနဲ့က ICT Consultant အနေနဲ့ ရပ်တည်တယ်။ IT Project တွေ တော်တော်များများ လက်ခံတယ်။

Q . Ubuntu Myanmar နဲ့ပတ်သက်ပြီးလည်း ပြောပြပေးပါလား။
Ubuntu Myanmar ကကွန်ပြူတာနဲ့သုံးရင် window တို့ max တို့အတွက် hardware တွေ software တွေ အတွက် Supporting ပေးတယ်၊ မိုဘိုင်းမှာသုံးဖို့အတွက်ကတော့ စမ်းသပ်တုန်း၊ မထွက်သေးဘူးလားဆိုတော့ ထွက်ပြီးသွားပြီ။ MEZU ဆိုတဲ့ဖုန်းနဲ့စမ်းသပ်ပြီးပြီ။ BenQ ဆိုတဲ့ UK အခြေစိုက် အဲဒါနဲ့တွဲထုတ်တာ ဗားရှင်းနှစ်မျိုးလောက်တော့ ထွက်ပြီးသွားပြီ။ သိပ်တော့ ကျယ်ကျယ်ပြန့်ပြန့်မဖြစ်သေးဘူး။ လူတစ်ချို့ထင်ထား တာ ကိုယ်လက်ထဲမှာရှိတဲ့ ဖုန်းတစ်လုံးနဲ့ ဒါကို ကောက်တင်လိုရမလားဆိုတော့ အဲဒါမျိုးကတော့လက်ရှိမဖြစ်သေးဘူး။ နည်းနည်းဟော့တဲ့ Brand  HTC ဒါမှမဟုတ်ရင် Google ကပေးထားတဲ့ Nexus Seriesတိုင်းမှာ Ubuntu ပုံတင်လိုရတယ်။ ပြီးလို့ရှိရင် ဖုန်းရောကွန်ပြူတာရောမှာပါတဲ့ appတွေကို တစ်ခါတည်း အတူတူသုံးလိုရအောင် User Interface ဆိုရင် ကျွန်တော်တို့က apple မှာဆိုရင် apple က Product တစ်ခုတည်းဆိုပေမယ့် Phone UI နဲ့ PC UI မတူဘူး။အဲလိုမျိုးမဟုတ်ပဲနဲ့ ဖုန်းရော၊ ကွန်ပြူတာရော၊ laptop ရောUI ကို ပုံစံတစ်မျိုးတည်းနဲ့ ဒီပုံစံအတိုင်းသုံးသွားလို ရအောင်လုပ်နေပါတယ်။

Q . ဘားကမ့်တွေမှာလည်း အစ်ကိုပါဝင်တာတွေ့ရတော့ လူငယ်တွေနည်းပြပညာနဲ့ ပတ်သက်ပြီး ဘယ်လောက် ထိစိတ်ဝင်စားမှုရှိလာလည်း ဆိုတာပြောပြပေးပါလား။
ဘားကမ့်ကတော့ တစ်နှစ်တစ်ခါလုပ်တယ်၊ ရန်ကုန်ဘားကန့်တွေရော နယ်ဘားကန့်တွေရောသွားပြီး contribute လုပ်တယ်။ အဲဒီမှာရန်ကုန်နဲ့ နယ်နဲ့ကတော့ ကွာခြားမှုတွေရှိတယ်။ အင်တာနက် ကွန်နက်ရှင်တွေ ရန်ကုန်မှာ လိုင်းကောင်းကောင်းကို ဒေါင်းလော့ဆွဲလိုရတယ်။ ဒါမှမဟုတ်ရင် ဖိုက်ဘာလိုင်းကိုသုံးပြီးတော့ video tutorial, wed design ပဲဖြစ်ဖြစ် Android development ပဲဖြစ်ဖြစ်၊ အခြားသော development တစ်ခု ပဲဖြစ်ဖြစ် video Tutorials တွေ လွယ်လွယ်ကူကူကြည့်လိုရတဲ့အချိန်မှာ နယ်ကလူတွေအတွက်က အဲလောက်ကြီးမလွယ်ဘူး။ တော်တော်များများနယ်မှာက အင်တာနက်သုံးတတ်တဲ့သူတောင် သုံးနိုင်အောင်  အင်တာနက်ကော်နက်ရှင်တွေ မကောင်းတာတွေရှိတယ်။ နယ်ကလူတွေအနေနဲ့ သင်တန်းတက်ချင်တာပဲဖြစ် ဖြစ် အလုပ်လုပ်ချင်တာပဲဖြစ်ဖြစ် ရန်ကုန်လို မန္တလေး မြို့ကြီးတွေကိုပဲ လာရတယ်။ တကယ်တမ်းတော့ အားလုံးအတူတူ ဖြစ်အောင်တော့ လုပ်ပေးသင့်တယ်။

 

