0 Shares 576 Views

YBS Info App ရေးဆွဲသူ လူငယ်ပရိုဂရမ်မာ မြတ်မင်းစိုး နဲ့ လိုတိုရှင်း

Jan 19, 2017
0 576

ရန်ကုန်တိုင်းဒေသကြီး အစိုးရ က ပြုပြင်ပြောင်းလဲလိုက်တဲ့ ယာဉ်လိုင်းကြောင်း စနစ်သစ် နဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ ရှိတဲ့ လူငယ်၊ လူရွယ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ App တွေ အများထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီအထဲကမှ YBS Info App ရေးဆွဲသူ လူငယ်ပရိုဂရမ်မာ မြတ်မင်းစိုး ပြောဖြစ်ခဲ့ကြတဲ့ လိုတိုရှင်း အမေး၊ အဖြေလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Q . ညီလေး အကြောင်းလေး နည်းနည်း လောက် မိတ်ဆက်ပေးပါဦး။

ကျွန်တော် က မြတ်မင်းစိုးပါ။ အလုပ်အကိုင် အနေနဲ့ကတော့ Prism Myanmar မှာ Senior Developer လုပ်ပါတယ်။ လုပ်ငန်းအတွေ့အကြုံ အနေနဲ့ က မိုဘိုင်းဖုန်းတွေပေါ်မှာ သုံးစွဲလို့ ရနိုင်မယ့် App တွေ ရေးဖြစ်တဲ့ Field မှာပေါ့ လေ .. 3 years အတွေ့အကြုံရှိပါတယ်။
Q. အခု ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ရဲ့ YBS app ကို ဘယ်လို တာဝန်ယူဖြစ်ခဲ့သလဲ။
အော် …ဒီလိုပါ။ ကျွန်တော် ရေးဆွဲခဲ့တဲ့ App က YBS ရဲ့ official app တော့မဟုတ်ပါဘူး။ Un-Official လို့လည်း ပေ့ခ်ျမှာ ရေးထားပါတယ်။ ဒါပေမယ့် YBS ကပေးတဲ့ data တွေကိုယူပြီး app လုပ်ထားတာပါ။ စိတ်ချ ယုံကြည်စွာ နဲ့ သုံးစွဲနိုင်ပါတယ်။
Q. အခု YBS စနစ်သစ် ရဲ့ အားနည်းချက် အကြောင်းလေး ပြောပေးပါလား။
အားနည်းချက် ကတော့ အများကြီးပဲ ပေါ့ အကိုရာ။ အခု စနစ် က အားလုံးအတွက် ၊ အားလုံးအတွက် ဆိုတဲ့နေရာမှာ အခု ကျွန်တော်တို့ အပါအ၀င် တော်တောများများအတွက် အသစ်ဖြစ်နေတော့ ကားအသစ်မဟုတ်တောင်မှ ကားအစီးရေ အများအပြား လိုအပ်ပါတယ်။ နောက်ပြီး ယာဉ်လိုင်းတွေ အများကြီး လိုအပ်ချက်တွေ ရှိပါသေးတယ်။
Q. အခု YBS App တွေ ထုတ်ကြ၊ ရေးကြတယ်ပေါ့ ။ အဲဒီမှာ အားချင်းဆိုသလို ရေးလိုက်ရတဲ့အတွက် App ပရိုဂရမ် ရဲ့ အားနည်းချက်၊ အားသာချက် အကြောင်းလေးရော ပြောပြပေးပါလား။

App တွေရဲ့ အားနည်းချက်ကတော့ Data တွေ စုံစုံလင်လင်မရှိ။ routing လုပ်တဲ့နေရာမှာ အခက်အခဲရှိနေပါသေးတယ်။ App ရဲ့ အားသာချက် ကတော့

ဒီ App ကလေးတွေ ကို ဖုန်းထဲမှာ install လုပ်ထားမယ် ဆိုရင် ကိုယ်ကိုယ်တိုင်လည်း ခရီးသွားဖို့ လမ်းကြောင်းဆွဲနိုင်သလို နောက်ပိုင်းမှာ သူများကိုလည်း ပြန်လည် ကူညီပေးနိုင်ပါလိမ့်မယ်။ အဓိကကတော့ လိုရာခရီး ကို ချောချောမွေ့မွေ့ရောက်သွားတယ် ဆိုရင် ကျွန်တော်တို့ ရေးဆွဲးပေးတဲ့ ပရိုဂရမ်မာသမား တိုင်း ကျေနပ်ကြမှာပါ။ နောက်ပိုင်းမှာလည်း ကျွန်ေတာ်ပဲ ဖြစ်ဖြစ်၊ တခြား ပရိုဂရမ်မာတွေ ပဲ ဖြစ်ဖြစ် Update တွေ ထုတ်ပေးကြမှာပါ။ အဲဒီမှာ တဖြည်းဖြည်း နဲ့ စိတ်ကျေနပ်မှု ရလာကြမှာပါ။ အခုလည်း Data အသစ်တွေ ထပ်ပေါင်းထည့်နေပါတယ်။ ဘတ်စ်ကားစီးသူပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် အကြံပြုချက်တွေ ပေးပို့ချင်ရင် dev.myatminsoe@gmail.com ကို အီးမေးလ် ပေးပို့ အကြံပြုပေးနိုင်ပါတယ်။
Q. YBS စနစ်သစ် ရဲ့ အားနည်းချက် ၊ အားသာချက်ကလေးလည်း သိသလောက် ရှင်းပြပေးပါဦး။
YBS စနစ်သစ် ရဲ့ အားနည်းချက်ကတော့ အပြိုင်အဆိုင် လျော့နည်းသွားတာပါပဲ။ ဒါပေမယ့် ရှိသင့်တဲ့ ကားစီးရေ ကို လျော့ချပေးနိုင်ခဲ့တဲ့ အတွက် လမ်းပေါ်မှာ လမ်းကြောင်းတွေ ရှင်းသွားပြီး နောက်ပိုင်းမှာ ပိုပြီး လွယ်ကူချောမွေ့လာပါလိမ့်မယ်။

Q. Digitaltimes ကို ရော ဘယ်လို မြင်ပါသလဲ။

အကြမ်းဖျင်းပြောရရင် ကောင်းပါတယ်။ Amp link ရရင်ပိုကောင်းပါတယ်။

 

You may be interested

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
NEWS, Softwares & Application
0 shares0 views

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ

Creepy Tyler - Sep 25, 2018

နာမည်ကြီးလူမှုကွန်ရက် Instagram ကို စတင်ခဲ့တဲ့ Kevin Systrom နဲ့ Mike Krieger တို့ကတော့ သူတို့အနေနဲ့ ရာထူးနေရာတွေကနေ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Facebook နဲ့ အတူ အလုပ်တွဲလုပ်နေတဲ့ သူတို့နှစ်ယောက်ကတော့ CEO နဲ့ CTO…

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
47 shares14 views

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
261 shares73 views

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max

Ko Thuya - Sep 25, 2018

Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…

Most from this category