0 Shares 175 Views

Android ဗားရှင်းအပြင်၊ Windows 10 စနစ်နဲ့ပါ သီးခြားထွက်ရှိလာဖွယ်ရှိတဲ့ Xiaomi Mi 5

Feb 03, 2016
0 175

နောက်ဆုံးရရှိတဲ့သတင်းတွေအရ၊ Xiaomi ဟာ မကြာခင်ထွက်ရှိတော့မယ့် Mi 5 ဖုန်းကို Windows 10 မိုဘိုင်းစနစ်နဲ့ပါ သီးခြားထုတ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

Windows 10 စနစ်သုံး Mi 5 ဟာ Android Mi 5 လိုပဲ အသေးစိတ်အချက်အလက်တွေ တူညီမှာဖြစ်တယ်လို့ လည်း သိရပါတယ်။ Xiaomi နဲ့ Microsoft ကုမ္ပဏီတို့အကြားမှာလည်း အရင်ကလက်တွဲလုပ်ဆောင်ခဲ့တဲ့သမိုင်းကြောင်းတွေရှိနေတာကြောင့် ယခုသတင်းတွေဟာ အမှန်ဖြစ်လာဖို့များပါတယ်။

အမေရိကန်အခြေစိုက်နည်းပညာကုမ္ပဏီ Microsoft ဟာ၂၀၁၅ ခုနှစ်မှာ Xiaomi နဲ့ပူးပေါင်းကာ Xiaomi Mi 4 အတွက် Windows 10 ROM ထုတ်ပေးခဲ့သလို၊ Xiaomi ကလည်း Windows 10 စနစ်သုံး Mi Pad 2 ဗားရှင်းတစ်မျိုးကို ထုတ်ပေးခဲ့ပါတယ်။

Xiaomi အနေနဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ၂၀၁၆ ကမ္ဘာ့မိုဘိုင်းဖုန်းညီလာခံ ကုန်စည်ပြပွဲမှာ Mi 5 စမတ်ဖုန်းကို မိတ်ဆက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Mi 5 မှာ နောက်ဆုံးပေါ် Qualcomm Snapdragon 820 ပရိုဆက်ဆာ အသုံးပြုသွားမှာဖြစ်တယ်လို့ ကုမ္ပဏီကအတည်ပြုပြောကြားထားပါတယ်။ အတည်မပြုရသေးတဲ့ နောက်ထပ်သတင်းတွေအရ ၅.၂ လက်မအရွယ်မျက်နှာပြင်ရှိတဲ့ Mi 5 ဖုန်းဟာ RAM 3GB ၊ internal storage 32 GB ဗားရှင်းတစ်မျိုးနဲ့ RAM 4GB ၊ storage 64 GB ဗားရှင်းတစ်မျိုးဆိုပြီး နှစ်မျိုးထွက်ရှိဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့တတိယမြောက်အကြီးဆုံးမိုဘိုင်းဖုန်းထုတ်လုပ်သူကုမ္ပဏီဖြစ်လာတဲ့ Xiaomi ဟာ Apple ရဲ့ 3D Touch ဖိအားသိနည်းပညာသုံး touchscren နဲ့ ဆင်တူတဲ့၊ pressure-sensitive touchscreen တစ်မျိုးကို Mi 5 မှာ ထည့်သုံးသွားဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Ref: Gadgets 360

 

 

You may be interested

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera
Camera, NEWS
211 shares26 views

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera

Ko Thuya - Nov 22, 2017

Casio က အကြမ်းခံတဲ့ Action Camera အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ကင်မရာဟာ ကုမ္ပဏီရဲ့ နာမည်ကျော် G-Shock Brand နဲ့ ပုံသဏ္ဍာန် ဆင်တူပါတယ်။ သူ့ရဲ့ အမည်ကတော့ G’z Eye GZE-1 ဖြစ်ပြီး အဲဒီအမည်ဟာ Casio…

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်
Android, FEATURES, HUBS
258 shares78 views

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်

Ko Thuya - Nov 22, 2017

OnePlus က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် 5T စမတ်ဖုန်းကို မိတ်ဆက်ပြီး တစ်ပတ်အကြာမှာပဲ အချို့နိုင်ငံများမှာ ရောင်းချပေးလိုက်ပါပြီ။ သူ့ရဲ့ နာမည်ကျော် OnePlus 5 ကို ရောင်းချအပြီး ငါးလအကြာမှာ 5T ကို ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ OnePlus ဟာ…

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ
NEWS, Softwares & Application
352 shares576 views

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ

Nwe Oo - Nov 22, 2017

အရင်က Facebook Messenger မှာ ပုံတွေပို့လိုက်တယ်ဆိုရင် ပုံတွေရဲ့ဖိုင်ဆိုဒ်ပမာဏကို ချုံ့ပြီးမှပို့တာကြောင့် မူလ resolution အတိုင်းမရဘဲ ဝါးသွားတာမျိုးတွေရှိပါတယ်။ အခုတော့ Facebook Messenger မှာ ပို့လိုက်တဲ့ resolution အတိုင်း ရနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုကွာသွားသလဲဆိုတာကို ပုံလေးတွေမှာကြည့်လိုက်ရအောင် အရင်တုန်းက Facebook…

Most from this category