Q . အဲဒီကိစ္စက Telecom တွေနဲ့ဆိုင်မယ်ထင်တယ်။ သူတို့ဘက်ကဘာတွေလုပ်သင့်တယ်လို့ ထင်လဲ။
Telecom တွေနဲ့အဲဒီကိစ္စကိုပြောဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ တိုးတက်တာ အရမ်းမြန်တယ်။ အရင်တုန်းကဆိုရင် ဖုန်းလိုင်းမရတဲ့နေရာတွေမှာ 4G ရသွားတာတွေရှိတယ်။ ဒါကို အခြေခံအသိပညာအနေနဲ့ ဒါကိုဘယ်လိုကောင်းအောင်သုံးမလဲဆိုတာ ဒါမှမဟုတ် ဒီဟာကနေကောင်းတဲ့ data ကိုဘယ်လိုယူမလည်း ဆိုတာသိဖို့လိုတယ်။ လယ်သမားဆိုရင် လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ data ကိုဘယ်ကယူရမလည်း မသိတော့ facebook ကနေ သူငယ်ချင်းအချင်းချင်း စကားပြောတာလောက်နဲ့ ဒါကြီးကပြီးသွားမှာပဲ။ အခုနောက်ပိုင်းဘားကန့်တွေမှာ ကျွန်တော်တို့ဘာတွေလာလုပ်ပေးလည်းဆိုတော့ ဒီလို အင်တာနက်၊ ဒီလိုနည်းပညာတွေကို သုံးလိုရတာရှိတယ်။ ဘယ်လောက်ထိ အသုံးချလိုရတယ်။ ဘယ်မှာ ရှာလိုရတယ်ဆိုတာကိုပြောတော့မှ သူတို့က ဟုတ်လား … ဆိုတာမျိုးတွေဖြစ်လာမယ်။ IT နည်းပညာနဲ့ ပြည်သူလူထု အကျိုးပြုတာတွေ အများကြီးလုပ်လိုရတယ်။

 

Q .အခုနောက်ပိုင်း social media တွေခေတ်စားလာတဲ့အပေါ် အစ်ကိုရဲ့အမြင်ကိုပြောပြပေးပါလား။
Social Media တွေကိုသုံးတဲ့အခါ မကောင်းတဲ့ဘက်မှာသုံးရင် မကောင်းတာဖြစ်နိုင်သလို ကောင်းတဲ့ဘက် မှာသုံးရင် ကောင်းတာဖြစ်နိုင်တယ်။ ဒီမှာ ကျွန်တော်တို့ဖြစ်စေချင်တာက ကိစ္စတစ်ခုထွက်လာပြီဆို  အခြေခံအရင်းမြစ်ကို လိုက်တာတွေ ရှားသေးတယ်။ လူတစ်ယောက်နဲ့ပတ်သက်ပြီး သူကမကောင်းဘူး။ သူအိမ်မှာ ဒီလိုပြသနာတွေရှိတယ်။ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုနဲ့ ပတ်သက်တယ်ဆိုရင် ဟုတ်လား …မဟုတ်လား ဆိုတာကို မစဉ်းစားဘူး။ ယုံကြတယ်။ ပုံတွေနဲ့တင်တာဆို ပုံတွေကမူရင်းရောဟုတ်ရဲ့လားဆိုတာကို မစဉ်းစားဘူး။ အဲဒါကိုထပ်ဆင့် share ကြတယ်။ မူရင်းပြောခံရတဲ့သူက လိုက်ရှင်းရင်တောင်ပြန့်သွားတဲ့ သတင်းကိုလိုက်မမှီတော့ဘူး။ share မယ်ဆိုတဲ့သူ၊ comment ပေးမယ်သူ၊ like လုပ်မယ်ဆိုတဲ့သူတွေကအစ ဒီကိစ္စကို မှန်လားမမှန် လားဆိုတာကို သေချာလေ့လာသင့်တယ်။ ဓာတ်ပုံဆိုရင်လည်း google မှာရှာကြည့်သင့်တယ်။ တစ်ခုခုဆိုမယုံသင့်ဘူး၊ သေချာစဉ်းစားဖို့လိုတယ်။ local ကကိစ္စတွေဆို ပိုဆိုးတယ်။ Google မှာရှာဖို့လည်းခက်တယ်။ အဲဒီအတွက် ကိုယ်အတွက် အကျိုးမရှိ။ သူများအတွက် အကျိုးရှိတာတွေဆိုရင် စဉ်းစားဖို့လိုတယ်။ social media ကိုအကျိုးရှိရှိ သုံးတတ်ဖို့လိုပါတယ်။

 

Q . နည်းပညာလောကရဲ့ အားနည်းချက်၊အားသာချက်တွေကို ပြောပြပေးပါလား။
အဓိကဖြစ်နေတဲ့ပြသနာက ဘာလဲဆိုတော့ ဒီကလူတွေက စလာကတည်းက ဘာနဲ့စလာလည်းဆိုတော့ Resource ကိုရှားရှားပါးပါး သုံးခဲ့ရတယ်။ တစ်ခါတုန်းက Youtube ကိုပိတ်ထားတာမျိုး အင်တာနက်လိုင်း ဆိုလည်းအရမ်းလေးတယ်။ သူများနိုင်ငံမှာ ၅မိနစ်လောက်နဲ့ down လိုရတဲ့ဟာတွေကို ကျွန်တော်တို့ဆီမှာ၂ ရက်လောက်ကြာတယ်။ ခဲရာခဲစစ်ကြိုးစားခဲ့ရတဲ့ သူတွေအများကြီးရှိတယ်။ သူများနိုင်ငံနဲ့ယှဉ်ရင် development တွေနည်းပေမယ့် .. တစ်ကယ်ကျွမ်းကျင်တဲ့ သူတွေလည်းရှိတယ်။ ဒါပေမယ့် ဘာထပ်ဖြစ်လည်းဆိုတော့ ဟိုဘက်ကနေ Resource တစ်ခုကို ဝယ်ချင်တယ်ဆိုတာတောင်မှ ဆန်ရှင် ကြောင့် ပိတ်ထားတာမျိုးတွေ့ ကိုယ်ကိုယ်တိုင်ကအွန်လိုင်းမှာ development ကိုလုပ်ပြီး theme လေးတွေရေးမယ်၊ တစ်ခြားသော Style လေးတွေ နဲ့ service တစ်ခုခုလုပ်ပေးမယ်ဆိုရင် Android App ကိုရေးမယ်ဆိုရင် ဒီမှာ Payment ကိစ္စတွေ၊ Payment ကို Credit Card ကိုင်လိုမရတဲ့ ကိစ္စတွေ ကျွန်တော်တို့ မှာ အဲဒီငွေရေးကြေးရေး ကိစ္စပြသနာတွေ ရှိနေတယ်။ သူတို့ဆီက ဒီဇိုင်းဝယ်ပြီး ဒီဘက်မှာ service ပေးမယ်ဟာလည်း ဟိုဘက်က ပိုက်ဆံလွှဲပေးလိုမရဘူး။ ကိုယ်ကရောင်းမယ်ဆိုလည်း မြန်မာပြည်ကဟာဆို ပေးမဝယ်ဘူး။ ပေးမရောင်းဘူး ဆိုတာတွေရှိတယ်။ အခက်ခဲတွေ အများကြီးရှိတယ်။

Q . နည်းပညာနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့လူငယ်တွေကို အစ်ကိုအနေနဲ့အကြံညာဏ်လေး ပြောပေးပါလား။
အခုအချိန်က လေ့လာရတာ လည်းခက်တယ်။ စီးပွားရေးလုပ်ရတာလည်းခက်တယ်။ ရောင်းမယ်ပဲဖြစ်ဖြစ် ဝယ်မယ်ပဲဖြစ်ဖြစ် ခက်တယ်။ ဒါပေမယ့်  အဲဒါကိုခက်လို့ ဆိုပြီးမလုပ်ဘူး ဆိုရင် အဲဒါတွေလွယ်လွယ်ရတဲ့အချိန်ကျရင် သူများနိုင်ငံကလာတဲ့ service တွေပဲသုံးရလိမ့်မယ်။ သူများနိုင်ငံကလာပြီး ကိုယ်နိုင်ငံမှာစီးပွားလာလုပ် ကျလိမ့်မယ်။ အဲဒီအခါကျရင် ဟိုအရင်ကလူကြီင်္းတွေပြောတဲ့အတိုင်းပဲ ဆေးရုံကြီးတွေဘယ်လောက်ဆောက်ဆောက်၊
ကျောင်းတွေ ဘယ်လောက်လာဆောက်ဆောက်  ဆရာလုပ်နိုင်တဲ့သူမရှိရင် သန့်ရှင်းရေးတို့၊ တံခါးစောင့်တို့ပဲဖြစ်မှာ။ အဲလိုမျိုးပဲ development တွေအနေနဲ့ Government Project တွေလုပ်ပေးနိုင်တဲ့သူတွေ ဒါမှမဟုတ် Bussiness နဲ့ပတ်သက်တဲ့ Payment ၊ e-commerce တွေနဲ့ပတ်သက်တဲ့ Project တွေလုပ်နိုင်တဲ့ သူတွေအနေနဲ့ တောင့်ခံထားစေချင်တယ်။ ငါတို့တော့ ဒါတွေလုပ်လို့  စီးပွားမဖြစ်ဘူး။ နိုင်ငံခြားကိုလည်း မထိုးဖောက်နိုင်ဘူးဆိုပြီး စိတ်မလျှော့စေချင်ဘူး။ သူတို့တောင့်ခံထားမှ ဟိုဘက်က လိုတယ်ဆိုရင် သူတို့ဘက်က အဆင်သင့်ဖြစ်နေမှာပါ။

 

You may be interested

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
NEWS, Softwares & Application
0 shares0 views

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ

Creepy Tyler - Sep 25, 2018

နာမည်ကြီးလူမှုကွန်ရက် Instagram ကို စတင်ခဲ့တဲ့ Kevin Systrom နဲ့ Mike Krieger တို့ကတော့ သူတို့အနေနဲ့ ရာထူးနေရာတွေကနေ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Facebook နဲ့ အတူ အလုပ်တွဲလုပ်နေတဲ့ သူတို့နှစ်ယောက်ကတော့ CEO နဲ့ CTO…

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
47 shares14 views

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
261 shares73 views

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max

Ko Thuya - Sep 25, 2018

Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…

Most from this category